သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လန္ဒန္ေရာက္ ျမန္မာသံတမန္ေတြ CDM မွာပါ၀င္ဖို႔ တက္ၾကြလႈပ္ရွားသူေတြ တိုက္တြန္း


စစ္အာဏာသိမ္း ဆန္႔က်င္ဆႏၵျပမႈအတြင္း ေသဆုံးခဲ့ရသူမ်ားအတြက္ လန္ဒန္ျမန္မာသံရုံးေရွ႕ ဆႏၵထုတ္ေဖၚ ေနသူမ်ား (၂၈ ရက္ ေဖေဖၚဝါရီ ၂၀၂၁ - photo : Poe Phyu Thant )

[ Zawgyi / Unicode ]

အရပ္သားအစိုးရကို ဖမ္းဆီးျဖဳတ္ခ်ၿပီး စစ္တပ္က အာဏာသိမ္းထားတဲ့ ျမန္မာႏို္င္ငံမွာ ျပည္သူေတြ ၊ ဝန္ထမ္းေတြနဲ႔အတူ ၿဗိတိန္ႏိုင္ငံဆိုင္ရာ ျမန္မာသံရုံးအေနနဲ႔လည္း CDM ( Civil Disobedience Movement ) လႈပ္ရွားမႈမွာပါဝင္ၾကဖို႔ လန္ဒန္ေရာက္ ျမန္မာႏိုင္ငံသား ၃၀ ဝန္းက်င္က ျမန္မာသံ႐ုံးကို တနဂၤေႏြေန႔က သြားေရာက္တိုက္တြန္း ေတာင္းဆိုခဲ့ၾက ပါတယ္။

ဖေဖၚဝါရီ(၂၈)ရက္ေန႔က ျမန္မာတႏိုင္ငံလုံးမွာလုပ္ၾကတဲ့ Milk Tea ျပည္လုံးကၽြတ္သပိတ္ လူထုလႈပ္ရွားမႈကို လုံၿခဳံေရးတပ္ဖဲြ႔က ပစ္ခတ္ ႏွိမ္နင္းမႈအတြင္း အနည္းဆုံး လူ(၂၀)ေက်ာ္ ေသဆုံးခဲ့ရတာပါ။

ဒီလိုအေျခအေနမွာ လန္ဒန္ျမန္မာသံ႐ုံး ဝန္ထမ္းေတြအေနနဲ႔ ျပည္သူေတြဘက္က ရပ္တည္ၿပီး CDM လုပ္ၾကဖို႔ သြားေရာက္တိုက္တြန္းခ်ိန္မွာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္စြာမင္း သံ႐ုံးအဝ ထြက္လာၿပီး - ျမန္မာ့ထိပ္ပိုင္းေခါင္းေဆာင္ေတြ ႏိုင္ငံေရးအရ ညႇိႏႈိင္း အေျဖရွာဖို႔ သူတိုက္တြန္းထားေၾကာင္း၊ CDM မွာ ပါဝင္ႏိုင္ျခင္း ရွိ/မရွိ တိက်တဲ့ အေျဖ ေပးမသြားေပမယ့္ ျမန္မာႏိုင္ငံက လမ္းေတြေပၚဆႏၵျပမႈအတြင္း ပစ္ခတ္ႏွိမ္နင္းတာကုိေတာ့ မတရားဘူးလို႔ သူျမင္ေၾကာင္း ေျပာသြားတာကို သံအမတ္ႀကီးနဲ႔ သြားေရာက္ေတြ႔ဆုံရာမွာ ပါဝင္တဲ့ မပိုးျဖဴသန္႔ facebook က Live လႊင့္တဲ့ ဗီဒီယိုဖိုင္မွာ ေတြ႔ရပါတယ္။

သံအမတ္ႀကီး ဦးေက်ာ္စြာမင္း ။ ။ " က်ေနာ့္အေနနဲ႔ကေတာ့ တတ္ႏိုင္သေရြ႕ က်ေနာ္ေျပာပါတယ္။ (လူႀကီးေတြ) ညႇိႏႈိင္းၿပီးေတာ့ ေဆာင္ရြက္ၾကပါ။ ညႇိႏႈိင္းၿပီး မေဆာင္ရြက္ဘူးဆိုရင္ ေရွ႕မွာျဖစ္လာမယ့္ ျပႆနာေတြက အမ်ားႀကီးရွိတယ္ေပါ့ .. က်ေနာ္လည္း သိတယ္။ သုိ႔ေသာ္လည္းပဲ ဒီဟာကို က်ေနာ္အေနနဲ႔ တတ္ႏိုင္ရင္ က်ေနာ္ထပ္ၿပီး ႀကဳိးစားပါမယ္။ က်ေနာ့္အဆင့္ကေတာ့ ခင္ဗ်ားတို႔သိတဲ့အတိုင္းပဲ ဒီမွာ pawn တေကာင္အဆင့္ပဲ။ ျမန္မာျပည္မွာရွိတဲ့ လူႀကီးေတြ ျပန္ၿပီးစဥ္းစားသင့္တယ္။ က်ေနာ္ကေတာ့ ဘယ္ဖက္မွ ဘက္မလိုက္ပဲ ေနခဲ့တာ။ အကယ္၍ က်ေနာ့္ကို ထုတ္တယ္ (သို႔မဟုတ္လည္း) က်ေနာ့္စိတ္ထဲမွာ ဒီဟာေတြက လုပ္ဖို႔အခ်ိန္ မက်ေတာ့ဘူးဆိုရင္ က်ေနာ္ ထြက္မွာပဲ။

ဆႏၵထုတ္ေဖၚသူေတြ ဝုိင္းေမး ။ ။ စစ္အာဏာ သိမ္းၿပီးခ်ိန္ကစလို႔ အခု ဒီသံရုံးေရွ႕မွာခ်ျပထားတဲ့ ဓါတ္ပုံေတြထဲက လူေတြ ျမန္မာျပည္မွာ ပစ္ခတ္ ေသဆုံးသြားခဲ့ရတာက .. ဒါက တရားသလား မတရားဘူးလားဆိုတာ လူသားတေယာက္အေနနဲ႔ သံအမတ္ႀကီး တခ်က္ေလာက္ ေျဖေပးပါ။

သံအမတ္ႀကီး ေျဖ။ ။ ဟုတ္ကဲ့ က်ေနာ္ လူသားတေယာက္အေနနဲ႔ ေျပာရရင္ သူတို႔ ဆုံးသြားတာကုိ က်ေနာ္ စိတ္မေကာင္းဘူး။ (ဆႏၵျပသူမ်ား ... ။ ။ မဟုတ္ဖူးေလ .. တရားသလား မတရားသလား ဆိုတာပဲ က်ေနာ္တို႔ သိခ်င္ပါတယ္။ ) က်ေနာ့္ကိုေတာ့ အဲလိုႀကီး ပိတ္ၿပီး မေမးပါနဲ႔။ ( ဆႏၵျပသူတဦး ... အဲဒါဆို ဒီလို ေသသ ြားတာကို တရားတယ္လို႔ သံအမတ္ႀကီး ယူဆတာလား .. ) .. တရာတယ္လို႔ က်ေနာ္ မေျပာပါဘူး။ ဒါကေတာ့ မတရားပါဘူးဗ်။ ( ဆႏၵျပသူမ်ား - ေက်းဇူးပါ ) "

လန္ဒန္ ျမန္မာသံရုံးေရွ႕ ဆႏၵလာျပသူေတြဟာ ျမန္မာႏိုင္ငံက စစ္အာဏာသိမ္း ဆန္႔က်င္ဆႏၵျပပဲြအတြင္း ရဲနဲ႔စစ္တပ္ရဲ႕ ပစ္ခတ္မႈေၾကာင့္ ေသဆုံးသြားသူေတြရဲ႕ ဓါတ္ပုံေတြကို သံရုံးေရွ႕ခ်ထားရင္း ပန္းစည္းေတြခင္း ဖေရာင္းတုိင္ေတြထြန္းနဲ႔ ဆုေတာင္းေမတၱာ ပို႔သရင္း ဆႏၵျပခဲ့ၾကတာ ျဖစ္ပါတယ္။

= = = = = = =

ေသဆုံးခဲ့ရသူမ်ားအတြက္ လန္ဒန္သံရုံးေရွ႕ ဆုေတာင္း
ေသဆုံးခဲ့ရသူမ်ားအတြက္ လန္ဒန္သံရုံးေရွ႕ ဆုေတာင္း

[ Unicode ]

လန်ဒန်ရောက် မြန်မာသံတမန်တွေ CDM မှာပါဝင်ဖို့ တက်ကြွလှုပ်ရှားသူတွေ တိုက်တွန်း

အရပ်သားအစိုးရကို ဖမ်းဆီးဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ပြည်သူတွေ ၊ ဝန်ထမ်းတွေနဲ့အတူ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေနဲ့လည်း CDM ( Civil Disobedience Movement ) လှုပ်ရှားမှုမှာပါဝင်ကြဖို့ လန်ဒန်ရောက် မြန်မာနိုင်ငံသား ၃၀ ဝန်းကျင်က မြန်မာသံရုံးကို တနင်္ဂနွေနေ့က သွားရောက်တိုက်တွန်း တောင်းဆိုခဲ့ကြပါတယ်။

ဖဖေါ်ဝါရီ(၂၈)ရက်နေ့က မြန်မာတနိုင်ငံလုံးမှာလုပ်ကြတဲ့ Milk Tea ပြည်လုံးကျွတ်သပိတ် လူထုလှုပ်ရှားမှုကို လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ် နှိမ်နင်းမှုအတွင်း အနည်းဆုံး လူ(၂၀)ကျော် သေဆုံးခဲ့ရတာပါ။

