သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကြၽန္းလွၿမိဳ႕အဝင္အထြက္ကို ထပ္ပိတ္ၿပီး ပ်ဴေစာထီးေတြက စစ္သင္တန္းတက္ခိုင္းေန


‌ေဒသခံမ်ားကို စစ္ေကာင္စီက စစ္သင္တန္းေပးေန (ယခင္ပုံေဟာင္း) - ကေလးၿမိဳ႕၊ ေဖေဖာ္ဝါရီ၊ ၂၀၂၂

စစ္ကိုင္းတိုင္း၊ ကြၽန္းလွၿမိဳ႕ရဲ႕ အဝင္အထြက္ေတြကို ဒီကေန႔မွာပဲ ပ်ဴေစာထီးတပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတပ္ေတြက ထပ္ပိတ္လိုက္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ကြၽန္းလွၿမိဳ႕ထဲမွာလည္း ေဒသခံေတြကို ျပည္သူ႔စစ္သင္တန္း အတင္းအၾကပ္ တက္ခိုင္းေနတဲ့အေၾကာင္း ေဒသခံေတြက ေျပာၾကပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို အေျခခံၿပီး မဆုမြန္က ေျပာျပပါမယ္။

ကြၽန္းလွၿမိဳ႕ကို မတ္လ ၁ ရက္ေန႔ကစၿပီး ပ်ဴေစာထီးေတြနဲ႔ စစ္ေကာင္စီတပ္ေတြက ၿမိဳ႕အဝင္အထြက္ေတြကို ပိတ္ခဲ့တာျဖစ္ၿပီး ၁၀ ရက္ေန႔မွာ ျပန္ဖြင့္ခဲ့ေပမယ့္ ဒီကေန႔ မတ္လ ၁၅ ရက္ေန႔မွာ ျပန္ပိတ္လိုက္တယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ဒါက တရားဝင္စာထုတ္ၿပီး ပိတ္တာမ်ိဳးမဟုတ္ဘဲ ပ်ဴေစာထီးေတြရဲ႕ သေဘာထားနဲ႔ ပိတ္တာမ်ိဳးျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

“၁ ရက္ေန႔ကေန ၁၀ ရက္ေန႔ထိပိတ္တယ္လို႔ေျပာတယ္၊ အဲ့ကေန ၁၄ ရက္ေန႔ထိ ဖြင့္တယ္ေပါ့၊ တခါ ဒီေန႔ ျပန္ပိတ္တယ္ေပါ့ေလ။ အဲ့လိုေတာ့ ကြၽန္ေတာ္တို႔ ၾကားေနရတယ္။ သူတို႔က တရားဝင္စာထုတ္ၿပီးေတာ့ ပိတ္တာမ်ိဳးလည္း မဟုတ္ဘူးေပါ့။ အဲ့ေတာ့ သူတို႔ အဝင္ခံတဲ့ေန႔ဆိုရင္ ဖြင့္တာပဲ။ သူတို႔ အဝင္မခံတဲ့ေန႔ ဆိုရင္ ပိတ္တာပဲ၊ အဲ့လိုပဲ ျဖစ္ေနတာေပါ့။”

မတ္လ ၁၄ ရက္ေန႔က ပ်ဴေစာထီးအဖြဲ႕ေတြက ေဒသခံေတြကို အစည္းအေဝးေခၚၿပီး ရပ္႐ြာကို ကာကြယ္ႏိုင္ဖို႔အတြက္ ျပည္သူ႔စစ္သင္တန္း တက္ၾကဖို႔ ဖိအားေပးေျပာဆိုခဲ့တယ္လို႔ ေဒသခံေတြက ေျပာၾကပါတယ္။

ကြၽန္းလွၿမိဳ႕နဲ႔ တဆက္တည္းျဖစ္တဲ့ ရွမ္းစုနဲ႔ တပ္ကုန္း႐ြာေတြက ေဒသခံေတြကို ျပည္သူစစ္သင္တန္း တက္ခိုင္းတာျဖစ္ၿပီးေတာ့ ၿမိဳ႕ေပၚရပ္ကြက္ေတြက ေဒသခံေတြကိုလည္း ျပည္သူ႔စစ္သင္တန္း တက္ၾကဖို႔ ေျပာခဲ့တယ္လို႔ ဆိုပါတယ္။ ၂၀၂၂ ႏိုဝင္ဘာလေလာက္တုန္းကလဲ ကြၽန္းလွၿမိဳ႕ထဲက အင္းမၿမိဳင္ရပ္ကြက္ အပါအဝင္ ရပ္ကြက္တခ်ိဳ႕က ေဒသခံေတြကို ျပည္သူ႔စစ္သင္တန္း ေပးခဲ့တယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

ခုလို ျပည္သူ႔စစ္သင္တန္းကို အတင္းအက်ပ္ တက္ခိုင္းတာမ်ိဳးေတြ ရွိတာေၾကာင့္ ေဒသခံေတြက ကြၽန္းလွၿမိဳ႕ထဲက ထြက္သြားလိုၾကေပမယ့္ ပ်ဴေစာထီးေတြက ၿမိဳ႕အဝင္အထြက္ေတြ အားလုံးကို ပိတ္ၿပီး ၿမိဳ႕ထဲက ထြက္ခြင့္မေပးဘူးလို႔ ကြၽန္းလွၿမိဳ႕ တက္ႂကြလႈပ္ရွားသူမ်ားအဖြဲ႕တာဝန္ခံ ကိုညီက VOA ကိုခုလိုေျပာပါတယ္။

“မေန႔က သူတို႔ အစည္းအေဝးေခၚတယ္လို႔ေျပာတယ္။ ေခၚၿပီးေတာ့မွ ရွမ္းစုနဲ႔ တပ္ကုန္းဆိုတဲ့ ကြၽန္းလွနားေလးက ႐ြာကို မတက္မေနရ တစ္အိမ္တစ္ေယာက္ ပုံစံမ်ိဳးနဲ႔ သူတို႔ မဲႏႈိက္မယ္၊ မဲႏႈိက္ၿပီးေတာ့ က်တဲ့အိမ္ေတြကေတာ့ တစ္အိမ္တစ္ေယာက္ေပါ့၊ ပ်ဴသင္တန္း တက္ရမယ္ေပါ့၊ ဒီလိုလုပ္ေနတာေတြေတာ့ ရွိတယ္ဗ်။ အဓိကကေတာ့ ၿမိဳ႕ထဲက လူေတြကလည္း အေဝးကို ေရွာင္ခ်င္တဲ့ဟာေတြ ေတာ္ေတာ္မ်ားမ်ား ရွိတယ္ဆိုတာ ကြၽန္ေတာ္တို႔ သိရတယ္ေပါ့ေနာ္။ ေနာက္ ကြၽန္ေတာ္တို႔ကို အကူအညီေတာင္းတာမ်ိဳးေတြလည္း ရွိတယ္ေပါ့။ ခက္ေနတာက ဘာလည္းဆိုေတာ့ သူတို႔ ၿမိဳ႕ထဲကေန ၿမိဳ႕ျပင္ထြက္ဖို႔ကိုက ေတာ္ေတာ္ခက္ခဲတဲ့ အေနအထားမွာရွိတယ္။ တကယ္လို႔ မိသြားတယ္ဆိုရင္လည္း ႐ိုက္ခံရတာတို႔၊ ႏွိပ္စက္ခံရတာတို႔ အဲ့ဒါမ်ိဳးေတြလည္း ရွိတယ္လို႔ကြၽန္ေတာ္တို႔ တဆင့္ ျပန္ၾကားရတာေပါ့။”

ကြၽန္းလွၿမိဳ႕က ပ်ဴေစာထီးအဖြဲ႕ေတြက ၿမိဳ႕ထဲက ေဒသခံေတြကို အတင္းအဓမၼ ဖိအားေပးၿပီး ရပ္ကြက္မွာ လုံၿခဳံေရး ကင္းေစာင့္ခိုင္းတာေတြ လုပ္သလို ေငြေၾကးေတာင္းခံတာေတြ လုပ္ေနတယ္လို႔ ေဒသခံေတြက ေျပာၾကပါတယ္။ ဒီလိုလုပ္တာက သူတို႔အတြက္ လူအင္အား စုၿပီးသားျဖစ္သလို လူထုကို အကာကြယ္ယူတာမ်ိဳးျဖစ္တယ္လို႔ ကြၽန္းလွၿမိဳ႕ တက္ႂကြလႈပ္ရွားသူမ်ားအဖြဲ႕တာဝန္ခံ ကိုညီက ျမင္ပါတယ္။

“၁၂ ရက္ ၁၃ ရက္ေလာက္ကစၿပီးေတာ့မွ သူတို႔ အစည္းအေဝးေတြ စေခၚၿပီးေတာ့မွ လုံၿခဳံေရးေစာင့္ခိုင္းတာတို႔၊ ေနာက္တခုက ဂိတ္ေတြမွာ အေစာင့္ထားတာတို႔ ဒီလိုေတြ လုပ္ေနတာေတြ ရွိတယ္။ အဓိကကေတာ့ သူတို႔ရဲ႕ လုံၿခဳံေရးအတြက္လို႔ပဲ ကြၽန္ေတာ္တို႔က ယူဆတာေပါ့။ ကြၽန္ေတာ္တို႔ ၾကားရသေလာက္ေတာ့ မျဖစ္မေန ကင္းေစာင့္ရမယ္ ဂိတ္ေတြမွာ ေစာင့္ေပးရမယ္။ ဒါမ်ိဳးေတြ လုပ္ၿပီးေတာ့မွ သူတို႔(ပ်ဴ)ကေတာ့ ၿမိဳ႕ထဲမွာ ေအးေအးေဆးေဆး ေနေနတယ္ဆိုတာမ်ိဳးလဲ ကြၽန္ေတာ္တို႔ ၾကားရတာေပါ့ေလ။ ကြၽန္ေတာ္တို႔ ျမင္တာကေတာ့ သူတို႔အတြက္လည္း လူအင္အားလည္း စုၿပီးသားျဖစ္တယ္။ ေနာက္တခုက သူတို႔ရဲ႕ လုံၿခဳံေရးအတြက္လည္း ပိုစိတ္ခ်ရတယ္ေပါ့၊ ေနာက္တခုက ဒီ လူထုကို အကာအကြယ္ယူတဲ့သေဘာလို႔လည္း ကြၽန္ေတာ္တို႔ ယူဆတယ္ေပါ့ေနာ္။”

ျမန္မာစစ္တပ္နဲ႔ ပ်ဴေစာထီး အဖြဲ႕ေတြက အေၾကာင္းရင္းမသိရဘဲ ကြၽန္းလွၿမိဳ႕အဝင္အထြက္ေတြကို ပိတ္ထားတာ လဝက္ေလာက္ ရွိလာၿပီျဖစ္တဲ့အတြက္ ကြၽန္းလွၿမိဳ႕ကို အားကိုးအားထားျပဳၿပီး ေရာင္းဝယ္ ေဖာက္ကားလုပ္ၾကရတဲ့ သူေတြ အခက္အခဲ ျဖစ္ၾကရသလို ကုန္စည္စီးဆင္းမႈေတြပါ ရပ္တန္႔ကုန္တယ္လို႔ ေဒသခံေတြက ေျပာၾကပါတယ္။ ဒီလို ၿမိဳ႕ကိုပိတ္ထားတာေၾကာင့္ ကြၽန္းလွတနယ္လုံးက ေဒသခံေတြအတြက္ က်န္းမာေရး အေရးေပၚကိစၥေတြမွာ ဒုကၡေရာက္ၾကရသလို စားေရးေသာက္ေရးလည္း ခက္ခဲေနၾကရတယ္လို႔ ေျပာၾကပါတယ္။

ကြၽန္းလွၿမိဳ႕နယ္အတြင္းက ေက်း႐ြာေတြကိုလည္း ျမန္မာစစ္တပ္က နယ္ေျမရွင္းလင္းေရး စစ္ေၾကာင္းေတြဝင္သလို ေက်း႐ြာက ေနအိမ္ေတြကို မီးရႈိ႕တာေတြလည္း ရွိတာေၾကာင့္ ေဒသခံေတြ စစ္ေဘးေရွာင္ေနၾကရတာေတြလည္း ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

ကျွန်းလှမြို့အဝင်အထွက်ကို ထပ်ပိတ်ပြီး ပျူစောထီးတွေက စစ်သင်တန်းတက်ခိုင်းနေ

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့ရဲ့ အဝင်အထွက်တွေကို ဒီကနေ့မှာပဲ ပျူစောထီးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေက ထပ်ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျွန်းလှမြို့ထဲမှာလည်း ဒေသခံတွေကို ပြည်သူ့စစ်သင်တန်း အတင်းအကြပ် တက်ခိုင်းနေတဲ့အကြောင်း ဒေသခံတွေက ပြောကြပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မဆုမွန်က ပြောပြပါမယ်။

ကျွန်းလှမြို့ကို မတ်လ ၁ ရက်နေ့ကစပြီး ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်တွေက မြို့အဝင်အထွက်တွေကို ပိတ်ခဲ့တာဖြစ်ပြီး ၁၀ ရက်နေ့မှာ ပြန်ဖွင့်ခဲ့ပေမယ့် ဒီကနေ့ မတ်လ ၁၅ ရက်နေ့မှာ ပြန်ပိတ်လိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါက တရားဝင်စာထုတ်ပြီး ပိတ်တာမျိုးမဟုတ်ဘဲ ပျူစောထီးတွေရဲ့ သဘောထားနဲ့ ပိတ်တာမျိုးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“၁ ရက်နေ့ကနေ ၁၀ ရက်နေ့ထိပိတ်တယ်လို့ပြောတယ်၊ အဲ့ကနေ ၁၄ ရက်နေ့ထိ ဖွင့်တယ်ပေါ့၊ တခါ ဒီနေ့ ပြန်ပိတ်တယ်ပေါ့လေ။ အဲ့လိုတော့ ကျွန်တော်တို့ ကြားနေရတယ်။ သူတို့က တရားဝင်စာထုတ်ပြီးတော့ ပိတ်တာမျိုးလည်း မဟုတ်ဘူးပေါ့။ အဲ့တော့ သူတို့ အဝင်ခံတဲ့နေ့ဆိုရင် ဖွင့်တာပဲ။ သူတို့ အဝင်မခံတဲ့နေ့ ဆိုရင် ပိတ်တာပဲ၊ အဲ့လိုပဲ ဖြစ်နေတာပေါ့။”

မတ်လ ၁၄ ရက်နေ့က ပျူစောထီးအဖွဲ့တွေက ဒေသခံတွေကို အစည်းအဝေးခေါ်ပြီး ရပ်ရွာကို ကာကွယ်နိုင်ဖို့အတွက် ပြည်သူ့စစ်သင်တန်း တက်ကြဖို့ ဖိအားပေးပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ကျွန်းလှမြို့နဲ့ တဆက်တည်းဖြစ်တဲ့ ရှမ်းစုနဲ့ တပ်ကုန်းရွာတွေက ဒေသခံတွေကို ပြည်သူစစ်သင်တန်း တက်ခိုင်းတာဖြစ်ပြီးတော့ မြို့ပေါ်ရပ်ကွက်တွေက ဒေသခံတွေကိုလည်း ပြည်သူ့စစ်သင်တန်း တက်ကြဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၂ နိုဝင်ဘာလလောက်တုန်းကလဲ ကျွန်းလှမြို့ထဲက အင်းမမြိုင်ရပ်ကွက် အပါအဝင် ရပ်ကွက်တချို့က ဒေသခံတွေကို ပြည်သူ့စစ်သင်တန်း ပေးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ခုလို ပြည်သူ့စစ်သင်တန်းကို အတင်းအကျပ် တက်ခိုင်းတာမျိုးတွေ ရှိတာကြောင့် ဒေသခံတွေက ကျွန်းလှမြို့ထဲက ထွက်သွားလိုကြပေမယ့် ပျူစောထီးတွေက မြို့အဝင်အထွက်တွေ အားလုံးကို ပိတ်ပြီး မြို့ထဲက ထွက်ခွင့်မပေးဘူးလို့ ကျွန်းလှမြို့ တက်ကြွလှုပ်ရှားသူများအဖွဲ့တာဝန်ခံ ကိုညီက VOA ကိုခုလိုပြောပါတယ်။

“မနေ့က သူတို့ အစည်းအဝေးခေါ်တယ်လို့ပြောတယ်။ ခေါ်ပြီးတော့မှ ရှမ်းစုနဲ့ တပ်ကုန်းဆိုတဲ့ ကျွန်းလှနားလေးက ရွာကို မတက်မနေရ တစ်အိမ်တစ်ယောက် ပုံစံမျိုးနဲ့ သူတို့ မဲနှိုက်မယ်၊ မဲနှိုက်ပြီးတော့ ကျတဲ့အိမ်တွေကတော့ တစ်အိမ်တစ်ယောက်ပေါ့၊ ပျူသင်တန်း တက်ရမယ်ပေါ့၊ ဒီလိုလုပ်နေတာတွေတော့ ရှိတယ်ဗျ။ အဓိကကတော့ မြို့ထဲက လူတွေကလည်း အဝေးကို ရှောင်ချင်တဲ့ဟာတွေ တော်တော်များများ ရှိတယ်ဆိုတာ ကျွန်တော်တို့ သိရတယ်ပေါ့နော်။ နောက် ကျွန်တော်တို့ကို အကူအညီတောင်းတာမျိုးတွေလည်း ရှိတယ်ပေါ့။ ခက်နေတာက ဘာလည်းဆိုတော့ သူတို့ မြို့ထဲကနေ မြို့ပြင်ထွက်ဖို့ကိုက တော်တော်ခက်ခဲတဲ့ အနေအထားမှာရှိတယ်။ တကယ်လို့ မိသွားတယ်ဆိုရင်လည်း ရိုက်ခံရတာတို့၊ နှိပ်စက်ခံရတာတို့ အဲ့ဒါမျိုးတွေလည်း ရှိတယ်လို့ကျွန်တော်တို့ တဆင့် ပြန်ကြားရတာပေါ့။”

ကျွန်းလှမြို့က ပျူစောထီးအဖွဲ့တွေက မြို့ထဲက ဒေသခံတွေကို အတင်းအဓမ္မ ဖိအားပေးပြီး ရပ်ကွက်မှာ လုံခြုံရေး ကင်းစောင့်ခိုင်းတာတွေ လုပ်သလို ငွေကြေးတောင်းခံတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ဒီလိုလုပ်တာက သူတို့အတွက် လူအင်အား စုပြီးသားဖြစ်သလို လူထုကို အကာကွယ်ယူတာမျိုးဖြစ်တယ်လို့ ကျွန်းလှမြို့ တက်ကြွလှုပ်ရှားသူများအဖွဲ့တာဝန်ခံ ကိုညီက မြင်ပါတယ်။

“၁၂ ရက် ၁၃ ရက်လောက်ကစပြီးတော့မှ သူတို့ အစည်းအဝေးတွေ စခေါ်ပြီးတော့မှ လုံခြုံရေးစောင့်ခိုင်းတာတို့၊ နောက်တခုက ဂိတ်တွေမှာ အစောင့်ထားတာတို့ ဒီလိုတွေ လုပ်နေတာတွေ ရှိတယ်။ အဓိကကတော့ သူတို့ရဲ့ လုံခြုံရေးအတွက်လို့ပဲ ကျွန်တော်တို့က ယူဆတာပေါ့။ ကျွန်တော်တို့ ကြားရသလောက်တော့ မဖြစ်မနေ ကင်းစောင့်ရမယ် ဂိတ်တွေမှာ စောင့်ပေးရမယ်။ ဒါမျိုးတွေ လုပ်ပြီးတော့မှ သူတို့(ပျူ)ကတော့ မြို့ထဲမှာ အေးအေးဆေးဆေး နေနေတယ်ဆိုတာမျိုးလဲ ကျွန်တော်တို့ ကြားရတာပေါ့လေ။ ကျွန်တော်တို့ မြင်တာကတော့ သူတို့အတွက်လည်း လူအင်အားလည်း စုပြီးသားဖြစ်တယ်။ နောက်တခုက သူတို့ရဲ့ လုံခြုံရေးအတွက်လည်း ပိုစိတ်ချရတယ်ပေါ့၊ နောက်တခုက ဒီ လူထုကို အကာအကွယ်ယူတဲ့သဘောလို့လည်း ကျွန်တော်တို့ ယူဆတယ်ပေါ့နော်။”

မြန်မာစစ်တပ်နဲ့ ပျူစောထီး အဖွဲ့တွေက အကြောင်းရင်းမသိရဘဲ ကျွန်းလှမြို့အဝင်အထွက်တွေကို ပိတ်ထားတာ လဝက်လောက် ရှိလာပြီဖြစ်တဲ့အတွက် ကျွန်းလှမြို့ကို အားကိုးအားထားပြုပြီး ရောင်းဝယ် ဖောက်ကားလုပ်ကြရတဲ့ သူတွေ အခက်အခဲ ဖြစ်ကြရသလို ကုန်စည်စီးဆင်းမှုတွေပါ ရပ်တန့်ကုန်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ဒီလို မြို့ကိုပိတ်ထားတာကြောင့် ကျွန်းလှတနယ်လုံးက ဒေသခံတွေအတွက် ကျန်းမာရေး အရေးပေါ်ကိစ္စတွေမှာ ဒုက္ခရောက်ကြရသလို စားရေးသောက်ရေးလည်း ခက်ခဲနေကြရတယ်လို့ ပြောကြပါတယ်။

ကျွန်းလှမြို့နယ်အတွင်းက ကျေးရွာတွေကိုလည်း မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေဝင်သလို ကျေးရွာက နေအိမ်တွေကို မီးရှို့တာတွေလည်း ရှိတာကြောင့် ဒေသခံတွေ စစ်ဘေးရှောင်နေကြရတာတွေလည်း ရှိပါတယ်။

XS
SM
MD
LG