သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားလေကြောင်းတာဝန် NATO အဆုံးသတ်တော့မည်

လစ်ဗျားလေကြောင်းတာဝန် NATO အဆုံးသတ်တော့မည်
လစ်ဗျားလေကြောင်းတာဝန် NATO အဆုံးသတ်တော့မည်

မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ NATO က လစ်ဗျားနိုင်ငံမှာ ၇ လကြာ စစ်ဆင်ရေးတွေ ဆင်နွှဲခဲ့တဲ့လုပ်ငန်းတွေ အဆုံးဖို့ ဆုံးဖြတ်လိုက်ပါပြီ။ NATO ဝန်ကြီးတွေရဲ့ ဒီကနေ့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့က အစည်းအဝေးပွဲ ကနေ လေကြောင်း စစ်ဆင်ရေးတွေ ရှေ့တပတ်မှာ အဆုံးသတ်မယ့်အကြောင်း အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သူ့ရဲ့တာဝန်တွေကို ပယ်ဖျက်လိုက်ပြီး နောက်တစ်နေ့ဖြစ်တဲ့ ဒီနေ့မှာပဲ NATO အဖွဲ့ဝန်ကြီးတွေ ဆွေးနွေး ဆုံးဖြတ်လိုက်ကြတာပါ။

လစ်ဗျားနိုင်ငံက လုပ်ငန်းတွေကို ဒီလ ၃၁ ရက်နေ့မှာ အဆုံးသတ်ဖို့ လွန်ခဲ့တဲ့ တစ်ပတ်လောက်မှာတုန်းက ကြိုတင်စီစဉ်ထားတာကို ဒီကနေ့ပဲ တရားဝင် မဲခွဲ ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။ ဒီတပတ်အစောပိုင်းမှာ တုန်းကတော့ လစ်ဗျားနိုင်ငံက အမျိုးသား အသွင်ကူးပြောင်းရေးကောင်စီ ခေါင်းဆောင်တွေက ဒီနှစ်ကုန်အထိ ဆက်လက် တာဝန်ယူသွားပေးဖို့ တောင်းဆိုထားပေမဲ့လည်း လုပ်ငန်းတွေ အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

NATO အဖွဲ့ရဲ့ အကြီးအကဲ Anders Fogh Rasmussen ကတော့ ပဋိပက္ခတွေ အဆုံးသတ်သွားပြီးတဲ့နောက် လစ်ဗျားနိုင်ငံမှာ သူတို့အဖွဲ့ရဲ့ အခန်းကဏ္ဍ ရှိတော့မယ်လို့မထင်တဲ့အကြောင်းလည်း မနေ့တုန်းကပဲ ပြောခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လစ်ဗျားနိုင်ငံက တောင်းဆိုလာမယ်ဆိုရင်တော့ လုံခြုံရေးနဲ့ ကာကွယ်ရေးလို ကိစ္စတွေမှာ အကူအညီပေးဖို့ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ဒီအတောအတွင်း တိုက်ပွဲတွေမှာ အပြင်းအထန် ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြတဲ့ စစ်သား ၃၀ ကို အမေရိကန်ကို စနေနေ့မှာ စတင်ပို့ဆောင် ဆေးကုသမှုပေးမယ်လို့ အမေရိကန် အစိုးရတာဝန်ရှိသူတွေက ကြေညာခဲ့ပါတယ်။

This item is part of
XS
SM
MD
LG