သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Lisa Maire Presley ႐ုပ္အေလာင္း Graceland စံအိမ္ႀကီးမွာ ျမႇဳပ္ႏွံမည္


Lisa Marie Presley

ၾကာသပေတးေန႔က ကြယ္လြန္သြားခဲ့တဲ့ ေတးေရး-ေတးဆို Lisa Marie Presley ရဲ႕ ႐ုပ္အေလာင္းကို သူ႔ဖခင္ေနထိုင္ခဲ့တဲ့ Graceland စံအိမ္ဝန္းႀကီးထဲမွာ ျမႇဳပ္ႏွံမွာျဖစ္ပါတယ္။ Rock & Roll ဂီတဘုရင္လို႔ တင္စားၾကတဲ့ ဖခင္ Elvis Presley ၁၉၇၇ ခုႏွစ္က ကြယ္လြန္သြားၿပီးေနာက္မွာ Graceland စံအိမ္ႀကီးကို Lisa Marie အေမြရခဲ့တာပါ။

Elvis ရဲ႕ တဦးတည္းေသာသမီး Lisa Marie Presley ကြယ္လြန္သြားတဲ့အတြက္ Elvis ရဲ႕ ကမၻာတဝန္းက ပရိတ္သတ္ေတြအတြက္ လက္႐ွိ ျပတိုက္လုပ္ထားတဲ့ Graceland စံအိမ္ဝန္းႀကီးဆီ သူတို႔ပရိတ္သတ္ေတြ ေသာၾကာေန႔က လာေရာက္ၿပီး ဝမ္းနည္း၊ စိတ္မေကာင္းေၾကာင္း ျပသခဲ့ၾကပါတယ္။

၂၀၂၀ ခုႏွစ္က ကိုယ့္ကိုယ္ကိုအဆုံးစီရင္သြားတဲ့ Lisa Marie ရဲ႕ သားအႀကီး Benjamin ရဲ႕ ႐ုပ္အေလာင္းေဘးမွာ Lisa Marie Presley ကို ျမႇဳပ္ႏွံမွာ ျဖစ္တယ္လို႔ သမီးႀကီးရဲ႕ ကိုယ္စားလွယ္က အသိေပးခဲ့ပါတယ္။ Los Angeles မွာ ေနထိုင္သူ Lisa Marie ဟာ ဖခင္ Elvis ရဲ႕ အသက္ ၈၈ ႏွစ္ျပည့္ေမြးေန႔ အထိမ္းအမွတ္ျဖစ္တဲ့ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ကပဲ Graceland စံအိမ္ႀကီးဆီသြားၿပီး သူ႔ဖခင္ရဲ႕ ပရိတ္သတ္ေတြကို ႏႈတ္ဆက္စကားေျပာခဲ့ပါေသးတယ္။

Lisa Marie Presley ဟာ ၾကာသပေတးေန႔က ႐ုတ္တရက္ ႏွလုံးခုန္ရပ္ၿပီး အသက္ ၅၄ ႏွစ္မွာ ကြယ္လြန္သြားတာ ျဖစ္ပါတယ္။ မကြယ္လြန္ခင္ ၂ ရက္ကလည္း Golden Globe ေ႐ႊကမၻာလုံးဆုေပးပြဲ အခမ္းအနားကို တက္ေရာက္ခဲ့ၿပီး Elvis" ႐ုပ္႐ွင္ကားမွာ ဖခင္ Elvis Presley အျဖစ္သ႐ုပ္ေဆာင္သူ မင္းသား Austin Butler အေကာင္းဆုံး အမ်ိဳးသား ဇာတ္ေဆာင္ဆုရ႐ွိခဲ့တဲ့အေပၚ ခ်ီးက်ဴးစကားေျပာခဲ့ပါတယ္။ Lisa Marie Presley ကြယ္လြန္ခ်ိန္မွာ သမီးသံုးေယာက္ က်န္ရစ္ခဲ့ပါတယ္။

===== Unicode =====

ကြာသပတေးနေ့က ကွယ်လွန်သွားခဲ့တဲ့ တေးရေး-တေးဆို Lisa Marie Presley ရဲ့ ရုပ်အလောင်းကို သူ့ဖခင်နေထိုင်ခဲ့တဲ့ Graceland စံအိမ်ဝန်းကြီးထဲမှာ မြှုပ်နှံမှာဖြစ်ပါတယ်။ Rock & Roll ဂီတဘုရင်လို့ တင်စားကြတဲ့ ဖခင် Elvis Presley ၁၉၇၇ ခုနှစ်က ကွယ်လွန်သွားပြီးနောက်မှာ Graceland စံအိမ်ကြီးကို Lisa Marie အမွေရခဲ့တာပါ။

Elvis ရဲ့ တဦးတည်းသောသမီး Lisa Marie Presley ကွယ်လွန်သွားတဲ့အတွက် Elvis ရဲ့ ကမ္ဘာတဝန်းက ပရိတ်သတ်တွေအတွက် လက်ရှိ ပြတိုက်လုပ်ထားတဲ့ Graceland စံအိမ်ဝန်းကြီးဆီ သူတို့ပရိတ်သတ်တွေ သောကြာနေ့က လာရောက်ပြီး ဝမ်းနည်း၊ စိတ်မကောင်းကြောင်း ပြသခဲ့ကြပါတယ်။

၂၀၂၀ ခုနှစ်က ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားတဲ့ Lisa Marie ရဲ့ သားအကြီး Benjamin ရဲ့ ရုပ်အလောင်းဘေးမှာ Lisa Marie Presley ကို မြှုပ်နှံမှာ ဖြစ်တယ်လို့ သမီးကြီးရဲ့ ကိုယ်စားလှယ်က အသိပေးခဲ့ပါတယ်။ Los Angeles မှာ နေထိုင်သူ Lisa Marie ဟာ ဖခင် Elvis ရဲ့ အသက် ၈၈ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်ဖြစ်တဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပဲ Graceland စံအိမ်ကြီးဆီသွားပြီး သူ့ဖခင်ရဲ့ ပရိတ်သတ်တွေကို နှုတ်ဆက်စကားပြောခဲ့ပါသေးတယ်။

Lisa Marie Presley ဟာ ကြာသပတေးနေ့က ရုတ်တရက် နှလုံးခုန်ရပ်ပြီး အသက် ၅၄ နှစ်မှာ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။ မကွယ်လွန်ခင် ၂ ရက်ကလည်း Golden Globe ရွှေကမ္ဘာလုံးဆုပေးပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပြီး Elvis" ရုပ်ရှင်ကားမှာ ဖခင် Elvis Presley အဖြစ်သရုပ်ဆောင်သူ မင်းသား Austin Butler အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုရရှိခဲ့တဲ့အပေါ် ချီးကျူးစကားပြောခဲ့ပါတယ်။ Lisa Marie Presley ကွယ်လွန်ချိန်မှာ သမီးသုံးယောက် ကျန်ရစ်ခဲ့ပါတယ်။

XS
SM
MD
LG