(Zawgyi / Unicode)
ကြယ္လြန္သူ လစ္ဗ်ားအာဏာရွင္ေဟာင္း Moammar Gadhafi ရဲ႕ သားျဖစ္သူ အသက္ ၄၉ ႏွစ္အရြယ္ Saif al-Islam al-Gadhafi ဟာ လစ္ဗ်ားမွာ ဒီဇင္ဘာလ က်င္းပမယ့္ သမၼတေရြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ဖို႔ တနဂၤေႏြေန႔မွာ မွတ္ပံုတင္လိုက္ပါၿပီ။
ဆယ္ႏွစ္နီးပါး လူျမင္ကြင္းမွာ ေပ်ာက္ေနတဲ့ Saif က သူ႔ဖခင္ ျဖဳတ္ခ်ခံခဲ့ရတဲ့ေနာက္ ႏွစ္ေပါင္းမ်ားစြာ ပရမ္းပတာျဖစ္ေနတဲ့ လစ္ဗ်ားမွာ သမၼတအျဖစ္ ဝင္ေရာက္အေရြးခံဖို႔ ႏိုင္ငံေတာင္ပိုင္း Sebha ၿမိဳ႕က ေရြးေကာက္ပြဲစင္တာကို လာေရာက္ၿပီး စာရင္းသြင္းခဲ့တာကို ေရြးေကာက္ပြဲေကာ္မရွင္ရဲ႕ ဗီြဒီယိုမွာ ေတြ႔ရပါတယ္။
လစ္ဗ်ားသမၼတ ေရြးေကာက္ပြဲအတြက္ Saif Gadhafi အျပင္ လစ္ဗ်ားအေရွ႕ပိုင္းေဒသ တပ္မွဴးႀကီး Khalifa Haftar၊ ဝန္ႀကီးခ်ဳပ္ Abdulhamid al-Dbeibah နဲ႔ လႊတ္ေတာ္ဥကၠ႒ Aguila Saleh တို႔လည္း ပါဝင္ယွဥ္ၿပိဳင္ၾကမွာျဖစ္ၿပီး သူတို႔ေတြထဲမွာ Saif ကေတာ့ ႏိုင္ငံတကာနဲ႔ ပိုအကၽြမ္းဝင္သူ ျဖစ္ပါတယ္။
လစ္ဗ်ားမွာ ၂၀၁၁ ခုႏွစ္က NATO မဟာမိတ္တပ္ေတြ ေက်ာေထာက္ေနာက္ခံေပးတဲ့ လူထုအံုႂကြမႈကေန Gadahfi မိသားစု က်ဆံုးသြားခ်ိန္ကစၿပီး Saif ကို ေပၚေပၚထင္ထင္ မေတြ႔ရေပမယ့္ သူဟာ သူ႔ဖခင္လက္ထက္က ႏုိင္ငံ့မူဝါဒေရးရာအတြက္ အဓိက က႑ကေန လႈပ္ရွားခဲ့သူတဦး ျဖစ္ပါတယ္။
အခုလို သမၼတအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ သူ တရားဝင္မွတ္ပံုတင္ခဲ့ေပမယ့္ လစ္ဗ်ားက ညီၫြတ္မႈမရွိတဲ့ အဖြဲ႔မ်ိဳးစံုၾကား ဒီေရြးေကာက္ပြဲဆိုင္ရာ ဥပေဒေတြဟာ အခုထိ အျငင္းပြားဆဲ ျဖစ္တဲ့အတြက္ တခ်ိဳ႕ျပည္နယ္ေတြက သူ႔ကို သမၼတေလာင္းအျဖစ္ လက္မခံမႈေတြ ေမးခြန္းထုတ္မႈေတြ ရွိလာႏိုင္ပါတယ္။
ႏုိင္ငံေရးအကဲခတ္ေတြကေတာ့ သူဟာ လူထုမႏွစ္သက္တဲ့ သူ႔ဖခင္လက္ထက္မွာ တာဝန္ထမ္းေဆာင္ခဲ့သူ ျဖစ္တာေၾကာင့္ လူထုလက္ခံႏိုင္ေျခ သိပ္မရွိဘူးလို႔လည္း သံုးသပ္ၾကပါတယ္။
---------------------
(Unicode)
အာဏာရှင် Gadhafi သား Saif al-Islam လစ်ဗျား သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်
ကွယ်လွန်သူ လစ်ဗျားအာဏာရှင်ဟောင်း Moammar Gadhafi ရဲ့ သားဖြစ်သူ အသက် ၄၉ နှစ်အရွယ် Saif al-Islam al-Gadhafi ဟာ လစ်ဗျားမှာ ဒီဇင်ဘာလ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ တနင်္ဂနွေနေ့မှာ မှတ်ပုံတင်လိုက်ပါပြီ။
ဆယ်နှစ်နီးပါး လူမြင်ကွင်းမှာ ပျောက်နေတဲ့ Saif က သူ့ဖခင် ဖြုတ်ချခံခဲ့ရတဲ့နောက် နှစ်ပေါင်းများစွာ ပရမ်းပတာဖြစ်နေတဲ့ လစ်ဗျားမှာ သမ္မတအဖြစ် ဝင်ရောက်အရွေးခံဖို့ နိုင်ငံတောင်ပိုင်း Sebha မြို့က ရွေးကောက်ပွဲစင်တာကို လာရောက်ပြီး စာရင်းသွင်းခဲ့တာကို ရွေးကောက်ပွဲကော်မရှင်ရဲ့ ဗွီဒီယိုမှာ တွေ့ရပါတယ်။
လစ်ဗျားသမ္မတ ရွေးကောက်ပွဲအတွက် Saif Gadhafi အပြင် လစ်ဗျားအရှေ့ပိုင်းဒေသ တပ်မှူးကြီး Khalifa Haftar၊ ဝန်ကြီးချုပ် Abdulhamid al-Dbeibah နဲ့ လွှတ်တော်ဥက္ကဋ္ဌ Aguila Saleh တို့လည်း ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး သူတို့တွေထဲမှာ Saif ကတော့ နိုင်ငံတကာနဲ့ ပိုအကျွမ်းဝင်သူ ဖြစ်ပါတယ်။
လစ်ဗျားမှာ ၂၀၁၁ ခုနှစ်က NATO မဟာမိတ်တပ်တွေ ကျောထောက်နောက်ခံပေးတဲ့ လူထုအုံကြွမှုကနေ Gadahfi မိသားစု ကျဆုံးသွားချိန်ကစပြီး Saif ကို ပေါ်ပေါ်ထင်ထင် မတွေ့ရပေမယ့် သူဟာ သူ့ဖခင်လက်ထက်က နိုင်ငံ့မူဝါဒရေးရာအတွက် အဓိက ကဏ္ဍကနေ လှုပ်ရှားခဲ့သူတဦး ဖြစ်ပါတယ်။
အခုလို သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ သူ တရားဝင်မှတ်ပုံတင်ခဲ့ပေမယ့် လစ်ဗျားက ညီညွတ်မှုမရှိတဲ့ အဖွဲ့မျိုးစုံကြား ဒီရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ အခုထိ အငြင်းပွားဆဲ ဖြစ်တဲ့အတွက် တချို့ပြည်နယ်တွေက သူ့ကို သမ္မတလောင်းအဖြစ် လက်မခံမှုတွေ မေးခွန်းထုတ်မှုတွေ ရှိလာနိုင်ပါတယ်။
နိုင်ငံရေးအကဲခတ်တွေကတော့ သူဟာ လူထုမနှစ်သက်တဲ့ သူ့ဖခင်လက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်တာကြောင့် လူထုလက်ခံနိုင်ခြေ သိပ်မရှိဘူးလို့လည်း သုံးသပ်ကြပါတယ်။