သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မေကြးတိုင္းေပါက္ၿမိဳ႕နယ္ေရနံလက္ယက္တြင္းေတြ စစ္ေကာင္စီတပ္ မီးရိႈ႕ဖ်က္ဆီး


မေကြးတုိင္းေဒသႀကီးအတြင္းက လက္ယက္ေရနံတြင္းမ်ား (ယခင္မွတ္တမ္းဓါတ္ပုံ)


မေကြးတိုင္းေပါက္ၿမိဳ႕နယ္ေရနံလက္ယက္တြင္းေတြ စစ္ေကာင္စီတပ္ မီးရိႈ႕ဖ်က္ဆီး

{{Zawgyi/Unicode}}
မေကြးတိုင္း ေပါက္ၿမိဳ႕နယ္နဲ႔ ၿမိဳင္ၿမိဳ႕နယ္ထဲမွာ နယ္ေျမ႐ွင္းလင္းတဲ့ စစ္ေကာင္စီတပ္ေတြက ေဒသခံေတြရဲ႕ လက္ယက္ေရနံတြင္းေတြကိုပါ မီးရိႈ႕ ဖ်က္ဆီးခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဝင္ေငြအတြက္ အားထားေနရတဲ့ လက္ယက္ေရနံတြင္းေတြ ဖ်က္ဆီးခံရလို႔ ေဒသခံေတြ ဒုကၡေရာက္ေနတဲ့အေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုရဲမြန္ကေျပာျပပါမယ္။

လက္ယက္ေရနံတြင္းေတြကို အဓိကအားထားလုပ္ကိုင္တဲ့ မေကြးတိုင္း ပခုကၠဴခရိုင္ ေပါက္ၿမိဳ႕နယ္နဲ႔ ၿမိဳင္ၿမိဳ႕နယ္ထဲက လက္ပံတို ၊ သေျပညိဳ စတဲ့ ေရနံေမွာ္ေတြထဲက ေရနံတြင္းေတြနဲ႔ ေရနံေတြကို စစ္ေကာင္စီတပ္ေတြ မီး႐ႈိ႕ဖ်က္ဆီးေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ စစ္တပ္ကနယ္ေျမရွင္းလင္းရင္း အခုလို မီး႐ႈိ႕ ဖ်က္စီးေနတဲ့အတြက္ ေဒသခံလုပ္သားေတြမွာ စိုးရိမ္ၿပီး လုပ္ငန္းခြင္၀င္ဖို႔ အခက္အခဲေတြ ရွိေနပါတယ္။ ဒီအေျခအေနနဲ႔ ပတ္သက္လို႔ ေရနံလုပ္ငန္း လုပ္ကိုင္ေနသူတဦးကအခုလိုေျပာပါတယ္။

“သူတို႔ရည္ရြယ္ခ်က္ကေတာ့ အဓိက က နယ္ေျမရွင္းလင္းေရး သေဘာမ်ိဳးေပါ့ဗ်ာ။ ကြ်န္ေတာ္တို႔ေရနံ ေျမက PDF ေတြကို အေထာက္ပံ့ျဖစ္တယ္ေပါ့ဗ်ာ။ ေရနံေျမဆိုေတာ့ ေရနံက ေငြေၾကးထြက္တာကို အဲ့ေတာ့ PDF ေတြကို ဒီကေန အေထာက္ပံ့ ျဖစ္တယ္ဆိုၿပီးေတာ့ အဲ့ဒီသေဘာနဲ႔ ေရနံေျမမွာရွိတဲ့ အဓိက ေရနံေပါ့။ ေရနံေတြ ေတာ္ေတာ္မ်ားမ်ားကို လိုက္မီးရိႈ႕ေနတယ္။ စိုးရိမ္ထိတ္လန္႔မႈဆိုရင္ လက္ရွိအခ်ိန္က ကြ်န္ေတာ္တို႔ဆီမွာက လုပ္ရဲကိုင္ရဲတဲ့ အေနအထားကို မရွိေတာ့ဘူး။ အကုန္လံုးက ဒီေနရာကို စြန္႔ဖို႔ပဲစိတ္ကူးေနတာေပါ့။ လုပ္မယ့္သူမရွိမယ့္ အေနအထားပဲ ေျပာပါေတာ့ဗ်ာ။ မလုပ္ရဲၾကေတာ့တာေပါ့ဗ်ာ။ လုပ္ေတာ့လုပ္ခ်င္တာေပါ့"

