သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Liz Truss ကို ၿဗိတိန္ဝန္ႀကီးခ်ဳပ္အျဖစ္ တရားဝင္ခန႔္အပ္


ၿဗိတိန္မွာ တတိယေျမာက္အမ်ဳိးသမီးဝန္ႀကီးခ်ဳပ္ျဖစ္လာတဲ့  Liz Truss က ဘုရင္မႀကီး အဲလစ္ဇဘက္ကို Balmoral Castle မွာ ႏႈတ္ဆက္ေတြ႔ဆံုစဥ္။ စက္တင္ဘာ ၆၊ ၂၀၂၂)

[[Zawgyi/Unicode]]

ႏိုင္ငံျခားေရးဝန္ႀကီး Liz Truss ဟာ ဒီကေန႔ အဂၤါေန႔မွာ ၿဗိတိန္ႏိုင္ငံရဲ႕ဝန္ႀကီးခ်ဳပ္သစ္ ျဖစ္လာပါၿပီ။ စီးပြါးေရး ကေသာင္းကနင္းျဖစ္ၿပီး မီတာခေတြ ထိုးတက္ေနခ်ိန္မွာ ဝန္ႀကီးခ်ဳပ္ေဟာင္း Boris Johson ရဲ႕ေနရာကို ဆက္ခံရတာ ျဖစ္ပါတယ္။

ဘုရင္မႀကီး အဲလီဇဘက္ရဲ႕ စေကာ့တလန္ကေႏြရာသီစံအိမ္မွာ ဝန္ႀကီးခ်ဳပ္ေဟာင္း Johnson ရဲ႕ ႏုတ္ထြက္လႊာကိုလက္ခံအၿပီး Liz Truss ကို ဝန္ႀကီးခ်ဳပ္အျဖစ္ ဘုရင္မႀကီးက ခန႔္အပ္လိုက္တာ ျဖစ္ပါတယ္။

ကြန္ဆာေဗးတစ္ပါတီဝင္ ၁၈၀,၀၀o က မဲခြဲေ႐ြးခ်ယ္ၿပီးတဲ့ေနာက္ တနလၤာေန႔က အရင္ဘ႑ာေရးဝန္ႀကီးေဟာင္း Rishi Sunak ကို Truss က အႏိုင္ရခဲ့တာျဖစ္ပါတယ္။ သူအႏိုင္ရေၾကာင္း ေၾကညာခဲ့ၿပီးတဲ့ေနာက္မွာ Truss က ျပည္သူေတြ လက္ငင္းႀကဳံေနရတဲ့ စြမ္းအင္ေလာင္စာေဈးႏႈန္းျမင့္တက္ေနတဲ့ ကိစၥတင္မကဘဲ ေလာင္စာစြမ္းအင္ဆိုင္ရာ ေရရွည္ျပႆနာကိုပါ ေျဖရွင္းသြားမွာ ျဖစ္ေၾကာင္း ကတိေပးခဲ့ပါတယ္။

တတိယေျမာက္ အမ်ိဳးသမီးဝန္ႀကီးခ်ဳပ္ျဖစ္လာေတာ့မယ့္ အသက္ ၄၇ ႏွစ္အရြယ္ Liz Truss ဟာ ၿဗိတိန္မွာ ၆ ႏွစ္အတြင္း စတုတၳေျမာက္ဝန္ႀကီးခ်ဳပ္လည္း ျဖစ္ပါတယ္။ ၿဗိတိန္ အီးယူဥေရာပသမဂၢက ခြဲထြက္တာကို တခ်ိန္ကဆန႔္က်င္ခဲ့ေပမယ့္ အခုခိုင္ခိုင္မာမာ ေထာက္ခံလာတဲ့ Turss ဟာ ဝန္ႀကီးခ်ဳပ္ေဟာင္း Johnson လိုပဲ ႐ုရွားရဲ႕ ၆ လ ၾကာလာၿပီျဖစ္တဲ့ ယူကရိန္းက်ဴးေက်ာ္စစ္ကို ဆန႔္က်င္သူျဖစ္ၿပီး အေနာက္မဟာမိတ္ေတြနဲ႔အတူ ယူကရိန္းကို အကူအညီေတြ ဆက္ေပးဖို႔ ရွိပါတယ္။