ဒီလိုအခြေအနေမှာ လန်ဒန်မြန်မာသံရုံး ဝန်ထမ်းတွေအနေနဲ့ ပြည်သူတွေဘက်က ရပ်တည်ပြီး CDM လုပ်ကြဖို့ သွားရောက်တိုက်တွန်းချိန်မှာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်း သံရုံးအဝ ထွက်လာပြီး - မြန်မာ့ထိပ်ပိုင်းခေါင်းဆောင်တွေ နိုင်ငံရေးအရ ညှိနှိုင်း အဖြေရှာဖို့ သူတိုက်တွန်းထားကြောင်း၊ CDM မှာ ပါဝင်နိုင်ခြင်း ရှိ/မရှိ တိကျတဲ့ အဖြေ ပေးမသွားပေမယ့် မြန်မာနိုင်ငံက လမ်းတွေပေါ်ဆန္ဒပြမှုအတွင်း ပစ်ခတ်နှိမ်နင်းတာကိုတော့ မတရားဘူးလို့ သူမြင်ကြောင်း ပြောသွားတာကို သံအမတ်ကြီးနဲ့ သွားရောက်တွေ့ဆုံရာမှာ ပါဝင်တဲ့ မပိုးဖြူသန့် facebook က Live လွှင့်တဲ့ ဗီဒီယိုဖိုင်မှာ တွေ့ရပါတယ်။

သံအမတ်ကြီး ဦးကျော်စွာမင်း ။ ။ " ကျနော့်အနေနဲ့ကတော့ တတ်နိုင်သရွေ့ ကျနော်ပြောပါတယ်။ (လူကြီးတွေ) ညှိနှိုင်းပြီးတော့ ဆောင်ရွက်ကြပါ။ ညှိနှိုင်းပြီး မဆောင်ရွက်ဘူးဆိုရင် ရှေ့မှာဖြစ်လာမယ့် ပြဿနာတွေက အများကြီးရှိတယ်ပေါ့ .. ကျနော်လည်း သိတယ်။ သို့သော်လည်းပဲ ဒီဟာကို ကျနော်အနေနဲ့ တတ်နိုင်ရင် ကျနော်ထပ်ပြီး ကြိုးစားပါမယ်။ ကျနော့်အဆင့်ကတော့ ခင်ဗျားတို့သိတဲ့အတိုင်းပဲ ဒီမှာ pawn တကောင်အဆင့်ပဲ။ မြန်မာပြည်မှာရှိတဲ့ လူကြီးတွေ ပြန်ပြီးစဉ်းစားသင့်တယ်။ ကျနော်ကတော့ ဘယ်ဖက်မှ ဘက်မလိုက်ပဲ နေခဲ့တာ။ အကယ်၍ ကျနော့်ကို ထုတ်တယ် (သို့မဟုတ်လည်း) ကျနော့်စိတ်ထဲမှာ ဒီဟာတွေက လုပ်ဖို့အချိန် မကျတော့ဘူးဆိုရင် ကျနော် ထွက်မှာပဲ။

ဆန္ဒထုတ်ဖေါ်သူတွေ ဝိုင်းမေး ။ ။ စစ်အာဏာ သိမ်းပြီးချိန်ကစလို့ အခု ဒီသံရုံးရှေ့မှာချပြထားတဲ့ ဓါတ်ပုံတွေထဲက လူတွေ မြန်မာပြည်မှာ ပစ်ခတ် သေဆုံးသွားခဲ့ရတာက .. ဒါက တရားသလား မတရားဘူးလားဆိုတာ လူသားတယောက်အနေနဲ့ သံအမတ်ကြီး တချက်လောက် ဖြေပေးပါ။

သံအမတ်ကြီး ဖြေ။ ။ ဟုတ်ကဲ့ ကျနော် လူသားတယောက်အနေနဲ့ ပြောရရင် သူတို့ ဆုံးသွားတာကို ကျနော် စိတ်မကောင်းဘူး။ (ဆန္ဒပြသူများ ... ။ ။ မဟုတ်ဖူးလေ .. တရားသလား မတရားသလား ဆိုတာပဲ ကျနော်တို့ သိချင်ပါတယ်။ ) ကျနော့်ကိုတော့ အဲလိုကြီး ပိတ်ပြီး မမေးပါနဲ့။ ( ဆန္ဒပြသူတဦး ... အဲဒါဆို ဒီလို သေသ ွားတာကို တရားတယ်လို့ သံအမတ်ကြီး ယူဆတာလား .. ) .. တရာတယ်လို့ ကျနော် မပြောပါဘူး။ ဒါကတော့ မတရားပါဘူးဗျ။ ( ဆန္ဒပြသူများ - ကျေးဇူးပါ ) "

လန်ဒန် မြန်မာသံရုံးရှေ့ ဆန္ဒလာပြသူတွေဟာ မြန်မာနိုင်ငံက စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲအတွင်း ရဲနဲ့စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူတွေရဲ့ ဓါတ်ပုံတွေကို သံရုံးရှေ့ချထားရင်း ပန်းစည်းတွေခင်း ဖရောင်းတိုင်တွေထွန်းနဲ့ ဆုတောင်းမေတ္တာ ပို့သရင်း ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG