သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွိုင်ကော်ဆန္ဒပြပွဲ နှိမ်နင်းမှု ကုလ အထူးကိုယ်စားလှယ် ဝေဖန်


Maasai, waiting in line to cast their votes, look through an open window at electoral officials who are inside a polling station at the Niserian Primary School, in Kajiado County, Kenya.
Maasai, waiting in line to cast their votes, look through an open window at electoral officials who are inside a polling station at the Niserian Primary School, in Kajiado County, Kenya.

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု စိုက်ထူတာကို ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ကရင်နီတိုင်းရင်းသားတွေကို အာဏာပိုင်တွေက ဖမ်းဆီးအရေးယူပြီး၊ အင်အားသုံး နှိမ်နင်းနေတဲ့ လုပ်ရပ်တွေကိုရပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က တောင်းဆိုလိုက်ပါတယ်။

ရဲတပ်ဖွဲ့က ရာဘာကျည်ဆံသုံး နှိမ်နင်းခဲ့တဲ့အတွက် ဆန္ဒပြသူ ၂၀ လောက် ထိခိုက်ဒဏ်ရာတွေ ရခဲ့ပြီးနောက်မှာပဲ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Yanghee Lee က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။

အစိုးရက လူနည်းစုတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့၊ တိုင်းပြည်ကိုညီညွတ်ဖို့ ငြိမ်းချမ်းပြီး ဒီမိုကရေစီရရှိရေး ဆောင်ရွက်ဖို့ ပျက်ကွက်တဲ့ နောက်ထပ်စံနမူနာ တခုဖြစ်ကြောင်းလည်း ကြေညာချက်မှာ အထူးကိုယ်စားလှယ်က ပြောဆိုထားပါတယ်။ မြန်မာအစိုးရ အနေနဲ့ ငြိမ်းချမ်းစွာစုဝေးပြီး၊ ကိုယ်စိုးရိမ်မကင်းတဲ့ ကိစ္စတွေအပေါ် သဘောထားဆန္ဒ ထုတ်ဖော်သူတွေရဲ့ အခွင့်အရေးကို လေးစားဖို့လည်း တိုက်တွန်းခဲ့တာပါ။

လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူခဲ့တဲ့ ပြည်နယ်အစိုးရရဲ့ အစီအစဉ်ကို ကန့်ကွက်တဲ့ အနေနဲ့ရော အစောပိုင်း ဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးခံခဲ့ရတဲ့ တက်ကြွလှုပ်ရှားသူ ကရင်နီလူငယ်တွေကို ပြန်လွှတ်ပေးဖို့ပါ တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ ထောင်ချီတဲ့ လူအုပ်ကိုတော့ မနေ့တုန်းက ရဲတွေက ရာဘာကျည်တွေ၊ မီးသတ်ပိုက်တွေသုံး နှိမ်နင်းခဲ့ပါတယ်။ မျက်နှာနဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာရရှိခဲ့ကြတဲ့ ဆန္ဒပြသူတွေရဲ့ သွေးထွက်သံယို ဓာတ်ပုံတွေဟာလည်း အင်တာနက် လူမှုကွန်ရက်တွေမှာ ပျံ့နှံ့ခဲ့တာပါ။

ကန့်ကွက်မှုတွေ ကြုံခဲ့ရတဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူမယ့် အစီအစဉ်ကို ပြည်နယ်အစိုးရက ပြီးခဲ့တဲ့နှစ်မှာ ဆိုင်းငံ့ထားခဲ့ပေမဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ စိုက်ထူခဲ့ရာက ဆန္ဒပြပွဲတွေ တကျော့ပြန် ပေါ်ပေါက်လာခဲ့တာလည်း ဖြစ်ပါတယ်။ ကယားပြည်နယ်မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူတာကို ငြိမ်းငြိမ်းချမ်းချမ်း ကန့်ကွက်ဆန္ဒပြသူတွေကို ဖမ်းဆီးအရေးယူမှုတွေနဲ့ ဖိနှိပ်မှုတွေကို ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်မြို့ ဗန္ဓုလပန်းခြံမှာမှာလည်း မနေ့တုန်းက ရာနဲ့ချီတဲ့လူတွေ စုဝေးဆန္ဒပြခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG