သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ကွက် ဆန္ဒပြမှုတွေအတွက် အယ်လ်ကိုင်းဒါးကို ကဒါဖီ အပြစ်တင်


ကန့်ကွက် ဆန္ဒပြမှုတွေအတွက် အယ်လ်ကိုင်းဒါးကို ကဒါဖီ အပြစ်တင်
ကန့်ကွက် ဆန္ဒပြမှုတွေအတွက် အယ်လ်ကိုင်းဒါးကို ကဒါဖီ အပြစ်တင်

လစ်ဗျားနိုင်ငံက အစိုးရဆန့်ကျင် ဆန္ဒပြမှုတွေဟာ အိုစမာ ဘင်လာဒင် (Osama bin Laden) နဲ့ အယ်လ်ကိုင်းဒါး အကြမ်းဖက်သမားတွေကြောင့်လို့ လစ်ဗျားသမ္မတ မိုမာ ကဒါဖီ (Moammar Gadhafi) က အပြစ်တင်လိုက်ပါတယ်။

နိုင်ငံထဲမှာ မငြိမ်သက်မှုတွေ ဖြစ်အောင်လို့ အယ်လ်ကိုင်းဒါး အင်အားစုတွေက လစ်ဗျားလူငယ်တွေကို မူးယစ်ဆေးဝါးတွေ ကျွေးပြီးတော့ လှုံ့ဆော်ခိုင်းတာ ဖြစ်တယ်လို့ ဒီနေ့ ကြာသပတေးနေ့မှာ အစိုးရ ရုပ်သံကတဆင့် တယ်လီဖုန်းနဲ့ ပြောကြားတဲ့ မိန့်ခွန်းထဲမှာ သမ္မတ ကဒါဖီက ပြောကြားသွားပါတယ်။

ဦးနှောက်ရှိတဲ့သူ ဆိုရင်တော့ ဆန္ဒပြပွဲတွေမှာ ပါမှာမဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။ မိဘတွေ အနေနဲ့ ကိုယ့်ရဲ့ကလေးတွေ အိမ်ပြင်မထွက်အောင် ထိန်းကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

သူ့ကို သစ္စာခံသူတွေနဲ့ ဆင်းပေးဖို့ တောင်းဆိုနေကြသူတွေ ကြားမှာ အဓိကရုဏ်းတွေ နောက်ထပ် ဖြစ်နေချိန်မှာ သမ္မတ ကဒါဖီက အခုလို မိန့်ခွန်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ထရီပိုလီ (Tripoli) မြို့တော် အရှေ့ဘက် မိုင် ၁၂၀ ကျော်မှာရှိတဲ့ မီစ်ထရာတာ (Misrata) မြို့မှာ ပဋိပက္ခတွေ ဖြစ်ခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

သူဆင်းသွားဖို့ တောင်းဆိုသူတွေနဲ့ သူ့အပေါ် သစ္စာခံသူတွေကြား ပဋိပက္ခ ဖြစ်ခဲ့တဲ့ နိုင်ငံရဲ့ တတိယ အကြီးဆုံးမြို့မှာ အစိုးရ ဆန့်ကျင်သူတွေက သူတို့ ချုပ်ကိုင်ထားနိုင်ပြီလို့ ဗုဒ္ဓဟူးနေ့က ပြောခဲ့ကြတာပါ။ ထရီပိုလီမြို့တော် အနောက်ဘက်မှာရှိတဲ့ ဇာဝီယာမြို့မှာလည်း နောက်ထပ် အဓိကရုဏ်းတွေ ဖြစ်ခဲ့ပါတယ်။

နိုင်ငံရဲ့ အရှေ့ဘက်မှာရှိတဲ့ အဓိက မြို့တွေမှာ အစိုးရ ဆန့်ကျင်သူတွေက ထိန်းချုပ်လိုက်နိုင်ပြီလို့ ကြေညာခဲ့ကြပြီး မြို့တော်ကို လွတ်မြောက်အောင် လုပ်ပေးမယ်လို့ ကတိပြုထားကြပါတယ်။

XS
SM
MD
LG