သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေ လစ်ဗျားမှာ စတင်


အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေ လစ်ဗျားမှာ စတင်
အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေ လစ်ဗျားမှာ စတင်

အီဂျစ်နဲ့ တူနီးရှား နိုင်ငံတွေမှာ အာဏာရှင် အစိုးရတွေကို ဖယ်ရှားနိုင်ခဲ့တဲ့ ဆန္ဒပြပွဲတွေရဲ့ နောက်ဆက်တွဲ ဂယက်အဖြစ် ပေါ်ပေါက်လာတဲ့ လစ်ဗျားနိုင်ငံက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း ဒီကနေ့မှာတော့ ရဲတွေနဲ့ ဆန္ဒပြသူတွေ အဓိကရုဏ်း ဖြစ်ပွားခဲ့ပါတယ်။

အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေက အင်တာနက် လူမှုကွန်ယက်တွေပေါ်ကနေ တိုင်းပြည်မှာ နှစ်ပေါင်းများစွာ အုပ်ချုပ်လာတဲ့ လစ်ဗျားခေါင်းဆောင် မွမ်မာ ကဒါဖီ (Mommar Gadhafi) ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်ခဲ့ကြပြီးတဲ့နောက် ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ ဘန်ဂါဇီ (Benghazi) မှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။

လူစုခွဲဖို့ ကြိုးပမ်းတဲ့ ရဲတွေကို ဆန္ဒပြသူတွေက ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြတယ်လို့လည်း ဒေသခံ သတင်းတွေက ဖော်ပြပါတယ်။

ပဋိပက္ခတွေအတွင်း လူပေါင်း ၃၈ ယောက် ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြောင်းလည်း ဆေးရုံတာဝန်ရှိသူတွေက ပြောဆိုခဲ့ကြတာပါ။

လစ်ဗျားအစိုးရပိုင် သတင်းဌာနကတော့ ဆန္ဒပြပွဲတွေကို အလေးထား ဖော်ပြတာမျိုး မရှိဘဲ နောက်ပိုင်းမှာ အစိုးရထောက်ခံသူတွေကလည်း ဘန်ဂါဇီမြို့၊ ထရီပိုလီမြို့တော်နဲ့ တခြားမြို့ အတော်များများမှာ လူထုစုဝေးပွဲတွေ လုပ်နေတယ်လို့သာ ကြေညာခဲ့ပါတယ်။

XS
SM
MD
LG