ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းဟာ လစ်ဗျားနိုင်ငံ ထရီပိုလီ မြို့တော်ကို ကြိုတင်ကြေညာခြင်းမရှိဘဲ သွားရောက်ခဲ့ပါတယ်။
အာဏာရှင် ခေါင်းဆောင်ဟောင်း မိုမာကဒါဖီကို ဖြုတ်ချနိုင်ခဲ့တဲ့ လူထုအုံကြွမှုစတင်ခဲ့ထဲကဆိုရင် သူ့ရဲ့ ပထမဆုံး လစ်ဗျားခရီးစဉ်အဖြစ်နဲ့ ဖြစ်ပါတယ်၊ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ရောက်သွားတာဖြစ်ပါတယ်။
နေ့ချင်းပြန်ခရီးစဉ်အတွင်း ယာယီအစိုးရ NTC အမျိုးသား အသွင်ကူးပြောင်းရေး ကောင်စီဝင်တွေ၊ လူထုအခြေပြု အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ အတွင်းရေးမှုးချုပ်ရုံးက ပြောပါတယ်။
လစ်ဗျားယာယီဝန်ကြီးချုပ်အဖြစ် Mr. Abdurrahim el-Keib ကို NTC က တနင်္လာနေ့က ရွေးချယ်ခဲ့ပါတယ်၊ ယာယီအစိုးအနေနဲ့ လူ့အခွင့်အရေးကို လေးစားရေးကို အဓိကဦးစားပေးလုပ်ပြီး ရှေ့နှစ်မှာ ပထမဆုံးအကြိမ် လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်မယ်လို့ အမေရိကန်မှာ ဘွဲ့ရခဲ့တဲ့ အင်ဂျင်နီယာ ပါမောက္ခ ဝန်ကြီးချုပ်သစ်က ပြောပါတယ်။
၈ လကြာတဲ့ လူထုအုံကြွမှုတွေအတွင်း ကဒါဖီလိုလားတဲ့ လက်နက်ကိုင်တွေနဲ့ အာဖရိကက ရွှေ့ပြောင်း
အခြေ ချလာသူတွေ အပေါ် NTC ရဲ့ ပြုမှုဆက်ဆံမှုအပေါ် စိုးရီမ်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ဖေါ်ပြ ပြောဆိုခဲ့ကြပါတယ်။