သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကခ်င္ လီဒိုလမ္းမေပၚ တနာရီၾကာတိုက္ပြဲျဖစ္ပြား


KIA soldiers at outpost

Zawgyi/Unicode

ကခ်င္ျပည္နယ္ထဲက လီဒိုလမ္းမႀကီးမွာ စစ္ေကာင္စီတပ္နဲ႔ ကခ်င္လက္နက္ကိုင္ KIA အၾကား ဒီေန႔ ေအာက္တိုဘာ ၄ ရက္ေန႔မွာ တနာရီနီးပါးၾကာ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ တႏိုင္းၿမိဳ႕ဘက္ကို ရိကၡာပို႔သြားတဲ့ စစ္ယာဥ္တန္းအတြက္ လမ္းလုံၿခဳံေရးယူထားတဲ့ တပ္ေတြနဲ႔ တိုက္ပြဲျဖစ္ခဲ့တာလို႔ KIA ဘက္ကေျပာပါတယ္။ ရန္ကုန္ကလာတဲ့ ကခ်င္ျပည္ နယ္အတြင္းက တိုက္ပြဲအေျခအေန ကိုသားၫြန႔္ဦးက တင္ျပထားပါတယ္။

ျမန္မာႏိုင္ငံအေနာက္ေျမာက္ဘက္ အိႏၵိယႏိုင္ငံကေန အေ႐ွ႕ေျမာက္ တ႐ုတ္ႏိုင္ငံအထိေပါက္တဲ့ ကခ်င္ျပည္နယ္ထဲက လီဒိုလမ္းမႀကီးေပၚမွာ စစ္တပ္နဲ႔ ကခ်င္လက္နက္ကိုင္ KIA တပ္ေတြ ဒီေန႔ တိုက္ပဲြျဖစ္ပြားခဲ့ပါတယ္။ တိုက္ပဲြျဖစ္တဲ့ေနရာကေတာ့ ဖားကန္႔ၿမိဳ႕နယ္နဲ႔ တႏိုင္းၿမိဳ႔နယ္အစပ္ေဒသမွာျဖစ္ပါတယ္။ ဒီမနက္ ၁၀ နာရီဝန္းက်င္ေလာက္က တိုက္ပြဲေတြ ျဖစ္ခဲ့ၿပီး တနာရီေလာက္ၾကာတယ္လို႔ တိုက္ပဲြျဖစ္ပြားရာအနီးက ေဒသခံတဦးက VOA ကို ေျပာပါတယ္။

“ဒီမနက္ ရွဒူဇြပ္နဲ႔ တိန္ေကာက္ၾကားက ဂ်န္ပူေတာင္မွာေတာ့ တုိက္ပဲြျဖစ္သံၾကားတယ္။ ၁ နာရီေလာက္ေတာ့ ၾကာမယ္ထင္တယ္။ တိုက္ပဲြျဖစ္တဲ့အေျခအေနက။ အဲဒီေနရာက်ေတာ့ ေတာဆိုေတာ့ အဆက္အသြယ္ေတာ့ မရေသးဘူးဗ်။ တိုက္ပဲြျဖစ္သံေတာ့ၾကားတယ္ ဘယ္လုိ အထိအခိုက္ၾကသလဲဆုိတာေတာ့ မၾကား မိေသးဘူးဗ်။”

KIA ရဲ့ ျပန္ၾကားေရးတာ၀န္ခံ ဗုိလ္မႉးႀကီးေနာ္ဘူကေတာ့ လီဒိုလမ္းမႀကီးမွာတိုက္ပဲြျဖစ္တဲ့သတင္းၾကားသိရေပမဲ့ အေျခအေန အေသးစိတ္ကိုေတာ့ မသိရေသးေၾကာင္း ေျပာပါတယ္။

“တႏိုင္းဘက္ေလ၊ လီဒိုလမ္းမဘက္မွာ တိုက္ပဲြေတြ ရိွတာကေတာ့ သတင္းေတြ တက္ပါတယ္။ ဒါေပမဲ့ သိပ္ျပင္းျပင္းထန္ထန္ တိုက္ပဲြေတြေတာ့ မဟုတ္ပါဘူး။ စစ္ေကာင္စီဘက္ ကလည္း သူတို႔ လံုၿခံဳေရးေပါ့။ ဒီ ပြင့္လင္းရာသီေရာက္တယ္ဆိုေတာ့ သူတို႔လည္း ရိကၡာေတြ ဘာေတြပို႔ဆိုေတာ့ လမ္းလံုၿခံဳေရးေတြယူတဲ့အပိုင္းေတြ ရိွတာေပါ့။ အဲဒီမွာ က်ေနာ္တို႔နဲ႔ ထိေတြ႔ ရင္ဆုိင္တုိက္ပဲြေတြ ရိွတယ္။ အဲဒါေလာက္ပဲ တက္ပါတယ္။ တျခားကေတာ့ က်ေနာ္ ဘာမွ မၾကား မိပါဘူး။”

ကခ်င္ျပည္နယ္အေျခစိုက္ သတင္းမီဒီယာေတြမွာေတာ့ မနက္ ၈ နာရီေလာက္က တႏိုင္းၿမိဳ႕နယ္ ေကာင္ရာရြာအနီးမွာလည္း လမ္းလံုၿခံဳေရးယူထားတဲ့ စစ္ေကာင္စီတပ္ေတြကို KIA က မိုင္းဆဲြတိုက္ခိုက္ခဲ့တယ္လို႔ ေဖာ္ျပၾကပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္တည္းက ျမစ္ႀကီးနား၊ မုိးေကာင္းဘက္က ခ်ီတက္လာတဲ့ စစ္ေကာင္ စီရဲ့ စစ္ေၾကာင္းနဲ႔ ယာဥ္တန္းဟာ လီဒိုလမ္းမၾကီးအတိုင္းတက္လာခ်ိန္မွာ မိုးေကာင္း၊ ဖားကန္႔နဲ႔ တႏိုင္း စတဲ့ၿမိဳ႔နယ္ေတြဘက္မွာ တိုက္ပဲြေတြ ဆက္တုိက္ျဖစ္ခဲ့တာပါ။

ဖားကန္႔ၿမိဳ႕နယ္ လဝါးေက်းရြာအနီးျဖစ္ခဲ့တဲ့တုိက္ပဲြေၾကာင့္ ခြန္ဆိုင္ယန္ရြာက လူ ၃၀၀ ေက်ာ္ဟာ လဝါးရြာဘက္ကို တိမ္းေရွာင္ေနၾကရပါတယ္။

လီဒိုလမ္းမတေလ်ာက္ ေက်းရြာေတြက ေဒသခံေတြဟာ သူတို႔ရြာအတြင္း တုိက္ပဲြျဖစ္မွာစိုးရိမ္ေနၾကသလို တခ်ဳိ႕က တိမ္းေရွာင္တာရိွေနေၾကာင္း တိုက္ပဲြျဖစ္ရာအနီးက ေဒသခံက ေျပာပါတယ္။

“သူတို႔စစ္ေၾကာင္းေတြရိွေတာ့ က်ီးလန္႔စာစားပဲေလ။ ေအးေအးေဆးေဆး မရိွဘူးေပါ့ေလ။ ေရွာင္ေနရတယ္ဆုိတာ ဒီလုိေပါ့။ သူတို႔က အခန္႔မသင့္ စစ္ေဆးတာမ်ိဳး၊ နယ္ေျမခံ တပ္ရင္းေတြမဟုတ္ေတာ့ စိုးရိမ္တာေပါ့။ သူတုိ႔အေနနဲ႔ ဒီလို စစ္ေဆးေမးျမန္းတာမ်ိဳး မရိွရင္ေတာင္မွ ေၾကာက္လို႔ ေရွာင္ေနတဲ့ဟာေတြ မ်ားတယ္။ က်ေနာ္တုိ႔ဘက္လည္း ေရွာင္ေနၾကတယ္။”

ေအာက္တိုဘာလ ၁ ရက္ေန႔နဲ႔ ၂ ရက္ေန႔က ဖားကန္႔ၿမိဳ႕နယ္အတြင္း ျဖစ္တဲ့တုိက္ပဲြမွာ ဝရာဇြပ္ေက်းရြာအတြင္း လက္နက္ႀကီးက်ည္ က်ေရာက္ခဲ့တာေၾကာင့္ အသက္ ၄၅ ႏွစ္အမ်ိဳးသားတဦးနဲ႔ အသက္ ၁၂ အရြယ္ မိန္းကေလးတဦး ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။

ဒီလ ၃ ရက္ေန႔ကလည္း ကခ်င္ျပည္နယ္ ပူတာအိုၿမိဳ႕နယ္ကို စစ္ေကာင္စီဥကၠ႒ ဗုိလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္လာမယ္လို႔ သတင္းထြက္ေပၚခဲ့ၿပီး ပူတာအိုၿမိဳ႕အဝင္ မူလာရီွဒီးဂိတ္ကို ေဒသခံ PDF တပ္ဖြ႔ဲက လက္နက္ႀကီးနဲ႔ ပစ္ခတ္တာတိုက္ခိုက္ခဲ့ပါတယ္။ ရွမ္းျပည္ နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္မွာေတာ့ မူဆယ္နဲ႔ က်င္စန္းေက်ာ့အၾကား ေကာင္းခံရြာမွာ အမည္မသိလက္နက္ကိုင္တပ္ဖဲြ႔ေတြက ပစ္ခတ္တာေၾကာင့္ ရဲအရာရိွတဦး ေသဆံုးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


=======

Unicode

ကချင် လီဒိုလမ်းမပေါ် တနာရီကြာတိုက်ပွဲဖြစ်ပွား

ကချင်ပြည်နယ်ထဲက လီဒိုလမ်းမကြီးမှာ စစ်ကောင်စီတပ်နဲ့ ကချင်လက်နက်ကိုင် KIA အကြား ဒီနေ့ အောက်တိုဘာ ၄ ရက်နေ့မှာ တနာရီနီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တနိုင်းမြို့ဘက်ကို ရိက္ခာပို့သွားတဲ့ စစ်ယာဉ်တန်းအတွက် လမ်းလုံခြုံရေးယူထားတဲ့ တပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာလို့ KIA ဘက်ကပြောပါတယ်။ ရန်ကုန်ကလာတဲ့ ကချင်ပြည် နယ်အတွင်းက တိုက်ပွဲအခြေအနေ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံအနောက်မြောက်ဘက် အိန္ဒိယနိုင်ငံကနေ အရှေ့မြောက် တရုတ်နိုင်ငံအထိပေါက်တဲ့ ကချင်ပြည်နယ်ထဲက လီဒိုလမ်းမကြီးပေါ်မှာ စစ်တပ်နဲ့ ကချင်လက်နက်ကိုင် KIA တပ်တွေ ဒီနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာကတော့ ဖားကန့်မြို့နယ်နဲ့ တနိုင်းမြို့နယ်အစပ်ဒေသမှာဖြစ်ပါတယ်။ ဒီမနက် ၁၀ နာရီဝန်းကျင်လောက်က တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး တနာရီလောက်ကြာတယ်လို့ တိုက်ပွဲဖြစ်ပွားရာအနီးက ဒေသခံတဦးက VOA ကို ပြောပါတယ်။

“ဒီမနက် ရှဒူဇွပ်နဲ့ တိန်ကောက်ကြားက ဂျန်ပူတောင်မှာတော့ တိုက်ပွဲဖြစ်သံကြားတယ်။ ၁ နာရီလောက်တော့ ကြာမယ်ထင်တယ်။ တိုက်ပွဲဖြစ်တဲ့အခြေအနေက။ အဲဒီနေရာကျတော့ တောဆိုတော့ အဆက်အသွယ်တော့ မရသေးဘူးဗျ။ တိုက်ပွဲဖြစ်သံတော့ကြားတယ် ဘယ်လို အထိအခိုက်ကြသလဲဆိုတာတော့ မကြား မိသေးဘူးဗျ။”

KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ လီဒိုလမ်းမကြီးမှာတိုက်ပွဲဖြစ်တဲ့သတင်းကြားသိရပေမဲ့ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးကြောင်း ပြောပါတယ်။

“တနိုင်းဘက်လေ၊ လီဒိုလမ်းမဘက်မှာ တိုက်ပွဲတွေ ရှိတာကတော့ သတင်းတွေ တက်ပါတယ်။ ဒါပေမဲ့ သိပ်ပြင်းပြင်းထန်ထန် တိုက်ပွဲတွေတော့ မဟုတ်ပါဘူး။ စစ်ကောင်စီဘက် ကလည်း သူတို့ လုံခြုံရေးပေါ့။ ဒီ ပွင့်လင်းရာသီရောက်တယ်ဆိုတော့ သူတို့လည်း ရိက္ခာတွေ ဘာတွေပို့ဆိုတော့ လမ်းလုံခြုံရေးတွေယူတဲ့အပိုင်းတွေ ရှိတာပေါ့။ အဲဒီမှာ ကျနော်တို့နဲ့ ထိတွေ့ ရင်ဆိုင်တိုက်ပွဲတွေ ရှိတယ်။ အဲဒါလောက်ပဲ တက်ပါတယ်။ တခြားကတော့ ကျနော် ဘာမှ မကြား မိပါဘူး။”

ကချင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာတွေမှာတော့ မနက် ၈ နာရီလောက်က တနိုင်းမြို့နယ် ကောင်ရာရွာအနီးမှာလည်း လမ်းလုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်တွေကို KIA က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တည်းက မြစ်ကြီးနား၊ မိုးကောင်းဘက်က ချီတက်လာတဲ့ စစ်ကောင် စီရဲ့ စစ်ကြောင်းနဲ့ ယာဉ်တန်းဟာ လီဒိုလမ်းမကြီးအတိုင်းတက်လာချိန်မှာ မိုးကောင်း၊ ဖားကန့်နဲ့ တနိုင်း စတဲ့မြို့နယ်တွေဘက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့တာပါ။

ဖားကန့်မြို့နယ် လဝါးကျေးရွာအနီးဖြစ်ခဲ့တဲ့တိုက်ပွဲကြောင့် ခွန်ဆိုင်ယန်ရွာက လူ ၃၀၀ ကျော်ဟာ လဝါးရွာဘက်ကို တိမ်းရှောင်နေကြရပါတယ်။

လီဒိုလမ်းမတလျောက် ကျေးရွာတွေက ဒေသခံတွေဟာ သူတို့ရွာအတွင်း တိုက်ပွဲဖြစ်မှာစိုးရိမ်နေကြသလို တချို့က တိမ်းရှောင်တာရှိနေကြောင်း တိုက်ပွဲဖြစ်ရာအနီးက ဒေသခံက ပြောပါတယ်။

“သူတို့စစ်ကြောင်းတွေရှိတော့ ကျီးလန့်စာစားပဲလေ။ အေးအေးဆေးဆေး မရှိဘူးပေါ့လေ။ ရှောင်နေရတယ်ဆိုတာ ဒီလိုပေါ့။ သူတို့က အခန့်မသင့် စစ်ဆေးတာမျိုး၊ နယ်မြေခံ တပ်ရင်းတွေမဟုတ်တော့ စိုးရိမ်တာပေါ့။ သူတို့အနေနဲ့ ဒီလို စစ်ဆေးမေးမြန်းတာမျိုး မရှိရင်တောင်မှ ကြောက်လို့ ရှောင်နေတဲ့ဟာတွေ များတယ်။ ကျနော်တို့ဘက်လည်း ရှောင်နေကြတယ်။”

အောက်တိုဘာလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့က ဖားကန့်မြို့နယ်အတွင်း ဖြစ်တဲ့တိုက်ပွဲမှာ ဝရာဇွပ်ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ခဲ့တာကြောင့် အသက် ၄၅ နှစ်အမျိုးသားတဦးနဲ့ အသက် ၁၂ အရွယ် မိန်းကလေးတဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒီလ ၃ ရက်နေ့ကလည်း ကချင်ပြည်နယ် ပူတာအိုမြို့နယ်ကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လာမယ်လို့ သတင်းထွက်ပေါ်ခဲ့ပြီး ပူတာအိုမြို့အဝင် မူလာရှီဒီးဂိတ်ကို ဒေသခံ PDF တပ်ဖွ့ဲက လက်နက်ကြီးနဲ့ ပစ်ခတ်တာတိုက်ခိုက်ခဲ့ပါတယ်။ ရှမ်းပြည် နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာတော့ မူဆယ်နဲ့ ကျင်စန်းကျော့အကြား ကောင်းခံရွာမှာ အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တွေက ပစ်ခတ်တာကြောင့် ရဲအရာရှိတဦး သေဆုံးခဲ့ပါတယ်။

#MyanmarViolence #KachinFighting #KIA #VOABurmese

#ကချင်၊လီဒိုလမ်း#မူလာရှီဒီးဂိတ်#မိုင်းဆွဲတိုက်ခိုက်#ကောင်းခံရွာ

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG