သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားမှာ ရှိနေဆဲဟု ဂဒါဖီကြေညာ


လစ်ဗျားမှာ ရှိနေဆဲဟု ဂဒါဖီကြေညာ
လစ်ဗျားမှာ ရှိနေဆဲဟု ဂဒါဖီကြေညာ

ရာထူးက ဖြုတ်ချခံခဲ့ရတဲ့ လစ်ဗျားခေါင်းဆောင် မွမ်မာ ဂဒါဖီ (Moammar Gadhafi) ရဲ့ အသံသွင်း ပြောကြားချက်လို့ ဆိုတဲ့ ပြောကြားသံကို ဆီးရီးယား ရုပ်မြင်သံကြားက ထုတ်လွှင့်ပေးခဲ့ပါတယ်။ အဲဒီ ပြောကြားချက်ထဲမှာ သူ လစ်ဗျားကနေ နီဂျား (Niger) နိုင်ငံထဲကို ထွက်ပြေး တိမ်းရှောင်သွားတယ်ဆိုတဲ့ ပြောဆိုချက်တွေအပေါ် ဝေဖန်ထားတယ်လို့ ဆိုပါတယ်။

အဲဒီလို ပြောဆိုမှုတွေဟာ လိမ်ညာပြောဆိုတာ ဖြစ်ပြီး လူတွေရဲ့ စိတ်ဓာတ်ပျက်ပြားအောင် ရည်ရွယ် လုပ်ဆောင်ခြင်းသာ ဖြစ်တယ်ဆိုပြီး သူဟာ လစ်ဗျားနိုင်ငံထဲမှာ ရှိသေးတယ်ဆိုပြီး အယ်လ်ရိုင်း (Al-Rai) ရုပ်မြင်သံကြားဌာနက ထုတ်လွှင့်တဲ့ အထဲမှာ ပြောဆိုထားတာပါ။

သူ့ရဲ့တပ်ဖွဲ့တွေဟာ နေတိုးတပ်ဖွဲ့တွေကို အနိုင်ယူပြီး ထရီပိုလီ (Tripoli) မှာ ရောက်နေကြတဲ့ အမျိုးသား အသွင်ကူးပြောင်းရေး တပ်ဖွဲ့တွေကိုပါ တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ ဂဒါဖီက ပြောထားပါတယ်။

လစ်ဗျားခေါင်းဆောင် ဂဒါဖီ တရားဥပဒေကို ရင်ဆိုင်မယ့် အရေးက ရှောင်ရှားပြီး နီဂျားနိုင်ငံထဲ ဝင်ရောက်လာမယ့် အရေးက ဟန့်တားပေးရေး နီဂျား အာဏာပိုင်တွေနဲ့ ဆွေးနွေးဖို့ အမျိုးသား အသွင်ကူးပြောင်းရေးကောင်စီ (NTC) က သူတို့ ကိုယ်စားလှယ်တွေကို နီဂျားနိုင်ငံထဲ လွှတ်ထားပါတယ်။

မစ္စတာ ဂဒါဖီ ဘယ်ရောက်နေတယ်ဆိုတာ အခုအချိန်မှာ ဘယ်သူမှ အတိအကျ မသိသေးပေမဲ့ နီဂျားနိုင်ငံကလည်း ဂဒါဖီ သူတို့နိုင်ငံထဲ ရောက်လာတယ်ဆိုတာ မဟုတ်မှန်ကြောင်း ငြင်းဆိုထားပါတယ်။

နီဂျားအာဏာပိုင်တွေ NTC ခေါင်းဆောင်တွေနဲ့ ညှိနှိုင်း ဆောင်ရွက်နေကြတာဖြစ်ပြီး သူတို့နိုင်ငံထဲ ဝင်လာတယ်ဆိုတဲ့ ယာဉ်တန်းကြီးဟာလည်း အပြင်မှာ ပြောဆိုနေကြတာတွေထက် အတော်လေး နည်းနေတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG