သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားရုပ်သံကို နေတိုးတပ်များ တိုက်ခိုက်


လစ်ဗျားရုပ်သံကို နေတိုးတပ်များ တိုက်ခိုက်
လစ်ဗျားရုပ်သံကို နေတိုးတပ်များ တိုက်ခိုက်

လစ်ဗျားနိုင်ငံမြို့တော် ထရစ်ပိုလီမှာရှိတဲ့ ဂြိုလ်တုစလောင်း ၃ ခုကို ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ နေတိုး ခေါ် မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ကပြောပါတယ်။ လစ်ဗျားခေါင်းဆောင် မိုမာဂဒါဖီအနေနဲ့ ရုပ်မြင်သံကြားကို အသုံးပြုပြီး ပြည်သူလူထုကို ခြိမ်းခြောက်မှုမလုပ်နိုင်အောင် မြို့တော် ထရစ်ပိုလီမှာရှိတဲ့ ဂြိုလ်တုစလောင်း ၃ ခုကို ဗုံးကျဲတိုက်ခိုက်ခဲ့တာလို့ နေတိုးအဖွဲ့က ပြောဆိုပါတယ်။

မြေကြီးပေါ်မှာ စိုက်ထူထားတဲ့ ဂြိုလ်တုစလောင်းတွေကို သုံးလို့မရတော့အောင် တိုက်လေယာဉ်တွေက လေကြောင်းကနေ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း နေတိုးအဖွဲ့က စနေနေ့မှာ ပြောလိုက်တာပါ။ ဒါဟာ လိုအပ်ချက်ကြောင့် လုပ်ရတာဖြစ်တယ်၊ မစ္စတာ ဂဒါဖီက ရုပ်သံထုတ်လွှင့်မှုကို အသုံးချပြီး လစ်ဗျားလူထုကို သူ့ကိုဆန့်ကျင်ဖို့လှုံ့ဆော်နေသူတွေကို ခြိမ်းခြောက်တာတွေ လုပ်နေတယ်လို့ ဆိုပြီး ညွှန့်ပေါင်းအဖွဲ့ရဲ့ ပြောခွင့်ရသူ ကာနယ် ရိုလန်လပ်ဖ်ဗွိုင်း (Roland Lavoie) က ပြောပါတယ်။

ရိုက်တာသတင်းဌာနကတော့ အခုတိုက်ခိုက်မှု ပြုလုပ်ပြီးတဲ့နောက် လစ်ဗျားနိုင်ငံပိုင် ရုပ်သံဌာနက ဆက်ပြီးတော့ လွှင့်နေဆဲပဲလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့မတ်လကစပြီး နေတိုးအဖွဲ့က လစ်ဗျားကို လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်နေတာဖြစ်ပါတယ်။

XS
SM
MD
LG