သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားအပေါ်အရေးယူမှုတချို့ ကုလ ရုပ်သိမ်း

လစ်ဗျားအပေါ်အရေးယူမှုတချို့ ကုလ ရုပ်သိမ်း
လစ်ဗျားအပေါ်အရေးယူမှုတချို့ ကုလ ရုပ်သိမ်း

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ လစ်ဗျား အမျိုးသားအသွင်ကူးပြောင်းရေး ကောင်စီကို လစ်ဗျားနိုင်ငံ ကိုယ်စားလှယ်ထိုင်ခုံမှာ နေရာပေးခဲ့ပြီး နာရီအနည်းငယ်အကြာမှာ လစ်ဗျားနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုဆိုင်ရာ sanction တချို့ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။

လစ်ဗျားနိုင်ငံက ငွေကြေးဆိုင်ရာဘဏ်နဲ့ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေအပေါ် တားမြစ်ပိတ်ဆို့ထားတဲ့ ငွေကြေးဆိုင်ရာ အရေးယူပိတ်ဆို့မှု (Financial Sanction) တွေကို သောကြာနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ တညီတညွတ်တည်း မဲပေးပြီး ရုပ်သိမ်းပေးခဲ့တာဖြစ်ပါတယ်။ လစ်ဗျားနိုင်ငံရဲ့ ယာယီအစိုးရ အနေနဲ့ နိုင်ငံတည်ငြိမ်စေဖို့နဲ့ တိုင်းပြည်ကို ပြန်လည် တည်ဆောက်နိုင်စေဖို့ အတွက် အကူအညီပေးတဲ့အနေနဲ့ အခုလို ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းပေးခဲ့တာလည်း ဖြစ်ပါတယ်။

လစ်ဗျားနိုင်ငံမှာ ကုလသမဂ္ဂအဖွဲ့ ရုံးထိုင်ဖို့ကိုလည်း ကုလသမဂ္ဂညီလာခံက အတည်ပြုပေးခဲ့ပါတယ်။ သောကြာနေ့ကတော့ တူရကီဝန်ကြီးချုပ် ရီဆပ် တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က လစ်ဗျား အမျိုးသား အသွင်ကူးပြောင်းရေးကောင်စီ ခေါင်းဆောင် မက်စ်တာဖာ အက်ဘ်ဒဲလ် ဂျလဲ (Mustafa Abdel Jalil) နဲ့ တွေ့ဆုံခဲ့ပါတယ်။

လာမယ့်သီတင်းပတ်ထဲမှာ အမေရိကန်သမ္မတ အိုဘားမား က နယူးယောက်မှာကျင်းပနေတဲ့ အထွေထွေညီလာခံ အပြင်ဘက် သီးခြားအစည်းအဝေးမှာ မစ္စတာ ဂျလဲ နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ အမျိုးသား အသွင်ကူးပြောင်းရေး ကောင်စီရဲ့ ဂဒါဖီအုပ်ချုပ်ရေးကာလအလွန် စီမံကိန်းနဲ့ ဆောင်ရွက်မှုတွေကို အမေရိကန်သမ္မတက အလေးထား ဆွေးနွေးဖို့ ရှိတယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက ပြောဆိုပါတယ်။

This item is part of
XS
SM
MD
LG