သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံး မလေးရှားလေယာဉ် ရှာဖွေရေး အဖွဲ့ Signal သံ ထပ်ကြား


ပျောက်ဆုံးမလေးရှားလေယာဉ်ရှာဖွေရေး။ (ဧပြီလ ၉၊ ၂၀၁၄)
ပျောက်ဆုံးမလေးရှားလေယာဉ်ရှာဖွေရေး။ (ဧပြီလ ၉၊ ၂၀၁၄)
ပျောက်နေတဲ့ မလေးရှားလေယဉ်ရဲ့ ပျံသန်းမှုမှတ်တမ်းတင် Black Box
ကိရိယာကနေ ထုတ်လွှတ်တာဖြစ်နိုင်တဲ့ Ping signal သံ ကို
ရှာဖွေရေးလေယာဉ် တစင်းပေါ်ကနေ ထပ်ပြီးကြားခဲ့ရပါတယ်၊ ဒီသတင်းပါတ် အစောပိုင်းက ရှာဖွေရေး ရေတပ်သင်္ဘောကနေ Signal သံ 2 ခုကြားခဲ့ရတဲ့ အိန္ဒိယသမုဒ္ဒရာထဲကနေရာမှာပဲ Australia ရဲ့ P-3 Orion လေယာဉ်ပေါ် ကနေ နောက်ထပ် Signal သံကို ဒီကနေ့ ကြားရ တယ်လို့ နိုင်ငံစုံ လေယာဉ် ရှာဖွေရေးကို ဦးဆောင် ညှိနှိုင်းပေးနေတဲ့ Australia လေကြောင်း ဆိုင်ရာ အကြီးအကဲဟောင်း Angus Houston ကပြောပါတယ်။

ထုတ်ပြန်တဲ့ ကြေညာချက် ထဲမှာ ကြားတဲ့အသံကို ညလုံးပေါက် သုံးသပ်ဖို့ လိုအပ် လိမ့်မယ်လို့လဲ ပြောထားပါတယ်။ အစောပိုင်းထဲက Mr. Houston က လေယာဉ်ကို မကြာခင် ရှာတွေ့နိုင်မယ်လို့လဲ အကောင်းဖက်က မြင်နေပါတယ်၊ သိပ်မဝေးတော့ တဲ့ အနာဂါတ်မှာ လေယဉ်ကို ရှာတွေ့နိုင်မယ်လို့ သူ့အနေနဲ့ အခု ယုံကြည်နေတယ် လို့ ပြောကြားသွားတာဖြစ်ပါတယ်၊

တချိန်တည်းမှာပဲ လေယာဉ်ပျောက် ရှာဖွေရေး နေရာကို ဒီကနေ့ ကြာသပတေးနေ့မှာ ချုံ့ ပြီး ရှာဖွေနေကြပါတယ်၊ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ လေယာဉ်ပျောက် ရှာဖွေရေးကို စတုရန်းမိုင် ၂ သောင်း ၂ ထောင်ကျော် ပါတ်လည်အထိ ရှာဖွေရေးနေရာကို လျှော့ချလိုက်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်၊ မတ်လ ၈ ရက်နေ့ထဲက ပျောက်သွားတဲ့ မလေးရှားလေကြောင်းလိုင်း လေယာဉ်ရဲ့ Black box က
Battery ရက် ၃၀ လောက်ပဲခံတာမို့ အချိန်မှီရှာတွေ့နိုင်ကြဖို့
ရှာဖွေရေးကို အကြီးအကျယ်လုပ်နေကြပါတယ်။
XS
SM
MD
LG