လက္ယက္ေရနံတြင္းေတြကို အဓိကအားထားေနရတဲ့သူေတြအေနနဲ႔ ေရနံတြင္းေတြ ဖ်က္စီးခံရတဲ့အတြက္ ဝင္ေငြထိခိုက္ေနၾကပါတယ္။

" ထိခိုက္တာက ဒီမွာရွိတဲ့လုပ္သားေတြ လုပ္သားဆိုတာလည္းျပည္သူေတြေပါ့ေနာ္။ အဓိက ေရနံတြင္းမီးရိႈ႕တယ္ က်င္းပိုင္ဆံုးရံႈးတယ္။ အဲ့က်င္းမွာခပ္ေနတဲ့ အလုပ္သမားက တရက္ကို ၁ ေသာင္းဆုိ ၁ ေသာင္း ဒီလုိ အလုပ္သမားေတြ သူတို႔ကိုယ္တိုင္မခပ္ရဲေတာ့ဘူး။ ေရနံတြင္းမီးရိႈ႕သြားရင္ ခပ္စရာက်င္းမရွိေတာ့ဘူး။ ဒီဘက္က အလုပ္သမားေတြ ျပည္သူေတြအကုန္ထိခိုက္ပါတယ္။ ကြ်န္ေတာ္တို႔ဘက္က ေရနံကိုပဲ အဓိက အားထားလုပ္ကိုင္တာ။”

မေကြးတိုင္းထဲက တျခားေနရာေတြမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ေတြ တိုက္ပြဲေတြျဖစ္ၿပီး ေရနံစိမ္းေစ်းေတြ မတည္မၿငိမ္ျဖစ္ခဲ့ပါတယ္။ အဲဒီလိုျဖစ္ေနတဲ့ တိုက္ပြဲေတြေၾကာင့္ပဲ ခုလို ေရနံတြင္းေတြကို မီး႐ႈိ႕တာျဖစ္မယ္လို႔ေဒသခံတဦးက ခန္႔မွန္းပါတယ္။

“၁ ပီပါကို အရင္က ၁ သိန္း၀န္းက်င္ေလာက္ပဲသြားေနတာ။ ၁ သိန္းေအာက္မွာေပါ့ေနာ္။ စကစ ကမီးရိႈ႕မႈေတြ သူတို႔ရဲ႕ ၀င္ေရာက္ၿပီး အၾကမ္းဖက္မႈေတြေၾကာင့္ဆိုၿပီး အခုက ေစ်းကမမွန္ဘူးျဖစ္ေနတယ္။ တရက္နဲ႔တရက္ကို စစ္ေကာင္စီက ကြ်န္ေတာ္တို႔ မေကြးတိုင္းမွာဆိုရင္ ဂန္႔ေဂါခရိုင္ကေတာ့ ထားလိုက္ပါေတာ့ေနာ္။ အဲ့ဒီပခုကၠဴ ခရိုင္မွာက ၿမိဳင္ၿမိဳ႕နယ္ရယ္ ေရစႀကိဳၿမိဳ႕နယ္ရယ္ ေပါက္ၿမိဳ႕နယ္ရယ္က ထိန္းခ်ဳပ္လို႔မရဘူး။ အဲ့ဒီထိန္းခ်ဳပ္လို႔မရတဲ့ ၿမိဳင္ၿမိဳ႕နယ္မွာက အခုလက္ရွိ ေရနံကိစၥနဲ႔ပတ္သက္ၿပီးေတာ့ ေရနံတြင္းတူး လုပ္ငန္းနဲ႔ ပတ္သက္ၿပီးေတာ့ ေနာက္ဆံုး အဆံုးသတ္ကို ေျပာရမယ္ဆိုရင္ ဒါက မီးရိႈ႕ ဖ်က္ရိႈ႕ ဖ်က္ဆီးခဲ့တာေပါ့။”

ေရနံေျမဘက္မွာ တိုက္ပြဲေတြ႐ွိမေနေပမဲ့စစ္ေကာင္စီဘက္က နယ္ေျမရွင္းလင္းၿပီး ေရနံေမွာ္ေတြကို ထိန္းခ်ဳပ္ခ်င္တဲ့အတြက္ အခုလို မီးရိႈ႕တာလို႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕၀င္တဦးက ေျပာပါတယ္။

