သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကဒါဖီ ခြိမ်းခြောက်မှုကြောင့် ထရီပိုလီမြို့တော် ခြောက်ကပ်


ကဒါဖီ ခြိမ်းခြောက်မှုကြောင့် ထရီပိုလီမြို့တော် ခြောက်ကပ်
ကဒါဖီ ခြိမ်းခြောက်မှုကြောင့် ထရီပိုလီမြို့တော် ခြောက်ကပ်

လစ်ဗျားနိုင်ငံ ခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) က သူ့ကို ထောက်ခံသူတွေ အနေနဲ့ အစိုးရဆန့်ကျင် ဆန္ဒပြသူတွေကို တိုက်ခိုက်ဖို့ တိုက်တွန်းအပြီး နောက်တနေ့ဖြစ်တဲ့ ဒီကနေ့မှာတော့ မြို့ခံတွေ နေအိမ်တွေက မထွက်ရဲကြတဲ့အတွက် ထရီပိုလီ မြို့တော်တဝန်း ခြောက်ကပ်နေတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

လစ်ဗျားခေါင်းဆောင်ကို သစ္စာခံသူ လက်နက်ကိုင်တွေနဲ့ အာဖရိကနိုင်ငံက ကြေးစားတပ်တွေက လူစုလူဝေးတွေကို ခြိမ်းခြောက်တာတွေ၊ ပစ်ခတ်တာတွေလည်း ရှိခဲ့တဲ့အကြောင်း သတင်းတွေမှာ ဖော်ပြကြတာပါ။

အရင်တပတ်က စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားချိန်ကစလို့ ပထမဆုံးအကြိမ်အဖြစ် ရုပ်မြင်သံကြားက မိန့်ခွန်းပြောရာမှာတော့ လစ်ဗျားခေါင်းဆောင်က အာဏာကို ဆက်လက် ဆုပ်ကိုင်ထားမယ့်အကြောင်း ပြောဆိုခဲ့တာ ဖြစ်သလို ဆန္ဒပြသမားတွေကို ရာဇဝတ်ဂိုဏ်းသားတွေ၊ အကြမ်းဖက်သမားတွေအဖြစ် ရည်ညွှန်းပြောဆိုပြီး တိုက်ခိုက်ကြဖို့ သူ့ကို ထောက်ခံသူတွေကို တိုက်တွန်းခဲ့ပါတယ်။

လစ်ဗျားနိုင်ငံကို ဆန့်ကျင်ပြီး လက်နက်ကိုင်သူတွေနဲ့ နှောင့်ယှက်ဖျက်ဆီးဖို့ ကြိုးပမ်းသူတွေကို သတ်ပစ်မယ် ဆိုပြီးတော့လည်း ခြိမ်းခြောက်ခဲ့တာပါ။

ဒါပေမဲ့လည်း တိုင်းပြည်ရဲ့ အရှေ့ပိုင်းဒေသ ထက်ဝက်လောက်ကို ဆန္ဒပြသူတွေဘက် ပူးပေါင်းသွားတဲ့ စစ်တပ်နဲ့ ဆန္ဒပြသူတွေလက်ထဲ လက်လွတ်ဆုံးရှုံးနေတဲ့ လက္ခဏာတွေကိုလည်း တွေ့မြင်နေရပါတယ်။

အရှေ့ပိုင်းမြို့တွေဖြစ်တဲ့ ဘန်ဂါဇီ (Benghazi) နဲ့ တိုးဘရွတ်ခ် (Tobruk) မြို့တွေမှာ ဒေသခံတွေက ထိန်းချုပ်လိုက်ပြီး ကဒါဖီရဲ့ တပ်တွေကို အနိုင်ယူလိုက်နိုင်ပြီ ဖြစ်တဲ့အကြောင်း မျက်မြင်တွေ့သူတွေက ပြောပါတယ်။

XS
SM
MD
LG