သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားအစိုးရကို အရေးယူရေး ဘန်ကီမွန်းတိုက်တွန်း


လစ်ဗျားအစိုးရကို အရေးယူရေး ဘန်ကီမွန်းတိုက်တွန်း
လစ်ဗျားအစိုးရကို အရေးယူရေး ဘန်ကီမွန်းတိုက်တွန်း

ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်နှိမ်နှင်းခဲ့လို့ လစ်ဗျားခေါင်းဆောင် မိုမာကဒါဖီကို တားမြစ်ပိတ်ဆို့အရေးယူဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့က အရေးပေါ်အစည်းအဝေး ဒုတိယနေ့ ဆက်ပြီးတော့ကျင်းပဖို့ ဆုံးဖြတ် ပါတယ်။

လစ်ဗျားဆန္ဒပြပြည်သူတွေကို ကာကွယ်ဖို့ လုံခြုံရေးကောင်စီအနေနဲ့ ခိုင်မာပြီးထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုမျိုးလုပ်ဖို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တောင်းဆိုလိုက်ပါတယ်။ လစ်ဗျားခေါင်းဆောင်နဲ့အဖွဲ့ရဲ့ ခရီးသွားလာခွင့်၊ ပစ္စည်းပိုင်ဆိုင်ခွင့် ထိန်းချုပ်ဖို့နဲ့ လက်နက်ကန့်သတ်ဖို့ကိစ္စတွေ ပါဝင်တဲ့ ဗြိတိန်နဲ့ပြင်သစ်က ပြင်ဆင်နေတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို အမြန်ဆုံးပြီးအောင် ဆောင်ရွက်ဖို့ သူကတိုက်တွန်းလိုက်ပါတယ်။

ဥရောပသမဂ္ဂကလည်း လစ်ဗျားခေါင်းဆောင်နဲ့ အပေါင်းအပါတွေကို ခရီးသွားမှုနဲ့ ပိုင်ဆိုင်မှုထိန်းချုပ်ရေး အပါအဝင် လက်နက်ကန့်သတ်ရေးတွေပါတဲ့ ပိတ်ဆို့အရေးယူမှုလုပ်ဖို့ သဘောတူလိုက်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နာဗီပီလေး ကလည်း လစ်ဗျားရဲ့ အခုလို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု သတင်းတွေကို ဆက်တိုက်ရရှိနေတာမို့ ဒီအကြမ်းဖက်မှုတွေကို အဆုံးသတ်နိုင်အောင် နိုင်ငံတကာ အသိုင်းအဝိုင်းက ဝင်ရောက်ဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။ တဆက်တည်းပဲ သူက လစ်ဗျား လုံခြုံရေး တပ်တွေဟာ ပြည်သူ ထောင်ပေါင်းများစွာကို သတ်ဖြတ်တဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီးတော့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတခု ဆောင်ရွက်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။

XS
SM
MD
LG