“ဒီေကာင္ေတြက သူတို႔ကို ပစ္လို႔ရွိရင္ ရြာေတြမီးရိႈ႕မယ္။ လုပ္ခ်င္ရာေတြလုပ္မယ္ဆိုေတာ့ PDF ေတြ ဒီဘက္က အားလံုးက ၿငိမ္ေနၾကရတာ။ ရြာေတြထိမွာဆိုးလို႔ အဓိက က သူတို႔က ေရနံေမွာ္ကို ထိန္းခ်ဳပ္ခ်င္တဲ့ သေဘာေပါ့။”

စစ္ေကာင္စီက ေရနံတြင္းေတြနဲ႔ ေရနံေတြကို မီးရိႈ႕သြားတဲ့အတြက္ ေရနံစိမ္းရွားပါးလာသလို နယ္ေျမအေျခအေနေတြေၾကာင့္ သယ္ယူရာမွာ အခက္အခဲေတြရွိေနတဲ့အတြက္ အရင္ကေဒသ ေရနံစိမ္းေပါက္ေစ်းဟာ ၁ သိန္း၀န္းက်င္ကေန မီးရိႈ႕ဖ်က္ဆီးခံရၿပီးေနာက္ပိုင္း ၁ သိန္း ၃ ေသာင္းနီးပါး ေစ်းျမင့္တက္သြားပါတယ္။

.............................................................

တိုက္႐ိုက္ လင့္ခ္


မကွေးတိုင်းပေါက်မြို့နယ် ရေနံလက်ယက်တွင်းတွေ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

{{Unicode}}
မကွေးတိုင်း ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်ထဲမှာ နယ်မြေရှင်းလင်းတဲ့ စစ်ကောင်စီတပ်တွေက ဒေသခံတွေရဲ့ လက်ယက်ရေနံတွင်းတွေကိုပါ မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝင်ငွေအတွက် အားထားနေရတဲ့ လက်ယက်ရေနံတွင်းတွေ ဖျက်ဆီးခံရလို့ ဒေသခံတွေ ဒုက္ခရောက်နေတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန် ကပြောပြပါမယ်။

လက်ယက်ရေနံတွင်းတွေကို အဓိကအားထားလုပ်ကိုင်တဲ့ မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်ထဲက လက်ပံတို ၊ သပြေညို စတဲ့ ရေနံမှော်တွေထဲက ရေနံတွင်းတွေနဲ့ ရေနံတွေကို စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်က နယ်မြေရှင်းလင်းရင်း အခုလို မီးရှို့ ဖျက်စီးနေတဲ့အတွက် ဒေသခံလုပ်သားတွေမှာ စိုးရိမ်ပြီး လုပ်ငန်းခွင်ဝင်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ရေနံလုပ်ငန်း လုပ်ကိုင်နေသူတဦးကအခုလိုပြောပါတယ်။

“သူတို့ရည်ရွယ်ချက်ကတော့ အဓိက က နယ်မြေရှင်းလင်းရေး သဘောမျိုးပေါ့ဗျာ။ ကျွန်တော်တို့ရေနံ မြေက PDF တွေကို အထောက်ပံ့ဖြစ်တယ်ပေါ့ဗျာ။ ရေနံမြေဆိုတော့ ရေနံက ငွေကြေးထွက်တာကို အဲ့တော့ PDF တွေကို ဒီကနေ အထောက်ပံ့ ဖြစ်တယ်ဆိုပြီးတော့ အဲ့ဒီသဘောနဲ့ ရေနံမြေမှာရှိတဲ့ အဓိက ရေနံပေါ့။ ရေနံတွေ တော်တော်များများကို လိုက်မီးရှို့နေတယ်။ စိုးရိမ်ထိတ်လန့်မှုဆိုရင် လက်ရှိအချိန်က ကျွန်တော်တို့ဆီမှာက လုပ်ရဲကိုင်ရဲတဲ့ အနေအထားကို မရှိတော့ဘူး။ အကုန်လုံးက ဒီနေရာကို စွန့်ဖို့ပဲစိတ်ကူးနေတာပေါ့။ လုပ်မယ့်သူမရှိမယ့် အနေအထားပဲ ပြောပါတော့ဗျာ။ မလုပ်ရဲကြတော့တာပေါ့ဗျာ။ လုပ်တော့လုပ်ချင်တာပေါ့"

လက်ယက်ရေနံတွင်းတွေကို အဓိကအားထားနေရတဲ့သူတွေအနေနဲ့ ရေနံတွင်းတွေ ဖျက်စီးခံရတဲ့အတွက် ဝင်ငွေထိခိုက်နေကြပါတယ်။

" ထိခိုက်တာက ဒီမှာရှိတဲ့လုပ်သားတွေ လုပ်သားဆိုတာလည်းပြည်သူတွေပေါ့နော်။ အဓိက ရေနံတွင်းမီးရှို့တယ် ကျင်းပိုင်ဆုံးရှုံးတယ်။ အဲ့ကျင်းမှာခပ်နေတဲ့ အလုပ်သမားက တရက်ကို ၁ သောင်းဆို ၁ သောင်း ဒီလို အလုပ်သမားတွေ သူတို့ကိုယ်တိုင်မခပ်ရဲတော့ဘူး။ ရေနံတွင်းမီးရှို့သွားရင် ခပ်စရာကျင်းမရှိတော့ဘူး။ ဒီဘက်က အလုပ်သမားတွေ ပြည်သူတွေအကုန်ထိခိုက်ပါတယ်။ ကျွန်တော်တို့ဘက်က ရေနံကိုပဲ အဓိက အားထားလုပ်ကိုင်တာ။”

မကွေးတိုင်းထဲက တခြားနေရာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေဖြစ်ပြီး ရေနံစိမ်းဈေးတွေ မတည်မငြိမ်ဖြစ်ခဲ့ပါတယ်။ အဲဒီလိုဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့်ပဲ ခုလို ရေနံတွင်းတွေကို မီးရှို့တာဖြစ်မယ်လို့ ဒေသခံတဦးက ခန့်မှန်းပါတယ်။

“၁ ပီပါကို အရင်က ၁ သိန်းဝန်းကျင်လောက်ပဲသွားနေတာ။ ၁ သိန်းအောက်မှာပေါ့နော်။ စကစ ကမီးရှို့မှုတွေ သူတို့ရဲ့ ဝင်ရောက်ပြီး အကြမ်းဖက်မှုတွေကြောင့်ဆိုပြီး အခုက ဈေးကမမှန်ဘူးဖြစ်နေတယ်။ တရက်နဲ့တရက်ကို စစ်ကောင်စီက ကျွန်တော်တို့ မကွေးတိုင်းမှာဆိုရင် ဂန့်ဂေါခရိုင်ကတော့ ထားလိုက်ပါတော့နော်။ အဲ့ဒီပခုက္ကူ ခရိုင်မှာက မြိုင်မြို့နယ်ရယ် ရေစကြိုမြို့နယ်ရယ် ပေါက်မြို့နယ်ရယ်က ထိန်းချုပ်လို့မရဘူး။ အဲ့ဒီထိန်းချုပ်လို့မရတဲ့ မြိုင်မြို့နယ်မှာက အခုလက်ရှိ ရေနံကိစ္စနဲ့ပတ်သက်ပြီးတော့ ရေနံတွင်းတူး လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ နောက်ဆုံး အဆုံးသတ်ကို ပြောရမယ်ဆိုရင် ဒါက မီးရှို့ ဖျက်ရှို့ ဖျက်ဆီးခဲ့တာပေါ့။”

ရေနံမြေဘက်မှာ တိုက်ပွဲတွေရှိမနေပေမဲ့ စစ်ကောင်စီဘက်က နယ်မြေရှင်းလင်းပြီး ရေနံမှော်တွေကို ထိန်းချုပ်ချင်တဲ့အတွက် အခုလို မီးရှို့တာလို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“ဒီကောင်တွေက သူတို့ကို ပစ်လို့ရှိရင် ရွာတွေမီးရှို့မယ်။ လုပ်ချင်ရာတွေလုပ်မယ်ဆိုတော့ PDF တွေ ဒီဘက်က အားလုံးက ငြိမ်နေကြရတာ။ ရွာတွေထိမှာဆိုးလို့ အဓိက က သူတို့က ရေနံမှော်ကို ထိန်းချုပ်ချင်တဲ့ သဘောပေါ့။”

စစ်ကောင်စီက ရေနံတွင်းတွေနဲ့ ရေနံတွေကို မီးရှို့သွားတဲ့အတွက် ရေနံစိမ်းရှားပါးလာသလို နယ်မြေအခြေအနေတွေကြောင့် သယ်ယူရာမှာ အခက်အခဲတွေရှိနေတဲ့အတွက် အရင်ကဒေသ ရေနံစိမ်းပေါက်ဈေးဟာ ၁ သိန်းဝန်းကျင်ကနေ မီးရှို့ဖျက်ဆီးခံရပြီးနောက်ပိုင်း ၁ သိန်း ၃ သောင်းနီးပါး ဈေးမြင့်တက်သွားပါတယ်။

XS
SM
MD
LG