သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွိုင်ကော်မြို့ပိတ်ဆို့တိုက်ခိုက်မှု ရပ်တန့်ဖို့ ကုလကိုယ်စားလှယ်တောင်းဆို


Loikaw လွိုင်ကော်
Loikaw လွိုင်ကော်

[[Zawgyi/Unicode]]

ကယားပြည်နယ်၊ လွိုင်ကော်မြို့ကို မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ပြီး ဘေးလွတ်ရာကို တိမ်းရှောင်လိုတဲ့ ဒေသခံတွေအပေါ် ပိတ်ပင်ကန့်သတ် ထားတာတွေလည်း ပြန်ရုပ်သိမ်းပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က ဒီကနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ လွိုင်ကော်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက် မှုတွေ ဆက်တိုက် ပြုလုပ်လာခဲ့သလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံတွေပြောတာကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးပါတယ်။

“စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ လွိုင်ကော်မြို့ကို လေကြောင်းနဲ့ကုန်းကြောင်းက တိုက်ခိုက်နေမှုတွေ ချက်ခြင်းရပ်တန့်ပါ” - လို့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က Twitter လူမှုကွန်ယက်မှာ ရေးသားခဲ့တာပါ။ ဒါ့အပြင် ဒေသခံပြည်သူတွေ ဘေးကင်းရာထွက်ခွာလို့မရအောင် တားဆီးထားမှုကို ပြန်လည်ရုပ်သိမ်းပေးပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးခွင့်ပြုဖို့အတွက်လည်း လူ့အခွင့်အရေးကိုယ်စားလှယ်က တောင်းဆိုပါတယ်။

လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ရဲ့ အဲဒီလို တောင်းဆိုမှုအပေါ် စစ်ကောင်စီဘက် က တစုံတရာ တုံ့ပြန် ပြောဆိုခြင်းတော့ မရှိသေးပါဘူး။

လွိုင်ကော်မြို့အပြင်မှာ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် မြို့တွင်းက ဒေသခံတွေ ဘေးကင်းရာကို ထွက်ခွာလို့မရဘဲ ပိတ်မိနေကြတာပါ။ မြို့လူဦးရေနဲ့ ၂ ပုံ ၃ ပုံဟာ ဘေးကင်းရာကို ထွက်ခွာကြဖို့ ပြင်ဆင်နေကြတယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ပရဟိတအဖွဲ့တခုကပြောတာကို ကိုးကားပြီး ရိုက်တာမှာ ရေးပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP-B က နောက်ဆုံးထုတ်ပြန်ထားတဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးတဲ့အချိန်ကစလို့ ကနေ့ အထိ အသတ်ခံရသူ ၁,၄၄၇ ဦး ရှိခဲ့ပြီး ဖမ်းဆီး ဖမ်းဆီးခံခဲ့ရသူ ၁၁,၄၂၁ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]









========

XS
SM
MD
LG