သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မုံ႐ြာ လယ္ဇင္စံျပေက်း႐ြာကို စစ္ေကာင္စီတပ္ စီးနင္းပစ္ခတ္ ေလးဦးေသဆုံး


ျမန္မာစစ္ေကာင္စီတပ္ဖြဲ့၀င္တခ်ိဳ ့ (ဓာတ္ပံု- AFP)

စစ္ကိုင္းတိုင္း၊ မုံ႐ြာခ႐ိုင္ထဲက ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြရွိတဲ့ လယ္ဇင္စံျပေက်း႐ြာမွာ ဇန္နဝါရီ ၁၇ ရက္က စစ္ေကာင္စီတပ္ေတြဝင္ေရာက္ၿပီး ပစ္ခတ္ဖမ္းဆီးခဲ့တာမွာ ၄ ဦးေသဆုံးၿပီး၊ ၄ ေယာက္ထက္မနည္း ဖမ္းဆီးခံခဲ့ရတယ္လို႔ မ်က္ျမင္ေတြ႕သူေတြက ေျပာပါတယ္။ ဒါ့အျပင္ လယ္ဇင္ေက်း႐ြာအေရွ႕ေျမာက္ဘက္ဆက္ရက္တည္ရွိတဲ့ သကၠယ္က်င္းေက်း႐ြာကလည္း ႐ြာလုံးကြၽတ္နီးပါး ေဘးလြတ္ရာထြက္ေျပးေနၾကရတယ္လို႔ ကာယကံရွင္ေတြက ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို အလိမၼာေျပာျပမွာပါ။

စစ္ကိုင္းတိုင္း၊ မုံ႐ြာခ႐ိုင္မွာရွိတဲ့ လယ္ဇင္စံျပေက်း႐ြာကို ဇန္နဝါရီ ၁၇ ရက္ အဂၤါေန႔ ညေနပိုင္းက စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္ၿပီး ေဒသခံျပည္သူ႔ကာကြယ္ေရးအဖြဲ႕ဝင္ လူငယ္တခ်ိဳ႕ကိုပစ္ခတ္ၿပီး သူတို႔ယာယီေနထိုင္တဲ့ စခန္း ၃ ခုကို မီးရႈိ႕ဖ်က္စီးသြားတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ၃ ဦး ဖမ္းဆီးသတ္ျဖတ္ခံရတာျဖစ္ၿပီး က်န္ ၁ ဦးက အျပန္အလွန္ပစ္ခတ္ရင္းေသဆုံးတယ္လို႔ လယ္ဇင္ေဒသခံတဦးက ေျပာျပပါတယ္။

"မေန႔ညေနတုန္းက ၃ နာရီခြဲေလာက္မွာ လယ္ဇင္ဘက္ကို ေတာလမ္းကေန သူတို႔ဝင္လာတာဗ်။ အဲဒီၿမိဳ႕ေရွာင္လမ္းကေနၿပီးေတာ့ ကား ၂ စီးနဲ႔ ခ်သြားၿပီးေတာ့ သူတို႔က ေတာလမ္းကေနပတ္ဝင္ၿပီး ကားေတြကေလ က်ေနာ္တို႔ျမင္လိုက္တာ အိမ္စီးကားက ၅ စီးဗ်။ ၿပီးေတာ့ ကားႀကီး ၂ စီးပါလာတယ္ဗ်။ အားလုံးေပါင္း အင္အားကေတာ့ ၁၀၀ ဝန္းက်င္ေလာက္ေတာ့ ထင္တယ္ဗ်။ ဖမ္းသြားတဲ့သူေတြကို RCR (Red Code Revolution) စခန္းထဲကို ေခၚသြားၿပီးေတာ့ လက္ျပန္ႀကိဳးတုတ္ၿပီးေတာ့ ဒူးေထာက္ခိုင္းၿပီးေတာ့ နားထင္ေတ့ပစ္သြားတယ္ဗ်။ အဲဒီအခ်ိန္မွာ RCR စခန္းက လူငယ္တေယာက္ကလည္း ခုခံပစ္ရင္းနဲ႔ သူတို႔အျပန္အလွန္ပစ္ခတ္ရင္းနဲ႔ မွန္သြားတာကို သူတို႔စစ္ေကာင္စီဘက္ကေနၿပီးေတာ့ အဲ့ကေလးကို က်ဆုံးတယ္လို႔မသိဘူးဗ်။ က်ေနာ္တို႔က မနက္ကလိုက္ရွာရင္းနဲ႔ အဲ့ RCR စခန္းဘက္က ကေလးတေယာက္ကိုလည္း ေတြ႕တယ္ဗ်။ က်သြားတာက ၄ ေယာက္ပါ။ ဖမ္းသြားတာကေတာ့ ၄ ေယာက္လိုလို၊ ၅ ေယာက္လိုလို ႐ြာထဲလူေတြကလည္း ေၾကာက္ေနၾကေတာ့ေလ မသဲကြဲဘူးျဖစ္ေနတယ္။ ၄ ေယာက္ကေတာ့ ေအာက္ထစ္ဖမ္းသြားတယ္ဗ်။ ေလာေလာဆယ္ က်ေနာ္တို႔ ဒီေန႔သၿဂႋဳလ္ေပးလိုက္ရတာက ၄ ေယာက္ က်ဆုံးသြားတယ္ေပါ့ေနာ္။ က်ေနာ္တို႔လယ္ဇင္ဆိုရင္ တ႐ြာလုံးကို လူမရွိသေလာက္ျဖစ္သြားၿပီဗ်။"

ေသဆုံးခဲ့သူေတြကေတာ့ အသက္ ၃၉ ႏွစ္အ႐ြယ္ ကိုထြန္းဦး၊ အသက္ ၂၃ ႏွစ္အ႐ြယ္ ကိုေကာင္းခန႔္ေက်ာ္၊ အသက္ ၃၀ အ႐ြယ္ ကိုေက်ာ္စြာဝင္းနဲ႔ အသက္ ၂၅ ႏွစ္အ႐ြယ္ ကိုဝင္းသူဟိန္းတို႔ ၄ ဦးေသဆုံးခဲ့ပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ လယ္ဇင္စံျပေက်း႐ြာဆီ စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္တာ ဒါနဲ႔ဆို ၁၂ ေခါက္ရွိၿပီးေတာ့ ဖမ္းဆီးခံလိုက္ရတဲ့ လယ္ဇင္ေဒသခံ ဦးေရကလည္း ၂၀ ဝန္းက်င္အထိ ရွိလာၿပီလို႔ သိရပါတယ္။ မေန႔က စစ္သားေတြအလုံးအရင္းနဲ႔ ဝင္လာတဲ့အတြက္ လယ္ဇင္႐ြာက ႐ြာလုံးကြၽတ္ ထြက္ေျပးခဲ့ၾကသလို လယ္ဇင္႐ြာနဲ႔ ကပ္ရက္ သကၠယ္က်င္းေက်း႐ြာက ေဒသခံေတြလည္း ႐ြာလုံးကြၽတ္ ထြက္ေျပးေနၾကရပါတယ္။

ေနအိမ္စြန႔္ထြက္ေျပးေနရတဲ့ ႐ြာသားတဦးကေတာ့ ႐ြာထဲမွာ လူမရွိသေလာက္ျဖစ္သြားၿပီလို႔ ေျပာပါတယ္။

"သကၠယ္က်င္းနဲ႔ လယ္ဇင္နဲ႔ၾကားထားပါေတာ့ အဲဒီရဲ႕ေနာက္တည့္တည့္မွာ ျဖစ္တာဗ်။ ၂ ႐ြာၾကားဆိုေတာ့ ေတာ္ေတာ္ေလး ၂ ႐ြာလုံးေျပးရတာေပါ့။ အထုတ္အပိုးေတြနဲ႔ ေတာ္ေတာ္ေလးေတာ့ ေျပးရတယ္ဗ်။ ႐ြာမွာဆိုရင္ သိပ္မရွိေတာ့ဘူး ၂ ေယာက္၊ ၃ ေယာက္ေလာက္ပဲ ရွိေတာ့တာ။ ၂ ရက္ေလာက္ေနမွ စိတ္ခ်ရၿပီဆိုမွ ျပန္ျပန္လာရတာဗ်။ ဒီဘက္မွာ သူတို႔ေတြလာလာေမႊတာ ၃ ေခါက္ေလာက္ရွိၿပီဗ်။ လူငယ္ေတြစခန္းခ်တဲ့ေနရာ သူတို႔ဝင္စီးသြားတာဗ်။ သူတို႔လည္းၾကားလို႔ ေနမွာေပါ့၊ ဒလံရွိလို႔လည္း ေနမွာေပါ့။ အဲဒီစခန္းကိုတန္းဝင္တာဗ်။"

စစ္အာဏာသိမ္းမႈကို ဆန႔္က်င္တဲ့ထဲမွာ အင္အားေကာင္းတဲ့ မုံ႐ြာၿမိဳ႕တဝိုက္က ႐ြာေတြကို စစ္ေကာင္စီတပ္ေတြ အခုလို မၾကာခဏ ဝင္ေရာက္ရွာေဖြမႈေတြလုပ္ေနပါတယ္။ စစ္တပ္ဝင္လာတိုင္း ေဒသခံေတြ ေသဆုံးေနရတယ္လို႔ ေဒသခံကာကြယ္ေရးအဖြဲ႕ဝင္ တဦးကေျပာပါတယ္။

"လက္နက္မရွိတဲ့ျပည္သူေတြကိုမွ လက္ျပန္ႀကိဳးတုတ္ၿပီး ရက္ရက္စက္စက္ ပစ္သတ္သြားတဲ့စစ္ေကာင္စီကို က်ေနာ္တို႔ လုံးဝမေက်နပ္ဘူး။ က်ေနာ္တို႔ တတ္ႏိုင္သမွ် ဒီအေရးေတာ္ပုံ ေအာင္တဲ့အထိ က်ေနာ္တို႔အေနနဲ႔ တိုက္ပြဲဝင္သြားဦးမွာ။ က်ေနာ္တို႔ျပည္သူေတြမွာ အဓိကလိုေနတာ လက္နက္အင္အားလိုေနတာ။ သူတို႔နဲ႔ယွဥ္ပစ္ဖို႔က လက္နက္ေတြအခက္အခဲရွိတယ္ဗ်။ လူအင္အားက သူတို႔ထက္သာရဲ႕သားနဲ႔ က်ေနာ္တို႔မွာ လက္နက္မရွိဘူးျဖစ္ေနတာ။ သူတို႔လာတိုင္း ထြက္ထြက္ေျပးေနရတာ။ သူတို႔႐ြာေတြဝင္တိုင္း ဝင္တိုင္း တေယာက္သတ္သြားလိုက္၊ ႏွစ္ေယာက္သတ္သြားလိုက္နဲ႔ သတ္ေနတာ။"

စစ္တပ္ေတြဝင္လာလို႔ ထြက္ေျပးေနၾကရတဲ့ လယ္ဇင္ေက်း႐ြာေဒသခံေတြေရာ၊ သကၠယ္က်င္းေက်း႐ြာ ေဒသခံေတြပါ ခုခ်ိန္ထိ ေနရပ္မျပန္ရဲၾကေသးပါဘူး။ မုံ႐ြာၿမိဳ႕ေဒသခံ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြကေတာ့ မုံ႐ြာမွာ ညေန ၅ နာရီေနာက္ပိုင္း အေရးေပၚ က်န္းမာေရးကိစၥကလြဲလို႔ ျပည္သူေတြအျပင္မထြက္ဖို႔ကို ေမတၱာရပ္ခံထားပါတယ္။

...........................................................................................

တိုက္႐ိုက္ လင့္ခ္


မုံရွာ လယ်ဇင်စံပြကျေးရွာကို စစ်ကောင်စီတပ် စီးနင်းပစ်ခတ် လေးဦးသေဆုံး

(Unicode)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်ထဲက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရှိတဲ့ လယ်ဇင်စံပြကျေးရွာမှာ ဇန်နဝါရီ ၁၇ ရက်က စစ်ကောင်စီတပ်တွေဝင်ရောက်ပြီး ပစ်ခတ်ဖမ်းဆီးခဲ့တာမှာ ၄ ဦးသေဆုံးပြီး၊ ၄ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ ဒါ့အပြင် လယ်ဇင်ကျေးရွာအရှေ့မြောက်ဘက်ဆက်ရက်တည်ရှိတဲ့ သက္ကယ်ကျင်းကျေးရွာကလည်း ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာထွက်ပြေးနေကြရတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာပြောပြမှာပါ။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်မှာရှိတဲ့ လယ်ဇင်စံပြကျေးရွာကို ဇန်နဝါရီ ၁၇ ရက် အင်္ဂါနေ့ ညနေပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် လူငယ်တချို့ကိုပစ်ခတ်ပြီး သူတို့ယာယီနေထိုင်တဲ့ စခန်း ၃ ခုကို မီးရှို့ဖျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ၃ ဦး ဖမ်းဆီးသတ်ဖြတ်ခံရတာဖြစ်ပြီး ကျန် ၁ ဦးက အပြန်အလှန်ပစ်ခတ်ရင်းသေဆုံးတယ်လို့ လယ်ဇင်ဒေသခံတဦးက ပြောပြပါတယ်။

"မနေ့ညနေတုန်းက ၃ နာရီခွဲလောက်မှာ လယ်ဇင်ဘက်ကို တောလမ်းကနေ သူတို့ဝင်လာတာဗျ။ အဲဒီမြို့ရှောင်လမ်းကနေပြီးတော့ ကား ၂ စီးနဲ့ ချသွားပြီးတော့ သူတို့က တောလမ်းကနေပတ်ဝင်ပြီး ကားတွေကလေ ကျနော်တို့မြင်လိုက်တာ အိမ်စီးကားက ၅ စီးဗျ။ ပြီးတော့ ကားကြီး ၂ စီးပါလာတယ်ဗျ။ အားလုံးပေါင်း အင်အားကတော့ ၁၀၀ ဝန်းကျင်လောက်တော့ ထင်တယ်ဗျ။ ဖမ်းသွားတဲ့သူတွေကို RCR (Red Code Revolution) စခန်းထဲကို ခေါ်သွားပြီးတော့ လက်ပြန်ကြိုးတုတ်ပြီးတော့ ဒူးထောက်ခိုင်းပြီးတော့ နားထင်တေ့ပစ်သွားတယ်ဗျ။ အဲဒီအချိန်မှာ RCR စခန်းက လူငယ်တယောက်ကလည်း ခုခံပစ်ရင်းနဲ့ သူတို့အပြန်အလှန်ပစ်ခတ်ရင်းနဲ့ မှန်သွားတာကို သူတို့စစ်ကောင်စီဘက်ကနေပြီးတော့ အဲ့ကလေးကို ကျဆုံးတယ်လို့မသိဘူးဗျ။ ကျနော်တို့က မနက်ကလိုက်ရှာရင်းနဲ့ အဲ့ RCR စခန်းဘက်က ကလေးတယောက်ကိုလည်း တွေ့တယ်ဗျ။ ကျသွားတာက ၄ ယောက်ပါ။ ဖမ်းသွားတာကတော့ ၄ ယောက်လိုလို၊ ၅ ယောက်လိုလို ရွာထဲလူတွေကလည်း ကြောက်နေကြတော့လေ မသဲကွဲဘူးဖြစ်နေတယ်။ ၄ ယောက်ကတော့ အောက်ထစ်ဖမ်းသွားတယ်ဗျ။ လောလောဆယ် ကျနော်တို့ ဒီနေ့သင်္ဂြိုလ်ပေးလိုက်ရတာက ၄ ယောက် ကျဆုံးသွားတယ်ပေါ့နော်။ ကျနော်တို့လယ်ဇင်ဆိုရင် တရွာလုံးကို လူမရှိသလောက်ဖြစ်သွားပြီဗျ။"

သေဆုံးခဲ့သူတွေကတော့ အသက် ၃၉ နှစ်အရွယ် ကိုထွန်းဦး၊ အသက် ၂၃ နှစ်အရွယ် ကိုကောင်းခန့်ကျော်၊ အသက် ၃၀ အရွယ် ကိုကျော်စွာဝင်းနဲ့ အသက် ၂၅ နှစ်အရွယ် ကိုဝင်းသူဟိန်းတို့ ၄ ဦးသေဆုံးခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် လယ်ဇင်စံပြကျေးရွာဆီ စစ်ကောင်စီတပ်တွေ ဝင်ရောက်တာ ဒါနဲ့ဆို ၁၂ ခေါက်ရှိပြီးတော့ ဖမ်းဆီးခံလိုက်ရတဲ့ လယ်ဇင်ဒေသခံ ဦးရေကလည်း ၂၀ ဝန်းကျင်အထိ ရှိလာပြီလို့ သိရပါတယ်။ မနေ့က စစ်သားတွေအလုံးအရင်းနဲ့ ဝင်လာတဲ့အတွက် လယ်ဇင်ရွာက ရွာလုံးကျွတ် ထွက်ပြေးခဲ့ကြသလို လယ်ဇင်ရွာနဲ့ ကပ်ရက် သက္ကယ်ကျင်းကျေးရွာက ဒေသခံတွေလည်း ရွာလုံးကျွတ် ထွက်ပြေးနေကြရပါတယ်။

နေအိမ်စွန့်ထွက်ပြေးနေရတဲ့ ရွာသားတဦးကတော့ ရွာထဲမှာ လူမရှိသလောက်ဖြစ်သွားပြီလို့ ပြောပါတယ်။

"သက္ကယ်ကျင်းနဲ့ လယ်ဇင်နဲ့ကြားထားပါတော့ အဲဒီရဲ့နောက်တည့်တည့်မှာ ဖြစ်တာဗျ။ ၂ ရွာကြားဆိုတော့ တော်တော်လေး ၂ ရွာလုံးပြေးရတာပေါ့။ အထုတ်အပိုးတွေနဲ့ တော်တော်လေးတော့ ပြေးရတယ်ဗျ။ ရွာမှာဆိုရင် သိပ်မရှိတော့ဘူး ၂ ယောက်၊ ၃ ယောက်လောက်ပဲ ရှိတော့တာ။ ၂ ရက်လောက်နေမှ စိတ်ချရပြီဆိုမှ ပြန်ပြန်လာရတာဗျ။ ဒီဘက်မှာ သူတို့တွေလာလာမွှေတာ ၃ ခေါက်လောက်ရှိပြီဗျ။ လူငယ်တွေစခန်းချတဲ့နေရာ သူတို့ဝင်စီးသွားတာဗျ။ သူတို့လည်းကြားလို့ နေမှာပေါ့၊ ဒလံရှိလို့လည်း နေမှာပေါ့။ အဲဒီစခန်းကိုတန်းဝင်တာဗျ။"

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ထဲမှာ အင်အားကောင်းတဲ့ မုံရွာမြို့တဝိုက်က ရွာတွေကို စစ်ကောင်စီတပ်တွေ အခုလို မကြာခဏ ဝင်ရောက်ရှာဖွေမှုတွေလုပ်နေပါတယ်။ စစ်တပ်ဝင်လာတိုင်း ဒေသခံတွေ သေဆုံးနေရတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင် တဦးကပြောပါတယ်။

"လက်နက်မရှိတဲ့ပြည်သူတွေကိုမှ လက်ပြန်ကြိုးတုတ်ပြီး ရက်ရက်စက်စက် ပစ်သတ်သွားတဲ့စစ်ကောင်စီကို ကျနော်တို့ လုံးဝမကျေနပ်ဘူး။ ကျနော်တို့ တတ်နိုင်သမျှ ဒီအရေးတော်ပုံ အောင်တဲ့အထိ ကျနော်တို့အနေနဲ့ တိုက်ပွဲဝင်သွားဦးမှာ။ ကျနော်တို့ပြည်သူတွေမှာ အဓိကလိုနေတာ လက်နက်အင်အားလိုနေတာ။ သူတို့နဲ့ယှဉ်ပစ်ဖို့က လက်နက်တွေအခက်အခဲရှိတယ်ဗျ။ လူအင်အားက သူတို့ထက်သာရဲ့သားနဲ့ ကျနော်တို့မှာ လက်နက်မရှိဘူးဖြစ်နေတာ။ သူတို့လာတိုင်း ထွက်ထွက်ပြေးနေရတာ။ သူတို့ရွာတွေဝင်တိုင်း ဝင်တိုင်း တယောက်သတ်သွားလိုက်၊ နှစ်ယောက်သတ်သွားလိုက်နဲ့ သတ်နေတာ။"

စစ်တပ်တွေဝင်လာလို့ ထွက်ပြေးနေကြရတဲ့ လယ်ဇင်ကျေးရွာဒေသခံတွေရော၊ သက္ကယ်ကျင်းကျေးရွာ ဒေသခံတွေပါ ခုချိန်ထိ နေရပ်မပြန်ရဲကြသေးပါဘူး။ မုံရွာမြို့ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကတော့ မုံရွာမှာ ညနေ ၅ နာရီနောက်ပိုင်း အရေးပေါ် ကျန်းမာရေးကိစ္စကလွဲလို့ ပြည်သူတွေအပြင်မထွက်ဖို့ကို မေတ္တာရပ်ခံထားပါတယ်။

XS
SM
MD
LG