Truss ဟာ ႏိုင္ငံတြင္းစီးပြးေရးက်ဆင္းမႈ၊ ႀကီးထြားလာေနတဲ့ အလုပ္သမားျပႆနာ၊ မီတာခထိုးတက္ေနတာနဲ႔ ျပင္းထန္တဲ့ေဆာင္းရာသီနဲ႔ ရင္ဆိုင္ရေတာ့မယ့္ ၿဗိတိန္ႏိုင္ငံမွာ ေလာင္စာဆီျပတ္ေတာက္ႏိုင္ေျခရွိေနတာေတြကို လက္ငင္းရင္ဆိုင္ရဖို႔ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------

[[Unicode]]

Liz Truss ကို ဗြိတိန်ဝန်ကြီးချုပ်အဖြစ် တရားဝင်ခန့်အပ်

နိုင်ငံခြားရေးဝန်ကြီး Liz Truss ဟာ ဒီကနေ့ အင်္ဂါနေ့မှာ ဗြိတိန်နိုင်ငံရဲ့ဝန်ကြီးချုပ် သစ် ဖြစ်လာပါပြီ။ စီးပွါးရေး ကသောင်းကနင်းဖြစ်ပြီး မီတာခတွေ ထိုးတက်နေချိန်မှာ ဝန်ကြီးချုပ်ဟောင်း Boris Johson ရဲ့နေရာကို ဆက်ခံရတာ ဖြစ်ပါတယ်။

ဘုရင်မကြီး အဲလီဇဘက်ရဲ့ စကော့တလန်ကနွေရာသီစံအိမ်မှာ ဝန်ကြီးချုပ်ဟောင်း Johnson ရဲ့ နုတ်ထွက်လွှာကိုလက်ခံအပြီး Liz Truss ကို ဝန်ကြီးချုပ်အဖြစ် ဘုရင်မကြီးက ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

ကွန်ဆာဗေးတစ်ပါတီဝင် ၁၈၀,၀၀o က မဲခွဲရွေးချယ်ပြီးတဲ့နောက် တနင်္လာနေ့က အရင်ဘဏ္ဍာရေးဝန်ကြီးဟောင်း Rishi Sunak ကို Truss က အနိုင်ရခဲ့တာဖြစ်ပါတယ်။ သူအနိုင်ရကြောင်း ကြေညာခဲ့ပြီးတဲ့နောက်မှာ Truss က ပြည်သူတွေ လက်ငင်းကြုံနေရတဲ့ စွမ်းအင်လောင်စာဈေးနှုန်းမြင့်တက်နေတဲ့ ကိစ္စတင်မကဘဲ လောင်စာစွမ်းအင်ဆိုင်ရာ ရေရှည်ပြဿနာကိုပါ ဖြေရှင်းသွားမှာ ဖြစ်ကြောင်း ကတိပေးခဲ့ပါတယ်။

တတိယမြောက် အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာတော့မယ့် အသက် ၄၇ နှစ်အရွယ် Liz Truss ဟာ ဗြိတိန်မှာ ၆ နှစ်အတွင်း စတုတ္ထမြောက်ဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။ ဗြိတိန် အီးယူဥရောပသမဂ္ဂက ခွဲထွက်တာကို တချိန်ကဆန့်ကျင်ခဲ့ပေမယ့် အခုခိုင်ခိုင်မာမာ ထောက်ခံလာတဲ့ Turss ဟာ ဝန်ကြီးချုပ်ဟောင်း Johnson လိုပဲ ရုရှားရဲ့ ၆ လ ကြာလာပြီဖြစ်တဲ့ ယူကရိန်းကျူးကျော်စစ်ကို ဆန့်ကျင်သူဖြစ်ပြီး အနောက်မဟာမိတ်တွေနဲ့အတူ ယူကရိန်းကို အကူအညီတွေ ဆက်ပေးဖို့ ရှိပါတယ်။

Truss ဟာ နိုင်ငံတွင်းစီးပွးရေးကျဆင်းမှု၊ ကြီးထွားလာနေတဲ့ အလုပ်သမားပြဿနာ၊ မီတာခထိုးတက်နေတာနဲ့ ပြင်းထန်တဲ့ဆောင်းရာသီနဲ့ ရင်ဆိုင်ရတော့မယ့် ဗြိတိန်နိုင်ငံမှာ လောင်စာဆီပြတ်တောက်နိုင်ခြေရှိနေတာတွေကို လက်ငင်းရင်ဆိုင်ရဖို့ရှိပါတယ်။

XS
SM
MD
LG