သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားကို စစ်ရေးအရ ကိုင်တွယ်နိုင်ရေး အမေရိကန် နေတိုးနဲ့ ဆွေးနွေး


လစ်ဗျားကို စစ်ရေးအရ ကိုင်တွယ်နိုင်ရေး အမေရိကန် နေတိုးနဲ့ ဆွေးနွေး
လစ်ဗျားကို စစ်ရေးအရ ကိုင်တွယ်နိုင်ရေး အမေရိကန် နေတိုးနဲ့ ဆွေးနွေး

လစ်ဗျားနိုင်ငံမှာ မိုမာ ကဒါဖီ (Moammar Gadhafi) အစိုးရက သူ့ပြည်သူတွေကို သတ်ဖြတ်နေမှုကို ရပ်တန့်ဖို့အတွက် ဖိအားပေးနိုင်ဖို့၊ လစ်ဗျား လေပိုင်နက်မှာ မပျံသန်းရ (No Fly Zone) သတ်မှတ်ဖို့ အပါအဝင် ဖြစ်နိုင်တဲ့ အရေးယူမှု နည်းလမ်းအားလုံးကို ကုလသမဂ္ဂက စဉ်းစား ဆွေးနွေးနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် စူစန် ရိုက်စ် (Susan Rice) က တနင်္လာနေ့က ပြောလိုက်ပါတယ်။

လစ်ဗျားခေါင်းဆောင်ကို စိတ်ဂယောင်ချောက်ချား ဖြစ်နေသူလို့ ခေါ်ဝေါ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ လစ်ဗျားအစိုးရရဲ့ ပိုင်ဆိုင်မှု ထိန်းချုပ်မှုနဲ့ လက်နက်ကန့်သတ်မှုတွေ ပါဝင်တဲ့ ကုလသမဂ္ဂရဲ့ ပိတ်ဆို့ အရေးယူမှု ဆောင်ရွက်ဖို့ ပြတ်ပြတ်သားသား ဆွေးနွေးပြီးပြီလို့ မစ်စ် ရိုက်စ်က ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လစ်ဗျားကိစ္စကို စစ်ရာဇဝတ်မှု ကျူးလွန်မှုအဖြစ် နိုင်ငံတကာ တရားရုံး (ICC) ကို တိုက်ရိုက် လွှဲပြောင်းပေးဖို့ တညီတညွတ်တည်း သဘောတူလိုက်ပြီလို့ မစ်စ် ရိုက်စ်က စနေနေ့က ပြောလိုက်ပါတယ်။

ပြင်းထန် ထိရောက်တဲ့ ပိတ်ဆို့ အရေးယူမှုတွေဟာ ကဒါဖီ အစိုးရ လက်ရှိရထားတဲ့ အခွင့်အရေးတွေကို နှစ်ခါပြန် စဉ်းစားနိုင်အောင် တွန်းအားပေးနိုင်လိမ့်မယ်လို့ ပြောပါတယ်။

လစ်ဗျားအစိုးရက သူ့ပြည်သူတွေအပေါ် ရက်ရက်စက်စက် နှိမ်နင်းမှုတွေကို ရပ်တန့်အောင် ဖြစ်နိုင်တဲ့ နည်းလမ်းတွေကို အမေရိကန် ပြည်ထောင်စုက ကြိုးစား ရှာဖွေနေဆဲမှာ ဖြစ်နိုင်တဲ့နည်း အားလုံးကို စဉ်းစားနေတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က တနင်္လာနေ့က ဂျနီဗာမှာ ပြောလိုက်ပါတယ်။

ဒီအတောအတွင်း သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) နဲ့ အိမ်ဖြူတော်မှာ တနင်္လာနေ့က တွေ့ဆုံပြီး လစ်ဗျားပြည်သူတွေအပေါ် အကြမ်းဖက်ကို ရပ်တန့်နိုင်ဖို့ လိုအပ်တဲ့ နိုင်ငံတကာ အရေးယူ ဆောင်ရွက်မှု ကိစ္စတွေအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

XS
SM
MD
LG