သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဝန်ကြီးချုပ် ရာထူးကနေ နုတ်ထွက်မယ် ကြေညာ 


ဝန်ကြီးချုပ်သက်တမ်း ၄၅ ရက်မှာ ရာထူးကနုတ်ထွက်ဖို့ ကြေညာလိုက်တဲ့ ဗြိတိန်ဝန်ကြီးချုပ် Liz Truss 
ဝန်ကြီးချုပ်သက်တမ်း ၄၅ ရက်မှာ ရာထူးကနုတ်ထွက်ဖို့ ကြေညာလိုက်တဲ့ ဗြိတိန်ဝန်ကြီးချုပ် Liz Truss 

[[Zawgyi/Unicode]]

ဗြိတိန်ဝန်ကြီးချုပ် Liz Truss က ရာထူးတာဝန်ကနေ နုတ်ထွက်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ ဝန်ကြီးချုပ်တာဝန်ယူခဲ့ပြီး ၄၅ ရက်အကြာမှာပဲ သူထမ်းဆောင်ရမယ့် တာဝန်တွေ လက်တွေ့မဖော်ဆောင်နိုင်ခဲ့တာကြောင့် ဝန်ကြီးချုပ်တာဝန်ကနေရော ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်တာဝန်ကနေပါ နုတ်ထွက်မယ့်အကြောင်း ဒီနေ့ ကြာသပတေးနေ့မှာ ကြေညာလိုက်တာဖြစ်ပါတယ်။

ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်တာဝန်ကနေ နုတ်ထွက်မယ်ဆိုတာ ဘုရင်ကို ဒီနေ့မနက်ကပဲ အသိပေး အကြောင်းကြားလိုက်ပါတယ်လို့ ဝန်ကြီးချုပ် Truss က ဒေါင်းနင်းလမ်းက ဝန်ကြီးချုပ်ရုံးရှေ့မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ သူ့နေရာအစားထိုးမယ့် ခေါင်းဆောင်သစ်မရွေးနိုင်ခင်အထိ လက်ရှိတာဝန်တွေကို ဆက်ထမ်းဆောင်သွားမယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။ ပါတီခေါင်းဆောင်သစ်ကို တပတ်အတွင်း ရွေးချယ်သွားဖို့ ကွန်ဆာဗေးတစ်ပါတီဆိုင်ရာ လွှတ်တော်ကော်မတီ ဥက္ကဋ္ဌနဲ့ သဘောတူခဲ့တယ်လို့လည်း ပြောပါတယ်။

ဝန်ကြီးချုပ် Truss ရဲ့ စီးပွားရေးဆိုင်ရာ မူဝါဒသစ်တွေကြောင့် ဗြိတိန်စီးပွားရေးနဲ့ဘဏ္ဍာရေးမှာ အကြီးအကျယ် ဂယက်ရိုက်ခတ်ခဲ့ပါတယ်။ အဲဒါကြောင့် ဘဏ္ဍာရေးဝန်ကြီးကို ရာထူးကနေထုတ်ပယ်ခဲ့ရသလို အခွန်လျှော့ကောက်မယ့် အစီအစဉ်တွေအားလုံးကိုလည်း ပြန်လည်ပြင်ဆင်ခဲ့ရပါတယ်။ ဒီလိုအခြေအနေတွေကြားမှာ ဝန်ကြီးချုပ်အပေါ် ပါတီတွင်း ဆန့်ကျင်ကန့်ကွက်မှု ကြီးကြီးမားမား ဆက်ခံရပြီး နောက်ဆုံး နုတ်ထွက်ပေးဖို့ ဖြစ်လာတာပါ။

ဝန်ကြီးချုပ် Truss က စီးပွားရေးစိန်ခေါ်မှုတွေကြုံရချိန် ဝန်ကြီးချုပ်တာဝန်ကို သူယူခဲ့ရတာဖြစ်တယ်လို့ ဒီနေ့ ကာကွယ်ပြောကြားခဲ့ပါတယ်။

မနေ့ကတော့ လွှတ်တော်အမတ်တွေရဲ့အမေးကိုဖြေစဉ်မှာ သူဟာ နုတ်ထွက်မဲ့လူစားမျိုးမဟုတ်ဘူး၊ ဆက်တိုက်ပွဲဝင်သွားမယ်၊ ဝန်ကြီးချုပ်တာဝန် ဆက်ယူသွားမယ်လို့ ပြတ်ပြတ်သားသား ပြောခဲ့ပြီးမှ နုတ်ထွက်မယ်လို့ ဒီနေ့ကြေညာတာဟာ ပါတီတွင်း ဝေဖန်မှုတွေ၊ ဖိအားတွေပိုများလာတာကြောင့် ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ဗြိတိန်နိုင်ငံမှာ အာဏာရပါတီခေါင်းဆောင်က ဝန်ကြီးချုပ်တာဝန်ကို ယူရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]








XS
SM
MD
LG