သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အဝေးထိန်း ဒုံးလေယာဉ်နဲ့ လစ်ဗျားကိုတိုက်ပြီ


အမေရိကန် အဝေးထိန်း ဒုံးလေယာဉ်နဲ့ လစ်ဗျားကိုတိုက်ပြီ
အမေရိကန် အဝေးထိန်း ဒုံးလေယာဉ်နဲ့ လစ်ဗျားကိုတိုက်ပြီ

လစ်ဗျားအစိုးရရဲ့ အမာခံနယ်မြေတွေမှာ အစိုးရတပ်တွေဟာ ရှုံးနိမ့်တော့မယ့်အနေအထား ရှိနေတယ်လို့ လစ်ဗျားသူပုန်တွေက ပြောလိုက်တဲ့တချိန်တည်းမှာပဲ အမေရိကန်ပြည်ထောင်စုက လစ်ဗျားနိုင်ငံမှာ မောင်းသူမပါတဲ့ အဝေးထိန်းဒုံးလေယာဉ်တွေနဲ့ တိုက်ခိုက်မှုကို ပထမဆုံးအကြိမ် စတင်လိုက်ပါတယ်။

လေကြောင်းကနေ ပြုလုပ်တဲ့ အဲဒီ အဝေးထိန်းဒုံးတိုက်ခိုက်မှုကို စနေနေ့က လုပ်ဆောင်လိုက်တာဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဘယ်နေရာကို တိုက်ခိုက်ခဲ့တယ် ဆိုတာကိုတော့ မဖော်ပြထားပါဘူး။ ဒီတိုက်ခိုက်မှုဟာ လစ်ဗျားနိုင်ငံမှာ လေယာဉ်မပံျသန်းရဇုံ အဖြစ် သတ်မှတ်ထားတဲ့ နေတိုး မဟာမိတ်တပ်ဖွဲ့တွေရဲ့ ဦးဆောင်မှု တစိတ်တပိုင်းအဖြစ်နဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတဲ့ မစ်ရာတာမြို့မှာတော့ လစ်ဗျားခေါင်းဆောင် မိုမာကဒါဖီရဲ့ တပ်တွေ ဆုတ်ခွာသွားတဲ့အတွက် လစ်ဗျားသူပုန်တွေဟာ စနေနေ့က အောင်ပွဲခံနေကြပါတယ်။

XS
SM
MD
LG