လစ်ဗျား စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဟာ မြို့တော် ထရီပိုလီ အရှေ့ဘက် မိုင် ၂၅၀ လောက်မှာ ရှိတဲ့ သူ့ရဲ့ မွေးရပ်မြေ ဆီးရတ် (Sirte) မြို့ကို ရောက်ရှိနေစဉ်မှာ သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ လစ်ဗျား အရာရှိတွေက ပြောပါတယ်။
စက်မှု ဒု ဝန်ကြီး al-Droui ဟာ ဆီးရတ် မြို့လည်က ဈေးတခုအနီးမှာ စနေနေ့ ညနေခင်း ဝတ်ပြု ဆုတောင်းအပြီး အသတ်ခံရတာ ဖြစ်တယ်လို့ Libya Herald က ဖော်ပြပါတယ်။ ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဘယ်သူကမှတော့ သူတို့ လက်ချက် ဖြစ်တယ်ဆိုတာကို ထုတ်ဖော် မပြောဆိုကြပါဘူး။
လစ်ဗျားနိုင်ငံမှာ ဗိုလ်မှူးကြီး မိုမာဂဒါဖီ အစိုးရ ပြိုလဲခဲ့ပြီးချိန်ကတည်းက လစ်ဗျားနိုင်ငံမှာ ထိပ်တန်း စစ်တပ်နဲ့ လုံခြုံရေး အရာရှိတွေကို ပစ်မှတ်ထား လုပ်ကြံမှုတွေ အပါအဝင် ဆိုးဆိုးဝါးဝါး အကြမ်းဖက်မှုတွေ ပေါ်ပေါက်နေတာလည်း ဖြစ်ပါတယ်ရှင်။