သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားမှာ နေတိုးတာဝန် မပြီးဆုံးသေး


လစ်ဗျားမှာ နေတိုးတာဝန် မပြီးဆုံးသေး
လစ်ဗျားမှာ နေတိုးတာဝန် မပြီးဆုံးသေး

လစ်ဗျားနိုင်ငံ ထရီပိုလီ (Tripoli) မြို့တော်မှာရှိတဲ့ လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi) ရဲ့ နေအိမ်ဝန်းနားမှာ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်ပွားနေတာမို့ နေတိုးရဲ့ လစ်ဗျားနိုင်ငံဆိုင်ရာ တာဝန်တွေဟာ မပြီးဆုံးသေးဘူးလို့ နေတိုး မဟာမိတ် တပ်ဖွဲ့က အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။

နေတိုးတပ်ဖွဲ့ ပြောခွင့်ရ အမျိုးသမီး အိုနာ လန်ဂက်စ်ကူ (Oana Lungescu) က ဘရပ်ဆဲလ် (Brussels) မှာ သတင်းထောက်တွေကို အခုလို ပြောကြားလိုက်တာပါ။

လစ်ဗျားနိုင်ငံမှာ အရပ်သားတွေ တိုက်ခိုက်ခံနေရမှုတွေ ရပ်ဆိုင်းသွားတဲ့အထိ၊ ခြိမ်းခြောက်မှုတွေ မရှိတော့တဲ့ အချိန်အထိ နေတိုးတပ်ဖွဲ့က ဆက်လက် တာဝန်ယူထားမှာဖြစ်ကြောင်း ပြောကြားပါတယ်။

နေတိုး မဟာမိတ်တပ်တွေ အနေနဲ့ မစ္စတာ ဂဒါဖီကို အထူးပစ်မှတ်ထား တိုက်ခိုက်တာမျိုး မဟုတ်ဘဲ လစ်ဗျား အရပ်သားတွေကို အကာအကွယ် ပေးနိုင်ဖို့ လိုအပ်တဲ့ ဘယ်တိုက်ခိုက်မှုမျိုးကိုမဆို လုပ်ဆောင်မယ်လို့ နေတိုးတပ်ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး ရိုလန် လဗွိုင်း (Roland Lavoie) က ပြောပါတယ်။

ပြင်းထန်တဲ့ တိုက်ပွဲတွေဟာ မစ္စတာ ဂဒါဖီရဲ့ ဘပ်ဘ် အယ်လ် အဇီဇီယား (Bab al-Aziziya) နေအိမ်ဝန်းနားမှာ အဓိက ဖြစ်ပွားနေတာပါ။

သူပုန်တွေက သူတို့ ထိန်းချုပ်နိုင်ပြီလို့ ကြေညာထားတဲ့နေရာ အတော်များများမှာ သေနတ်နဲ့ ပစ်ခတ်မှုတွေ၊ ပေါက်ကွဲသံတွေ ကြားနေရပါတယ်။

အင်္ဂါနေ့အထိ မစ္စတာ ဂဒါဖီတယောက် ဘယ်ရောက်နေတယ်ဆိုတာ မသိရသေးပါဘူး။ တချိန်တည်းမှာပဲ လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီရဲ့ အရိုက်အရာကို ဆက်ခံတယ်လို့ ယုံကြည်ထားကြတဲ့ မစ္စတာ ဂဒါဖီရဲ့သား ဆာအိဖ် အစ္စလမ် (Seif al-Islam) ကတော့ သူ့ဖခင်ရဲ့ အစိုးရဟာ မြို့ကို ထိန်းချုပ်ထားဆဲ ရှိပါသေးတယ်လို့ အင်္ဂါနေ့ အစောပိုင်းမှာပဲ ထရီပိုလီမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG