သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျား NTC တပ်တွေ ဆာ့တ် မြို့လယ်ခေါင် သိမ်းပိုက်


လစ်ဗျား NTC တပ်တွေ ဆာ့တ် မြို့လယ်ခေါင် သိမ်းပိုက်

လစ်ဗျားကြားဖြတ်အစိုးရ တပ်ဖွဲ့တွေအနေနဲ့ ခေါင်းဆောင်ဟောင်း မိုမာဂဒါဖီရဲ့ ဇာတိမြို့ ဆာ့တ် (Sirte) မြို့က အဓိကကျတဲ့ အဆောက်အဦးကို သိမ်းပိုက်လိုက်နိုင်ပြီလို့ ပြောပါတယ်။

ဆာ့တ် မြို့မှာ မစ္စတာ ဂဒါဖီအပေါ် သစ္စာခံတဲ့တပ်ဖွဲ့တွေ အဓိက ခြေကုပ်ယူ တိုက်ခိုက်နေခဲ့တဲ့ အဆောက်အဦးကို တနင်္ဂနွေနေ့က သိမ်းပိုက်လိုက်နိုင်တာလို့ NTC အမျိုးသား အသွင်ကူးပြောင်းရေးကောင်စီက ပြောပါတယ်။ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတုန်းပဲ ဖြစ်ပါတယ်။

စနေနေ့က ဆာ့တ် မြို့ထဲကို NTC တပ်ဖွဲ့တွေ ၀င်ရောက်နိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်တဲ့အချိန် ဂဒါဖီအပေါ် သစ္စာခံတဲ့ တပ်ဖွဲ့တွေဘက်က လက်ဖြောင့်တပ်သားတွေရဲ့ အပြင်းအထန် ခုခံ တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ခဲ့ကြရတာပါ။ အဲဒီအချိန်က သဲမုန်တိုင်း တိုက်ခတ်နေခဲ့တဲ့အတွက်လည်း ထိုးစစ်ဆင်မှုတွေမှာ အခက်အခဲတွေ ရှိခဲ့ပါတယ်။

လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီနဲ့ မိုင်ပေါင်း ၂၃၀ နီးပါးဝေးတဲ့ ဆာ့ဆ်မြို့ဟာ အစဉ်အလာအရ မစ္စတာ ဂဒါဖီကို ထောက်ခံအားပေးလာတဲ့မြို့ ဖြစ်ပါတယ်။ ကြားဖြတ်အစိုးရတပ်တွေဟာ အဲဒီမြို့ကို သိမ်းပိုက်နိုင်ဖို့ သီတင်းပတ် အတော်ကြာကတည်းက ကြိုးစားနေခဲ့ကြတာဖြစ်ပါတယ်။

XS
SM
MD
LG