သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျား အကြမ်းဖက်လုပ်ရပ် လက်ခံနိုင်စရာမရှိ၊ အိုဘားမား သတိပေး


လစ်ဗျား အကြမ်းဖက်လုပ်ရပ် လက်ခံနိုင်စရာမရှိ၊ အိုဘားမား သတိပေး
လစ်ဗျား အကြမ်းဖက်လုပ်ရပ် လက်ခံနိုင်စရာမရှိ၊ အိုဘားမား သတိပေး

ကဒါဖီ ဆန့်ကျင်တဲ့ သူပုန်တွေကို လစ်ဗျားအစိုးရနဲ့ သူ့ကို ထောက်ခံတဲ့သူတွေက အကြမ်းဖက် တိုက်ခိုက်တာတွေဟာ လက်ခံနိုင်ဖွယ် မရှိတာကြောင့် ဒီအခြေအနေကို ဟန့်တားဖို့အတွက် စစ်ရေးနည်းလမ်း အပါအဝင် ကျယ်ပြန့်တဲ့ ဖြစ်နိုင်ခြေ အားလုံးကို အမေရိကန် ပြည်ထောင်စုနဲ့ နေတိုး စစ်မဟာမိတ် အဖွဲ့တွေက စဉ်းစားနေကြပြီလို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောလိုက်ပါတယ်။

လစ်ဗျားခေါင်းဆောင် ကဒါဖီအတွက် ရပ်တည် ဆောင်ရွက်နေသူတွေ အနေနဲ့ သူတို့ရဲ့ ရွေးချယ်မှုအတွက် သူတို့ဘာသာ တာဝန်ယူကြရလိမ့်မယ်ဆိုတဲ့ ရှင်းရှင်းလင်းလင်း သတင်းစကားမျိုး ပေးပို့လိုတယ်လို့လည်း သမ္မတ အိုဘားမားက တနင်္လာနေ့က ပြောသွားပါတယ်။

အခုစဉ်းစားနေတယ်ဆိုတဲ့ စစ်ရေး နည်းလမ်းတွေထဲမှာတော့ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ရေး၊ ကုလသမဂ္ဂရဲ့ ပိတ်ဆို့မှုတရပ် ချမှတ်ရေးနဲ့ လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးပို့နိုင်ဖို့အတွက် အကာအကွယ်ပေးရေးဆိုတဲ့ ကိစ္စရပ်တွေ ပါဝင်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရသူ ဂျေးကာနီ (Jay Carney) က ပြောပါတယ်။

မြေပြင်တပ်ဖွဲ့တွေ ချထားရေး ကိစ္စကတော့ အခုချိန်ထိ ဦးစားပေး စဉ်းစားချက်ထဲမှာ မရှိသေးဘူးလို့ ပြောပါတယ်။

လစ်ဗျားပြည်သူတွေအတွက် လူသားချင်း စာနာမှု အကူအညီ နောက်ထပ် အမေရိကန်ဒေါ်လာ ၁၅ သန်း ပေးဖို့အတွက် ဆုံးဖြတ်လိုက်ပြီလို့ သမ္မတ အိုဘားမားက ပြောဆိုပါတယ်။ သြစတြေးလျ ဝန်ကြီးချုပ် ဂျူလီယာ ဂေးလ်လာ့ဒ် (Julia Gillard) နဲ့ စည်းဝေးပွဲ အပြီးမှာ သမ္မတ အိုဘားမားက ပြောဆိုသွားတာ ဖြစ်ပါတယ်။

မလိုလားအပ်တဲ့ အကြမ်းဖက်မှုတွေကို ရင်ဆိုင်နေရတဲ့ လစ်ဗျားနိုင်ငံရဲ့ ဒီမိုကရေစီ အရေးအတွက် သြစတြေးလျ၊ အမေရိကန် နှစ်နိုင်ငံ တညီတညွတ်တည်း ရပ်တည်နေကြတယ်လို့ သမ္မတ အိုဘားမားက ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG