သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စကားပြောခက်ခဲသူတွေအတွက် AI နည်းပညာ


Whispp ကိုအသုံးပြုနေသူ အသံအိုးက အကြောသေသွားတဲ့ George Coster
Whispp ကိုအသုံးပြုနေသူ အသံအိုးက အကြောသေသွားတဲ့ George Coster

စကားထစ်နေသူတွေ၊ ပုံမှန်စကားမပြောနိုင်သူတွေအတွက် သူတို့ရဲ့ပင်ကိုယ်အသံနဲ့ ပြန်ပြောနိုင်စေမယ့် AI သုံးနည်းပညာကို တီထွင်နိုင်ပြီဖြစ်တာကြောင့် အခုဆို သန်းနဲ့ချီတဲ့ ဝေဒနာရှင်တွေဟာ အဆင်ပြေပြေ ဆက်ဆံပြောဆိုခွင့်ရတော့မှာ ဖြစ်ပါတယ်။ VOA သတင်းထောက် Julie Taboh သတင်းပေးပို့ထားတာကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ရောရစ်စ် ကပ်စတာမန်ဟာ ပုံမှန်စကားမပြောနိုင်တဲ့ စကားထစ်သူတဦး ဖြစ်ပါတယ်။ သူက မိုက်ခရိုဖုံးမှာ လေသံလေးနဲ့ ပြောပါတယ်။

“ကျနော်က စကား နဲနဲ ထစ်တယ် ...”

သူ အခုလို စကားကို လေသံလေးနဲ့ တိုးတိုလေးပြောတဲ့အခါမှာတော့
သူတို့လိုလူတွေဟာ စကားမထစ်တော့ပဲ ချောချော မောမော ပြောဆိုနိုင်တာပါ။

“ကျနော် တိုးတိုးပြောတာ ကြားရလား …”

Joris Castermans က Whispp ကုမ္ပဏီ တည်ထောင်သူနဲ့ ဗဟိုအလုပ်မှုအဆောင်တယောက်ပါ။

“အခုလို ဘာကြောင့် ကြားရလဲဆိုတော့ ကိုယ်က ခပ်တိုးတိုးလေသံလေးနဲ့ပြောတဲ့အခါ ကိုယ့်ရဲ့အသံအိုးတွေကို သုံးစရာမလိုတာကြောင့် ဖြစ်ပါတယ်။"

ဒါဟာ စကား သိပ်ထစ်တဲ့လူတွေ လေသံလေးနဲ့ တိုးတိုးလေးပြောတဲ့အခါ သူတို့ရဲ့စကားထစ်နှုန်းက ဘာကြောင့် ၈၅ % လောက်အထိ လျော့သွားနိုင်တယ်ဆိုတဲ့အကြောင်းရင်းလည်း ဖြစ်ပါတယ်။ ဒီအချက်ပေါ်မူတည်ပြီး AI သုံး အသံနည်းပညာနဲ့ စကားပြော app တခုဖြစ်တဲ့ Whispp တီထွင်ဖို့ Castermans အကြံရလာတာ ဖြစ်ပါတယ်။ သူ့ရဲ့ ဒီ app ဟာ စကား သိပ်ထစ်သူတွေနဲ့ အသံပုံမှန်မပြောနိုင်သူတွေကို ရှင်းရှင်းလင်းလင်း ပြောဆို ဆက်ဆံလာနိုင်စွမ်းရှိအောင် လုပ်ပေး နိုင်တာပါ။

ဒီလို လုပ်လာနိုင်သူတွေထဲမှာ အသံအိုးက အကြောသေသွားတဲ့ George Coster တယောက်လည်း ပါပါတယ်။ အဲဒီအချိန်က စပြီး လေသံတိုးတိုးလေးနဲ့ပဲ ပြောပါတယ်တဲ့။

သူဟာ အခုဆို ဒီ Whispp နည်းပညာ သုံးပြီး သူ့ရဲ့ အရင် နဂိုကျန်းမာစဉ်က အသံနဲ့ပါ ပြန်ပြောနိုင်ပြီ ဖြစ်ပါတယ်။

ဒီ app သုံးသူတွေဟာ app ရဲ့ အသံသွင်းခွေမှာ သူတို့ ကြိုက်တဲ့ အသံကိုဖြစ်စေ၊ ကိုယ့် အရင် ကျန်းမာစဉ်က အသံကိုဖြစ်စေ ကြိုက်ရာထည့်ပြီးသုံးနိုင်ပါတယ်။

ရုဒ် van Noorden ကတော့ သူ့ရဲ့ အသံအိုးတခုလုံး ဖယ်ရှားပစ်တဲ့ ခွဲစိတ်ကုသမှုခံခဲ့ရသူပါ။ ဒါပေမယ့် ဒီ AI သုံး နောက်ဆုံးပေါ် Whispp နည်းပညာကြောင့် သူ့ရဲ့ ပင်ကိုယ်အသံနဲ့ ပြောဆိုနိုင်ပါပြီ။

သူ့ပင်ကိုယ် အသံနဲ့ သူပြောချင်ရာကို ပုံမှန်ပဲ အချိန်မဆိုင်းပဲ ပြောဆို ဆက်ဆံလာ နိုင်ပြီ ဖြစ်ပါတယ်။ van Noorden ဟာ ဒီ app ကို သုံးပြီး ဖုံးနဲ့ပြောတာ၊ ဗီဒီယိုနဲ့ လူကိုယ်တိုင် ပြောတာတွေပါ လုပ် နိုင်တာပါ။

ကုမ္ပဏီတည်ထောင်သူ Joris Castermans က အခုလို ပြောပါတယ်။

“ကောင်းတဲ့အချက်ကတော့ စကားကို ပုံမှန်အတိုင်းပဲ အဆက်မပြတ်ပြောနိုင်တာပါ။ ဒါကြောင့် ကျနော်တို့ရဲ့ရည်မှန်းချက်ကတော့ ဒီ Whispp app ကို ကမ္ဘာတလွှားက စမတ်ဖုံးတွေ၊ laptop တွေတိုင်းမှာ သုံးလာနိုင်ဖို့ ဖြစ်ပါတယ်။"

ဒီ နည်းပညာဟာ ဒီဝေဒနာရှင်တွေအတွက် စကားကို ဖြောင့်ဖြောင့်ပြောနိုင်အောင် လုပ်ပေးရုံတင်မကဘဲ သူတို့ရဲ့ လူနေမှုဘဝအဆင့်အတန်းပါ မြင့်မားလာစေနိုင်မှာ ဖြစ်တယ်လို့ လည်း Castermans က ပြောပါတယ်။

စကားပြောခက်ခဲသူတွေအတွက် AI နည်းပညာ
please wait

No media source currently available

0:00 0:03:03 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG