သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Burkina Faso သမ္မတ အစောင့်တပ်မှူးက နိုင်ငံ့အကြီးအကဲအဖြစ် ကြေညာ


နိုင်ငံတာဝန်တွေ လွဲှပြောင်းယူလိုက်ပြီဖြစ်တဲ့ သမ္မတအစောင့်တပ်က ဒုတိယဗိုလ်မှူးကြီး Yacouba Issaac Zida
နိုင်ငံတာဝန်တွေ လွဲှပြောင်းယူလိုက်ပြီဖြစ်တဲ့ သမ္မတအစောင့်တပ်က ဒုတိယဗိုလ်မှူးကြီး Yacouba Issaac Zida

သမ္မတရာထူးကနေဆင်းပေးသွားတဲ့ Burkina Faso နိုင်ငံမှာ စစ်တပ်ထောက်ခံတဲ့ ခေါင်းဆောင်သစ်တက်လာပုံရပါတယ်။ သမ္မတအစောင့်တပ်က ဒုတိယဗိုလ်မှူးကြီး Yacouba Issac Zida က တိုင်းပြည်တာဝန်တွေကို ယူလိုက်ပြီလို့ ဒီကနေ့မှာ ကြေညာခဲ့ပါတယ်။

သောကြာနေ့တုန်းကပဲ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Honore Traore က နိုင်ငံတော်အကြီးအကဲတာဝန်ကို ယူလိုက်ပြီလို့ ကြေညာခဲ့တဲ့အတွက်
Burkina Faso ရဲ့ နိုင်ငံ့ခေါင်းဆောင် ဘယ်သူဖြစ်တယ်ဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်နေချိန်မှာပဲ ဒုတိယဗိုလ်မှူးကြီး Zida ကို ထောက်ခံကြောင်း စစ်တပ်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေညာချက်ပေါ် လက်မှတ်ထိုးထားသူတွေထဲမှာ ဗိုလ်ချုပ်ကြီး Honore Traore ရဲ့ လက်မှတ်လည်း ပါပါတယ်။ အစောပိုင်းတုန်းကတော့ Burkina Faso ရဲ့ ကြားဖြတ် အစိုးရအခြေအနေနဲ့ ပတ်သက်လို့ မရှင်းလင်းသေးဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပြီး အမေရိကန်နိုင်ငံသွားတွေကို
ခရီသွားသတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံကို ၂၇ နှစ်ကြာအုပ်ချုပ်နေတဲ့ သမ္မတ Blaise Compaore နောက်ထပ် သမ္မတသက်တမ်း တာဝန်ယူနိုင်ဖို့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကြာသပတေးနေ့က လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ကြမယ့်အပေါ် ပြည်သူတွေက ဆန္ဒပြခဲ့ကြ တဲ့အတွက် Mr. Compaore
သောကြာနေ့က ရာထူးကနေ ဆင်းပေးခဲ့ပါတယ်။

XS
SM
MD
LG