သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ လင်ကွန်း လုပ်ကြံခံရချိန် ကိုယ်တွေ့ ဆေးမှတ်တမ်း တွေ့ရှိ


လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ အမေရိကန်သမ္မတ အီဘရာဟဲမ် လင်ကွန်း (Abraham Lincoln) ပြဇတ်ရုံမှာ သေနတ် ပစ်ခံရပြီးချိန် ပထမဆုံးသူ့ကို ကုသခဲ့တဲ့ ဆရာဝန်ရဲ့ဆေးမှတ်တမ်းကို ဝါရှင်တန် အမျိုးသား မော်ကွန်းတိုက်မှာ သမိုင်းပညာရှင်တွေ ပြန်တွေ့ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း
၁၄၇ ကြာထဲက မှတ်တမ်းတင် သိမ်းဆည်းထားတဲ့ ဆေးမှတ်တမ်းကို ပြီးခဲ့တဲ့ လကမှ ပြန်ပြီး ရှာတွေ့ခဲ့တာဖြစ်ပါတယ်။

ဒီဆေးမှတ်တမ်းအရ ၁၈၆၅ ခုနှစ်တုန်းက ဘယ်လို အရေးပေါ်ကုသမှုမျိုး ရှိခဲ့သလဲ ဆိုတာကို သိနိုင်ခဲ့ပါတယ်။ ၁၈၆၅ ခုနှစ် ဧပြီလ ၁၄ ရက်နေ့တုန်းက ဝါရှင်တန် မြို့တော်မှာရှိတဲ့ Ford’s ပြဇတ်ရုံမှာ သမ္မတ လင်ကွန်း ပြဇတ် ကြည့်နေချိန်မှာ သူနဲ့ မလှမ်းမကမ်းမှာ စစ်ဆရာဝန် Charles Leale ရှိနေခဲ့ပါတယ်။

ဆရာဝန် Leale ရေးသားထားတဲ့ ဆေးမှတ်တမ်းထဲမှာ သေနတ်သံကြားရချိန်မှာ လုပ်ကြံသူ John Wilkes Booth ဟာ ဇတ်ခုံပေါ်ကတဆင့် သမ္မတ ထိုင်နေတဲ့ နေရာဆီ အမြန်သွားခဲ့တာကို မြင်ခဲ့ရတယ်လို့ ရေးထားပါတယ်။ ဒဏ်ရာရနေတဲ့ သမ္မတကို အတတ်နိုင်ဆုံး ကုသဖို့အတွက် သမ္မတကတော် Mary Todd Lincoln ကသူ့ကို အနှုးအညွတ် တောင်းပန်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာ သူက ဘရန်ဒီနဲ့ရေကို အယူခိုင်းခဲ့တဲ့အကြောင်း၊ သမ္မခေါင်းပေါ်က သွေးခဲကို ဖယ်ရှား ပေးခဲ့တဲ့အကြောင်း၊ သူ့လက်နဲ့ သေနတ်ဒဏ်ရာကို နှိုက်ပြီး စမ်းသပ်ခဲ့ကြောင်းတွေကို ဆရာဝန်က ရေးသားထားပါတယ်/ အသက်ရှုရပ်နေတဲ့ သမ္မတကို အသက် ပြန်ရှုအောင် လုပ်ခဲ့တဲ့အတွက် နှလုံးပြန်ခုန်လာခဲ့ပေမဲ့ သမ္မတလင်ကွန်း သတိ ပြန်မလည်လာခဲ့တော့ပါဘူး/

ဒဏ်ရာရနေတဲ့ သမ္မတကို ပြဇတ်ရုံရဲ့အရှေ့မှာရှိတဲ့ သမ္မတအိမ်တော်ဆီ ပြန်ခေါ်သွားချိန်မှာ သူဘေးကနေ လိုက်သွားခဲ့တဲ့ အကြောင်းလဲ ဆရာဝန် လီရာလေက ရေးထားပါတယ်။ နောက်တနေ့မှာ သမ္မတလင်ကွန်း ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ သမ္မတသေဆုံးမှုနဲ့ ပါတ်သက်ပြီး လွှတ်တော်မှာ စုံစမ်းစစ်ဆေးမှုအတွက် ဆရာဝန် Charles Leale ဒီမှတ်တမ်းကို ရေးသားခဲ့တာ ဖြစ်တယ်လို့ သမိုင်းပညာရှင်တွေက ပြောကြပါတယ်။

XS
SM
MD
LG