လစ်ဗျား ဝန်ကြီးချုပ် Ali Zeidan ဟာ ထရီပိုလီမြို့တော်မှာရှိတဲ့ အစိုးရဌာနချုပ်ရှိရာကို ဘေးကင်းစွာနဲ့ပြန်ရောက်လာပါပြီ။ သူ့ကို အရင် သူပုန်စစ်သွေးကြွတွေက နာရီပေါင်းများစွာ သူ့ကို ထိန်းသိမ်းထားပြီးနောက် ပြန်လွှတ်ပေး လိုက်တာပါ။ သေနက်သမားတွေဟာ Mr.Zeidan ကို ကြာသာပတေးနေ့ အစောပိုင်းတုန်းက သူနေထိုင်ရာထရီပိုလီမြို့ကနေ ဖမ်းဆီးသွားပြီး၊ ၆ နာရီကြာ ထိန်းသိမ်းခဲ့ပါတယ်။
သေနတ်သမားတွေဟာ သူ့ကို အမည်မသိနေရာတခုကို ဘာအကြောင်းပြချက်မှန်းမသိရပဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ အစိုးရ ကြေညာချက်တရပ်မှာ ဖော်ပြပါတယ်။ သူ့အနေနဲ့ကတော့ အခုလို ပြန်ပေးဆွဲခံရတာကြောင့် လစ်ဗျားမှာ တင်းမာမှုတွေဖြစ်လာမယ်လို့ မထင်တဲ့အကြောင်း လွတ်မြောက်ပြီးနောက် ရုပ်သံလွှင့်ထုတ်ချက်မှာ Mr.Zeidan က သူ့အစိုးရအဖွဲ့ကို ပြောခဲ့ပါတယ်။
ဒီ ပြန်ပေးဆွဲတာ ဘယ်သူလက်ချက်လဲဆိုတာ မရှင်းသေးပါဘူး။ The Operations Room of Libya’s Revolutionaries အဖွဲ့လို့ ခေါ်တဲ့ စစ်သွေးကြွအဖွဲ့ကတော့ ကနဦးမှာ သူတို့လုပ်တာ လို့ပြောပြီး၊ နောက်ပိုင်းမှာတော့ သူတို့ ပတ်သက်မှုမရှိကြောင်း ငြင်းခဲ့ပါတယ်။
လစ်ဗျားမှာ အမေရိကန် အထူးတပ်ဖွဲ့တွေ စနေနေ့တုန်းက ဝင်ရောက် စီးနင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး Mr.Zeidan အစိုးရအဖွဲ့ကို အဲဒီ စစ်သွေးကြွအဖွဲ့က အပြစ်တင်ခဲ့ပါတယ်။ အဲဒီ စစ်ဆင်ရေးအတွင်းမှာတော့ အကြီးတန်း အယ်ကိုင်းဒါးခေါင်းဆောင် Abu Anas al-Libi ကို အမေရိကန်အထူးတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး၊ အခုတော့ သူ့ကို အမေရိကန်ရေတပ်သင်္ဘောတစင်းပေါ်မှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။