သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂဒါဖီသားတစ်ဦး နိုင်ဂျာမှာ ခိုလုံ


ဂဒါဖီသားတစ်ဦး နိုင်ဂျာမှာ ခိုလုံ
ဂဒါဖီသားတစ်ဦး နိုင်ဂျာမှာ ခိုလုံ

လစ်ဗျားမှာ ဝရမ်းပြေးအဖြစ် ကြေညာခံထားရသူ၊ ကွယ်လွန်သူ လစ်ဗျားခေါင်းဆောင်ဟောင်း ဗိုလ်မှူးကြီး မိုမာဂဒါဖီရဲ့ သားတစ်ဦးဖြစ်သူ ဆာအာဒီ ဂဒါဖီ (Saadi Gadhafi) ကို အာဖရိကတိုက်၊ နိုင်ဂျာ (Niger) နိုင်ငံမှာ လူသားချင်း စာနာထောက်ထားမှုအရ နိုင်ငံရေးခိုလှုံခွင့်ပေးမယ်လို့ နိုင်ဂျာသမ္မတ မဟာမဒူ အစ်ဆိုဖူ (Mahamadou Issoufou) က ဒီကနေ့ ကြေညာလိုက်ပါတယ်။

ဆာအာဒီ ဂဒါဖီဟာ လစ်ဗျားရဲ့ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဖြစ်ပြီး သူကျူးလွန်ထားတဲ့ ပြစ်မှုတွေအတွက် တရားရုံးက အလိုရှိနေတယ်လို့ လစ်ဗျားရဲ့ကြားဖြတ်အစိုးရ အမျိုးသားအသွင်ကူးပြောင်းရေး ကောင်စီ (NTC) က ကြေညာထားပါတယ်။ ဆာအာဒီ ဂဒါဖီရဲ့ အစ်ကိုဖြစ်သူ ဆာအိ အယ်လ်အစ္စလာမ် (Seif al-Islam) ကိုလည်း ဖခင် ဂဒါဖီ အာဏာရနေစဉ်က ဆန္ဒပြသူတွေကို နှိမ်နင်းရာမှာ လူသားမျိုးနွယ်ကို စော်ကားကျူးလွန်မှုတွေနဲ့ နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံး (ICC) က ဖမ်းဝရမ်း ထုတ်ထားပါတယ်။

ဆာအိ အယ်လ်အစ္စလာမ်ကတော့ နိုင်ဂျာ နိုင်ငံမှာမရှိဘဲ အကယ်၍ ဆာအိအနေနဲ့ နိုင်ဂျာကို ရောက်လာခဲ့ရင် ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာကို မဆုံးဖြတ်ရသေးဘူးလို့ နိုင်ဂျာသမ္မတ အစ်ဆိုဖူက ပြောကြားလိုက်ပါတယ်။

အီးယူဥရောပသမဂ္ဂရဲ့ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ ကတ်သရင်း အရှ်တွန်(Catherine Ashton) ဟာ တရားဝင် အီးယူ ကိုယ်စားလှယ် ရုံးသစ်ဖွင့်ပွဲအတွက် စနေနေ့က လစ်ဗျားကို သွားရောက်ခဲ့ပါတယ်။ ဒီဖွင့်ပွဲအခမ်းအနားမှာပြောခဲ့တဲ့ သူ့ရဲ့ကြေညာချက်ထဲမှာ အီးယူအနေနဲ့ လစ်ဗျား အစိုးရနဲ့ နီးနီးကပ်ကပ် ဆက်ပြီးဆက်ဆံသွားဖို့ သန္နိဌာန်ချထားကြောင်းကို အရှ်တွန်က အဓိကထောက်ပြ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG