သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်တင်းနစ်မယ် Li Na အနားယူတော့မည်

Urush maydoni - Hims, Suriya. So'nggi xurujlarda qairyb 150 odam o'lgan.
Urush maydoni - Hims, Suriya. So'nggi xurujlarda qairyb 150 odam o'lgan.

တင်းနစ် အားကစားမှာ Grand Slam ဆုကြီးနှစ်ခု ရထားဖူးတဲ့ တရုတ်တင်းနစ်မယ် Li Na က ဆိုးရွားတဲ့ဒဏ်ရာတွေကြောင့် အနားယူတော့မယ် လို့ ကြေညာလိုက်ပါတယ်။ ၂၀၁၁ ခုနှစ် ပြင်သစ် အိုးပန်းပြိုင်ပွဲမှာ Li Na အနိုင်ရတာကြောင့် Grand Slam ဆုကြီးတခုကို အနိုင်ရတဲ့ တရုတ်နိုင်ငံက ပထမ ဆုံး တင်းနစ်အားကစားသမားဖြစ်ပါတယ်။

ဒီနှစ်အစောပိုင်းကကျင်းပတဲ့ သြစတြေးလျအိုးပန်း တင်းနစ်ပြိုင်ပွဲမှာလည်း အနိုင်ရပေမယ့် ဒူးခေါင်းဒဏ်ရာ ရတဲ့အတွက် အဲဒီပွဲ ပြီးတဲ့နောက် ကစားပွဲ ကျဲသွားပါတယ်။

ဒူးခေါင်း ခွဲစိတ်ကုသမှုလေးကြိမ်နဲ့ ယောင်တာနဲ့နာကျင်တာ သက်သာစေဖို့ သီတင်းပတ်စဉ်တိုင်း အကြိမ် ရာပေါင်းများစွာ ဒူးခေါင်းထဲ ဆေးထိုးထည့်ရပြီးတဲ့နောက်မှာ ရပ်ဖို့အတွက် ခန္ဓာကိုယ်က တောင်းဆိုလာပါတယ်လို့ အွန်လိုင်းမှာ ဒီကနေ့ တင်ထား တဲ့ထုတ်ပြန်ချက်တခုမှာ အသက် ၃၂ နှစ်အရွယ် Li Na က ပြောထားပါတယ်။

တင်းနစ်ကစားတဲ့ သက်တမ်းတလျှောက် ကမ္ဘာ့တင်းနစ်အသင်းပြိုင်ပွဲ ကိုးပွဲကို အနိုင်ရပြီး သြစတြေးလျအိုးပန်းတင်းနစ်ပြိုင်ပွဲကို အနိုင်ရပြီးတဲ့နောက် ၂၀၁၄ ခုနှစ်မှာ ကမ္ဘာ့အဆင့်နှစ် နေရာအထိ ရောက်ခဲ့ပါတယ်။

XS
SM
MD
LG