သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကာကွယ်ရေးဝန်ကြီး လစ်ဗျားနိုင်ငံရောက်


အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တ (ဝဲ) လစ်ဗျားဝန်ကြီးချုပ် အက်ဘ်ဒူရာဟင် အယ်လ်ကိဘ် (ယာ) တို့ ထရစ်ပိုလီမြို့တွင် တွေ့ဆုံနေကြစဉ် (ဒီဇင်ဘာလ ၁၇၊ ၂၀၁၁)
အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တ (ဝဲ) လစ်ဗျားဝန်ကြီးချုပ် အက်ဘ်ဒူရာဟင် အယ်လ်ကိဘ် (ယာ) တို့ ထရစ်ပိုလီမြို့တွင် တွေ့ဆုံနေကြစဉ် (ဒီဇင်ဘာလ ၁၇၊ ၂၀၁၁)

အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တ (Leon Panetta) ဟာ လစ်ဗျားကြားဖြတ်အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးဖို့အတွက် ထရစ်ပိုလီမြို့ကို အခု ရောက်ရှိနေပါပြီ။ အမေရိကန် ကာကွယ်ရေးဝန်ကြီးတစ်ဦး အနေနဲ့ လစ်ဗျားနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိနေတာဖြစ်ပါတယ်။

လစ်ဗျားနိုင်ငံရဲ့ ဘဏ္ဍာရေးအကျပ်အတည်း အထိုက်အလျောက် ပြေလည်အောင် အမေရိကန်ပြည်ထောင်စုက စီးပွားရေးပိတ်ဆို့မှု အများစုကို ရုပ်သိမ်းပေးပြီး တစ်ရက်အကြာ ဒီကနေ့မှာ ဝန်ကြီး ပန်နက်တ ထရစ်ပိုလီမြိုကို ရောက်ရှိသွားတာပါ။ လစ်ဗျားဝန်ကြီးချုပ် အက်ဘ်ဒူရာဟင် အယ်လ်ကိဘ် (Abdurrahim el-Keib) နဲ့ ကာကွယ်ရေးဝန်ကြီး အိုစမာ အယ်လ်ဂျူဝါလီ (Osama al-Juwali) တို့နဲ့ ဝန်ကြီး ပန်နက်တ တွေ့ဆုံမှာဖြစ်ပါတယ်။

ခရီးစဉ်အတွင်းမှာ လစ်ဗျားနိုင်ငံရဲ့ တော်လှန်ရေးလွန်ကာလ အခြေအနေတွေကို အကဲခတ်ပြီး ဂဒါဖီကို ဖြုတ်ချရာမှာ ပါဝင်ခဲ့သူတွေကို ဂုဏ်ပြုခွင့်ရရှိမှာ ဖြစ်တယ်လို့ ဝန်ကြီး ပန်နက်တ က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုက ထိန်းသိမ်းထားတဲ့ အရင် လစ်ဗျားအစိုးရပိုင် ဒေါ်လာသန်းပေါင်း သုံးသောင်းကို မနေ့က ပြန်ပေးဖို့ ဆုံးဖြတ်ခဲ့ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ဒေါ်လာ သန်းပေါင်း တစ်သိန်းခွဲကို အလားတူ ပိတ်ဆို့ထားတာကို ရုပ်သိမ်းပေးခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု အနေနဲ့ လစ်ဗျားအစိုးရရဲ့ ငွေတွေကို ပြန်ပေးပေမဲ့လို့ ဂဒါဖီမိသားစုပိုင် ငွေတွေကိုတော့ ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်တယ်လို့ အိမ်ဖြူတော်က မနေ့က ပြောဆိုသွားပါတယ်။

XS
SM
MD
LG