သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျား အတိုက်အခံတွေကို ပြင်သစ်က ဆေးဘက်ဆိုင်ရာ အကူအညီပေးမည်


ပြင်သစ်ဝန်ကြီးချုပ် ဖရန်ဆွာ ဖေလွန်။ ဖေဖော်ဝါရီ ၂၈၊ ၂၀၁၁။
ပြင်သစ်ဝန်ကြီးချုပ် ဖရန်ဆွာ ဖေလွန်။ ဖေဖော်ဝါရီ ၂၈၊ ၂၀၁၁။

လစ်ဗျားနိုင်ငံမှာ သမ္မတ မိုမာ ကဒါဖီ (Moammar Gadhafi) ပြုတ်ကျအောင် ကြိုးစားနေကြတဲ့ အတိုက်အခံတွေကို ထောက်ခံတဲ့ အနေနဲ့ သူတို့အဆို ကြီးကျယ်တဲ့ စီမံကိန်းကြီးကို စတင်တဲ့ အနေနဲ့ ပြင်သစ် ဆေးဝန်ထမ်းတွေ ဘန်ဂါဇီမြို့ဆီကို ပို့ပေးမယ်လို့ ပြင်သစ်နိုင်ငံက ပြောလိုက်ပါတယ်။

ပြင်သစ်ဝန်ကြီးချုပ် ဖရန်ဆွာ ဖေလွန် (Francois Fillon) က ဆရာဝန်တွေ၊ သူနာပြုတွေ၊ ဆေးဝါးနဲ့ ဆေးဝါးပစ္စည်းတွေ တင်ဆောင်ထားတဲ့ လေယာဉ် ၂ စင်းကို လွတ်မြောက်နယ်မြေလို့ ဝန်ကြီးချုပ် ဖော်ပြ ပြောဆိုတဲ့ လစ်ဗျားအရှေ့ပိုင်းက ဘန်ဂါဇီမြို့ဆီကို လွှတ်မယ်လို့ ပြောပါတယ်၊

သမ္မတ ကဒါဖီရဲ့ ၄၂ နှစ်ကြာ အုပ်ချုပ်မှုကို အဆုံးသတ်သွားအောင် လူထုအုံကြွမှုတွေ ဒီလဆန်းက စတင်ခဲ့ပြီးနောက်မှာ နိုင်ငံရဲ့ အရှေ့ခြမ်း တခုလုံးနဲ့ အနောက်ခြမ်းက တချို့ဒေသတွေကို အစိုးရ ဆန့်ကျင်သူတွေ၊ ပြည်သူဘက် ကူးပြောင်းလာတဲ့ စစ်တပ်တွေက ထိန်းချုပ်ထားကြပါတယ်။

အရှေ့ပိုင်းမှာ ဆန္ဒပြ ခေါင်းဆောင်တွေက မြို့တွေကို ထိန်းချုပ်ထားနိုင်ဖို့ အမျိုးသားကောင်စီကို ဖွဲ့စည်းလိုက်ပြီး ရေနံတင်ပို့မှုတွေကိုလည်း ဒီနေ့ ပြန်စခဲ့ပါတယ်။

နိုင်ငံအနောက်ပိုင်းက ဇာဝီယာမြို့မှာတော့ မြို့ကို ဝိုင်းထားတယ်လို့ဆိုတဲ့ သမ္မတကို သစ္စာစောင့်သိတဲ့ စစ်သားတွေ လုပ်လာနိုင်တဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ဖို့ မြို့ခံတွေ ပြင်ဆင်နေကြပါတယ်။

ထရီပိုလီမြို့တော် အနောက်ဘက် မိုင် ၃၀ လောက် အကွာမှာရှိတဲ့ ဇာဝီယာမြို့ဟာ မစ္စတာ ကဒါဖီရဲ့ နောက်ဆုံး အမာခံမြို့ ဖြစ်ပါတယ်။

အဲဒီမြို့ကို သူပုန်တွေက အခိုင်အမာ ထိန်းချုပ်ထားပြီး ဘက်ပြောင်းလာကြတဲ့ စစ်သားတွေကလည်း တင့်ကားတွေ၊ လေယာဉ်ပစ် လက်နက်တွေ တင်ဆောင်ထားတဲ့ ပစ်ကပ်ကားတွေပေါ်ကနေ အစိုးရတပ်တွေ တိုက်လာရင် အသင့်ပဲဆိုတဲ့ ပုံမျိုး ဟန်ရေးပြနေတာကို မြင်တွေ့ရတယ်လို့ အနောက်တိုင်း သတင်းထောက်တွေက ပြောကြပါတယ်။

XS
SM
MD
LG