သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားဝန်ကြီးချုပ် ရာထူးက ဖယ်ရှားခံရ

လစ်ဗျား ဝန်ကြီးချုပ် Mustafa Abu Shagour (စက်တင်ဘာလ ၂၀ ရက်၊ ၂၀၁၂)။
လစ်ဗျား ဝန်ကြီးချုပ် Mustafa Abu Shagour (စက်တင်ဘာလ ၂၀ ရက်၊ ၂၀၁၂)။
လစ်ဗျားနိုင်ငံရဲ့ ယာယီ ဝန်ကြီးချုပ်အပေါ် အယုံအကြည်မရှိ အဆိုတရပ်ကို လွှတ်တော်က အတည်ပြုလိုက်ပြီး ရာထူးက ဖယ်ရှားလိုက်တဲ့ အတွက် စစ်ဒဏ်ခံခဲ့ရတဲ့ လစ်ဗျားနိုင်ငံ တည်ငြိမ်ရေးနဲ့ အစိုးရတရပ်အဖြစ် ဖွဲ့စည်းရေး အချိန်ပိုကြာမယ့် အလားအလာတွေ ပေါ်ပေါက်လာပါတယ်။ ဝန်ကြီးချုပ် Mustafa Abushagur က အဆိုပြုခဲ့တဲ့ အစိုးရအဖွဲ့ဝင် စာရင်းကို လက်မခံဘဲ တနင်္ဂနွေနေ့ က ထောက်ခံမဲ ၁၂၅ မဲ၊ ကန့်ကွက်မဲ ၄၄ မဲနဲ့ ကြားနေမဲ ၁၉ မဲနဲ့ ရာထူးက ဖယ်ရှားလိုက်တာပါ။

ပြီးခဲ့တဲ့နှစ်ထဲ ၈ လကြာ ပြည်တွင်းစစ် ဖြစ်ပွားပြီး အာဏာရှင် မိုမာ ဂဒါဖီ ကို ဖြုတ်ချခဲ့ပြီးနောက် ပထမဆုံး ဝန်ကြီးချုပ် တဦးအဖြစ် ပြီးခဲ့တဲ့လကပဲ လွှတ်တော်က ရွေးချယ်ပြီး အစိုးရဖွဲ့ဖို့ သီတင်းပတ် အတော်ကြာ အချိန်ပေးခဲ့တာ ဖြစ်ပါတယ်။ ကြာသပတေးနေ့မှာ တုန်းကတော့ လစ်ဗျားနိုင်ငံ အနောက်ဘက် ဇဝီယာ (Zawiya) မြို့က လူ ၁၀၀ လောက်က သူတို့ဒေသက လူတွေကို ကျကျနန ကိုယ်စားပြု ခန့်အပ်တာမျိုး မရှိဘူးဆိုပြီး လွှတ်တော်ထဲ အတင်းဝင်ရောက် ဆန္ဒပြခဲ့ရာက မူလက စီစဉ်ထားတဲ့ အစိုးရအဖွဲ့ဝင် စာရင်းကို ဝန်ကြီးချုပ်က ဖျက်ပစ်ခဲ့ရတာပါ။

တနင်္ဂနွေနေ့က လွှတ်တော်တွင်း အယုံအကြည်မရှိ အဆိုကို မဲမခွဲမီမှာတော့ ဝန်ကြီးချုပ်က သူ့ရဲ့ မူလအစိုးရအဖွဲ့ဝင် စာရင်းမှာ အမှားအယွင်းတွေ ပါသွားတယ်ဆိုပြီး ဝန်ခံပြောဆိုသွားပါတယ်။ လစ်ဗျားနိုင်ငံ ဥပဒေအရ အစိုးရသစ် ဖွဲ့စည်းရေး ဝန်ကြီးချုပ်သစ် တဦးကို မကြာခင် သီတင်းပတ်တွေ မှာ ရွေးချယ်ရမှာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG