သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေတိုးလက်ချက် လစ်ဗျားအတိုက်အခံသေဆုံး


နေတိုးလက်ချက် လစ်ဗျားအတိုက်အခံသေဆုံး
နေတိုးလက်ချက် လစ်ဗျားအတိုက်အခံသေဆုံး

မနေ့က သောကြာနေ့ညဉ့်နက်ပိုင်းမှာ လစ်ဗျားနိုင်ငံမှာ Brega မြို့နဲ့ Ajdabiyah မြို့အကြား လမ်းပေါ်မှာ သွားနေတဲ့ အတိုက်အခံတပ်ဖွဲ့တွေရဲ့ ယာဉ် ၅ စီးက ကောင်းကင်မှာ ပျံသန်းနေတဲ့ ညွှန့်ပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်လေယာဉ်ကို လေယာဉ်ပစ် အမြှောက်တွေနဲ့ မှားယွင်းပစ်ခတ်ခဲ့ပါတယ်။ အဲဒီတိုက်လေယာဉ်ကလည်း အဲဒီယာဉ်တန်းကို ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာ အတိုက်အခံတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးသွားခဲ့ပါတယ်။

မြောက်အတ္တလန္တိတ်စစ်စာချုပ် နေတိုးအဖွဲ့က ဒီကိစ္စကို စုံစမ်းစစ်ဆေး အစီရင်ခံရာမှာတော့ ကောင်းကင်က သူတို့ရဲ့ တိုက်လေယာဉ်က အောက်ကနေ လေယာဉ်ပစ်အမြှောက်နဲ့ပစ်တာဟာ ကဒါဖီတပ်ဖွဲ့တွေရဲ့ လစ်ဗျားထုံးစံ အောင်ပွဲခံ ပစ်ခတ်တယ်လို့ မှတ်ယူပြီး ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အတိုက်အခံတွေဘက်က ကြေညာထားတဲ့ ကဒါဖီအစိုးရက စစ်ရေးနှိပ်ကွက်မှုတွေကို ရပ်ဆိုင်းပြီး အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေကို ခွင့်ပြုရင် အပစ်အခတ် ရပ်စဲမယ်ဆိုတဲ့ ကမ်းလှမ်းမှုဟာ ရူးနှမ်းနှမ်း ကမ်းလှမ်းချက် ဖြစ်တယ်လို့ ဗိုလ်မှူးကြီ်း ကဒါဖီအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ မူဆာ အီဘရာဟင် က ဒီကနေ့ပြောဆိုပြီး ပယ်ချလိုက်ပါတယ်။

ဆီးရီးယားနိုင်ငံ၊ ယေမင်နိုင်ငံ၊ အိုမာနိုင်ငံတွေမှာ အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့လို့ သေဆုံးမှုတွေ သောကြာနေ့ကရှိခဲ့ပါတယ်။ မနေ့က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့က လွတ်မြောက်ရေး ရင်ပြင်မှာတော့ ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေက သမ္မတဟောင်း မူဘာရက်အစိုးရရဲ့ ခေါင်းဆောင်ဟောင်းတွေကို အကျင့်ပျက်လာဘ်စားမှုတွေနဲ့ တရားရုံးတင်စစ်ဆေးဖို့ တောင်းဆိုဆန္ဒပြ ခဲ့ကြပါတယ်။

XS
SM
MD
LG