သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္ ကာကြယ္ေရးဝန္ႀကီး ထိုင္းဝန္ႀကီးခ်ဳပ္နဲ႔ ေတြ႔ဆုံ


အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Lloyd Austin (ယာ) နဲ႔ထိုင္းဝန္ႀကီးခ်ဳပ္ Prayuth Chan-ocha တို႔ ကာကြယ္ေရးဝန္ႀကီးဌာနက ဂုဏ္ျပဳတပ္ဖြဲ႔ကို စစ္ေဆးၾကည့္႐ႈစဥ္။ (ဇြန္ ၁၃၊ ၂၀၂၂)

[[Zawgyi/Unicode]]

အေမရိကန္ကာကြယ္ေရးဝန္ႀကီး Lloyd Austin ဟာ ထိုင္းႏိုင္ငံဝန္ႀကီးခ်ဳပ္ Prayut Chan-ocha နဲ႔ ဒီကေန႔ ေတြ႔ဆုံခဲ့ပါတယ္။ အာရွေဒသတြင္းအၿပိဳင္မရွိတဲ့ မဟာမိတ္ကြန္ယက္ခိုင္ မာေရးကို ေဆြးေႏြးခဲ့ၾကတယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

Lloyd Austin ရဲ႕ခရီးစဥ္ဟာ အေမရိကန္နဲ႔ထိုင္း ႏွစ္ႏိုင္ငံရဲ႕ စစ္ေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈ အက်ယ္အဝန္း အနက္အရႈိင္း ၂ ရပ္လုံးတိုးခ်ဲ႕ဖို႔ အေရးႀကီးတဲ့ ေျခလွမ္းတလွမ္း ျဖစ္တယ္လို႔လည္း ဆိုပါတယ္။

ဝန္ႀကီးခ်ဳပ္နဲ႔မေတြ႔ဆုံမီမွာ အေမရိကန္ကာကြယ္ေရးဝန္ႀကီးဟာ အေမရိကန္တပ္သားေတြကို တနလၤာေန႔က ေတြ႔ဆုံႏႈတ္ဆက္ၿပီး အေမရိကန္ျပည္ေထာင္စုကို ကိုယ္စားျပဳၿပီး ခင္ဗ်ားတို႔ ေဆာင္႐ြက္ခဲ့တာေတြအတြက္ ေက်းဇူးတင္ပါတယ္လို႔ ေျပာဖို႔ပါ။” လို႔ Lloyd Austin က ေျပာခဲ့ပါတယ္။

Lloyd Austin ဟာ စကၤာပူကို သြားေရာက္ခဲ့ၿပီးတဲ့ေနာက္ ထိုင္းႏိုင္ငံကို ခရီးဆက္ခဲ့တာ ျဖစ္ပါတယ္။

အေမရိကန္ႏိုင္ငံရဲ႕ ထိပ္တန္းသံတမန္တဦးျဖစ္တဲ့ Darek Chollet ဟာလည္း ထိုင္းႏိုင္ငံ အပါအဝင္ အာရွႏိုင္ငံေတြကို ခရီးလွည့္လည္ေနပါတယ္။ အာရွႏိုင္ငံေတြရဲ႕ ေထာက္ခံမႈကို အေမရိကန္က ျဖတ္သိမ္းသြားတယ္လို႔ တ႐ုတ္ ကာကြယ္ေရးဝန္ႀကီးက ဇြန္လ ၁၁ ရက္နဲ႔ ၁၂ ရက္ေတြမွာ က်င္းပခဲ့တဲ့ အာရွကာကြယ္ေရးညီလာခံမွာ စြပ္စြဲသြားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ကန် ကာကွယ်ရေးဝန်ကြီး ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံ

အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin ဟာ ထိုင်းနိုင်ငံဝန်ကြီးချုပ် Prayut Chan-ocha နဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။ အာရှဒေသတွင်းအပြိုင်မရှိတဲ့ မဟာမိတ်ကွန်ယက်ခိုင် မာရေးကို ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

Lloyd Austin ရဲ့ခရီးစဉ်ဟာ အမေရိကန်နဲ့ထိုင်း နှစ်နိုင်ငံရဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အကျယ်အဝန်း အနက်အရှိုင်း ၂ ရပ်လုံးတိုးချဲ့ဖို့ အရေးကြီးတဲ့ ခြေလှမ်းတလှမ်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဝန်ကြီးချုပ်နဲ့မတွေ့ဆုံမီမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီးဟာ အမေရိကန်တပ်သားတွေကို တနင်္လာနေ့က တွေ့ဆုံနှုတ်ဆက်ပြီး အမေရိကန်ပြည်ထောင်စုကို ကိုယ်စားပြုပြီး ခင်ဗျားတို့ ဆောင်ရွက်ခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်လို့ ပြောဖို့ပါ။” လို့ Lloyd Austin က ပြောခဲ့ပါတယ်။

Lloyd Austin ဟာ စင်္ကာပူကို သွားရောက်ခဲ့ပြီးတဲ့နောက် ထိုင်းနိုင်ငံကို ခရီးဆက်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ ထိပ်တန်းသံတမန်တဦးဖြစ်တဲ့ Darek Chollet ဟာလည်း ထိုင်းနိုင်ငံ အပါအဝင် အာရှနိုင်ငံတွေကို ခရီးလှည့်လည်နေပါတယ်။ အာရှနိုင်ငံတွေရဲ့ ထောက်ခံမှုကို အမေရိကန်က ဖြတ်သိမ်းသွားတယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီးက ဇွန်လ ၁၁ ရက်နဲ့ ၁၂ ရက်တွေမှာ ကျင်းပခဲ့တဲ့ အာရှကာကွယ်ရေးညီလာခံမှာ စွပ်စွဲသွားခဲ့ပါတယ်။
=============

XS
SM
MD
LG