သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပရီးမီးယားလိဂ် လီဗာပူးလ် ၆ ပွဲဆက် ရှုံးပွဲမရှိ


မန်ချက်စတာ ယူနိုက်တက်နှင့် ဝို့လ်ဗ်စ်တို့ပွဲကို လာကြည့်သည့် မန်ယူဂန္ထဝင်နည်းပြကြီး ဖာဂူဆန်။ ၂၂ စက်တင်ဘာ ၂၀၁၈။

စနေနေ့ကကစားတဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အမှတ်ပေးဇယား ထိပ်ဆုံးမှာရှိနေတဲ့ လီဗာပူးလ်အသင်းက အိမ်ကွင်းမှာ ဆောက်သမ်ပ်တန်အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရတာကြောင့် ၆ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးဘဲ ထိပ်ဆုံးနေရာကို ဆက်ထိန်းထားလိုက်နိုင်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ အိမ်ကွင်းမှာပဲ ဝို့လ်ဗ်စ်အသင်းနဲ့ တဘက် ၁ ဂိုးစီ သရေကျပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဒီကနေ့ပွဲကို အသင်းရဲ့ ဂန္ထဝင်နည်းပြဟောင်းကြီး ဖာဂူဆန် သွားကြည့်ပါတယ်။

မန်စီးတီးအသင်းဟာလည်း အဝေးကွင်းမှာ ကားဒစ်ဖ်စီးတီးအသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရပြီး အမှတ်ပေးဇယားမှာ လီဗာပူးလ်၊ ချယ်လ်ဆီးတို့နဲ့အပြိုင် ထိပ်ဆုံးနေရာကိုရဖို့ အလားအလာကောင်းနေဆဲပါ။

တခြား အနိုင်ရပွဲတွေကတော့ လက်စ်တာစီးတီးက အိမ်ကွင်းမှာ ဟတ်ဒါစ်ဖီးလ်ဒ်ကို ၃ ဂိုး ၁ ဂိုး၊ ဘန်လေက အိမ်ကွင်းမှာ ဘုန်းန်မောက်သ်ကို ၄ ဂိုးပြတ်၊ စပါးက အဝေးကွင်းမှာ ဘရိုက်တန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အသီးသီး အနိုင်ရကြပါတယ်။

ဖူလ်ဟမ်းနဲ့ ဝတ်တ်ဖို့ဒ်တို့ ၁ ဂိုးစီ သရေကျပြီး ခရစ္စတယ်လ် ပဲလေ့စ်နဲ့ နယူးကက်ဆယ်လ်က ဂိုးမရှိသရေကျပါတယ်။

(ဒီကနေ့မှာ) တနင်္ဂနွေနေ့မှာ ဝက်စ်ဟမ်းမ်နဲ့ ချယ်လ်ဆီး၊ အာဆင်နယ်လ်နဲ့ အဲဗာတန်တို့ ကစားကြမှာဖြစ်ပါတယ်။ ချယ်လ်ဆီး အသင်းဟာလည်း လက်ရှိ ၅ ပွဲကစားပြီးတဲ့နောက် ရှုံးပွဲမရှိသေးဘဲ ဝက်စ်ဟမ်းနဲ့ကစားမယ့် ပွဲစဉ် ၆ ရလဒ်ပေါ်မူတည်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးသုံးသင်းကြား အဆင့်အပြောင်းအလဲတွေ ပေါ်လာမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG