သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားအနောက်ပိုင်း တပ်ကို ခုခံတိုက်


လစ်ဗျားအနောက်ပိုင်း တပ်ကို ခုခံတိုက်

လစ်ဗျားနိုင်ငံ အနောက်ခြမ်းက ဇာဝီယာမြို့မှာ အတိုက်အခံတွေရဲ့ တပ်ဖွဲ့တွေက ကဒါဖီရဲ့ သစ္စာခံ တပ်ဖွဲ့တွေကို တွန်းလှန် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဒီနေ့ အတိုက်အခံတွေက ပြောလိုက်ပါတယ်။

တနင်္လာနေ့ညက ကဒါဖီရဲ့တပ်က တင့်ကားတွေနဲ့ ပစ်ကူပေးပြီး မြို့ထဲကို ၀င်လာဖို့ ကြိုးပမ်းကြပေမဲ့ မိမိတို့ တပ်ဖွဲ့တွေက တွန်းလှန် တိုက်ခိုက်နိုင်ခဲ့တယ်လို့ အတိုက်အခံ တပ်မှူးတဦးက ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့မှာ လက်နက်အင်အား မပြည့်စုံလို့ သူတို့ချည်းပဲ ကဒါဖီကို ဖြုတ်ချနိုင်မှာ မဟုတ်ဘူးလို့လည်း ပြောဆိုသွားပါတယ်။

မနေ့ တနင်္လာနေ့မှာ တတိယ အကြီးဆုံးမြို့ဖြစ်တဲ့ အနောက်ခြမ်းက မီစ်ရာတာမြို့ရဲ့ အပြင်ဘက်မှာလည်း ကဒါဖီရဲ့တပ်တွေ ရောက်ရှိလာပြီး မြို့ကိုသိမ်းဖို့ ကြိုးစားကြပေမဲ့ လစ်ဗျားစစ်တပ်က ဘက်ပြောင်းလာတဲ့ တပ်ဖွဲ့တွေနဲ့ အတိုက်အခံတွေရဲ့ တပ်ဖွဲ့တွေက တွန်းလှန် တိုက်ခိုက်နိုင်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။

မနေ့ တနင်္လာနေ့မှာပဲ လစ်ဗျားအရှေ့ခြမ်း အတိုက်အခံတွေ သိမ်းပိုက်ထားတဲ့ လစ်ဗျားရဲ့ ဒုတိယ အကြီးဆုံးမြို့ ဘန်ဂါဇီကို ကဒါဖီရဲ့ တိုက်လေယာဉ် ၂ စီးက ဗုံးကျဲတိုက်ခိုက်ဖို့ လာရောက်ခဲ့ကြပေမဲ့ မြေပြင်က အတိုက်အခံတွေရဲ့ လေယာဉ်ပစ် အမြောက်တွေနဲ့ ပစ်ခတ်မှုကြောင့် ပြန်လှည့်သွားပြီး အဂျီဆာကာမြို့က လစ်ဗျားကြည်းတပ်ရဲ့ လက်နက်ခဲယမ်းတိုက်ကို ဗုံးကျဲ တိုက်ခိုက်သွားခဲ့ပါတယ်။

XS
SM
MD
LG