သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆလင်တဦး London မြို့တော်ဝန် ဖြစ်လာနိုင်


ဗြိတိန်နိုင်ငံက လန်ဒန်မြို့တော်ဝန်ရွေးပွဲ ဝင်ရောက်ယှဉ်ပြိုင်သူ Sadiq Khan။
ဗြိတိန်နိုင်ငံက လန်ဒန်မြို့တော်ဝန်ရွေးပွဲ ဝင်ရောက်ယှဉ်ပြိုင်သူ Sadiq Khan။

ကြာသပတေးနေ့က ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်ဝန် ရွေးကောက်ပွဲမှာ ပါကစ္စတန် က ရွှေ့ပြောင်းလာသူ မိဘတွေက မွေးဖွားလာသူ အသက် ၄၅ နှစ်အရွယ် အစိုးရ ဝန်ကြီးဟောင်း Sadiq Khan က အနိုင်ရဖို့ ရှေ့ဆုံးက ပြေးနေပါတယ်။ သူသာ အနိုင်ရရင် လန်ဒန် မြို့မှာ ပထမဆုံး မူဆလင် ဘာသာဝင် မြို့တော်ဝန် တဦး ရှိလာမှာဖြစ်ပြီး၊ ဗြိတိသျှ မူဆလင်တွေကတော့ ဒါကို အလှည့်အပြောင်း တစ်ခုအဖြစ် ရှု့မြင်ကြပါတယ်။

Khan ဟာ အနိုင်ရသည်ဖြစ်စေ ရှုံးနိမ့်သည်ဖြစ်စေ အခုလို ရွေးကောက်ပွဲ မှာ ရှေ့ဆုံးက ဦးဆောင်သူ အဖြစ် ရောက်လာတာဟာ တချိန်က ကမ္ဘာမှာ အကြီးဆုံး အင်ပါယာနိုင်ငံရဲ့ မြို့တော်မှာ သူတို့ရဲ့ နိုင်ငံရေး သြဇာ လွှမ်းမိုးမှု တိုးလာတဲ့ သဘောဖြစ်တယ်လို့ ဗြိတိသျှ မူဆလင်တွေက ရှု့မြင်နေကြပါတယ်။

လေဘာပါတီကို ကိုယ်စားပြု ယှဉ်ပြိုင်နေတဲ့ Khan ဟာ ဘတ်စ်ကား မောင်းသူနဲ့ အပ်ချုပ်သမ မိဘနှစ်ပါးကနေ ပေါက်ဖွားလာသူပါ။ သူ ဟာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း ၁၂ဦးထဲမှာ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရပြီး၊ သူ့ရဲ့အဓိက ပြိုင်ဘက် ကွန်ဆာဗေးတစ်ပါတီဝင် Zac Goldsmith ကတော့ ဂျူးလူမျိုး တစ်ဦးဖြစ်ပြီး၊ ဘီလျံနာ လုပ်ငန်းရှင် တစ်ဦးရဲ့ သားဖြစ်ပါတယ်။

ခန်ဟာ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း အပါအဝင် ဗြိတိသျှ ခေါင်းဆောင် တော်တော် များများက အစ္စလာမ် အစွန်းရောက်လို့ သတ်မှတ်ထားတဲ့ မူဆလင် တရားဟောဆရာ Sulaiman Ghani နဲ့ ရင်းနှီးတယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ Khan က အစွန်းရောက်ဝါဒကို တိုက်ဖျက်ဖို့ သူ့ရဲ့ ကြိုးပမ်းအားထုတ်မှု မှတ်တမ်းတွေ ရှိခဲ့တာကို ထောက်ပြပြီး ဒီစွပ်စွဲချက်တွေကို တုန့်ပြန်ခဲ့ပါတယ်။

လန်ဒန်မြို့ရဲ့ မြို့တော်ဝန်ရာထူးကို လွန်ခဲ့တဲ့ ၁၆နှစ်ကမှ စတင် ဖန်တီးခဲ့ပေမယ့်၊ အလွန်မှ သြဇာအာဏာရှိတဲ့ ရာထူးနေရာဖြစ်ပါတယ်။ လက်ရှိ ရာထူးက စွန့်ခွာမယ့် ကွန်ဆာဗေးတစ် ပါတီဝင် Boris Johnson ဆိုရင် နောက်တက်မယ့် ဝန်ကြီးချုပ် နေရာအတွက် အလားအလာရှိသူအဖြစ် ရှုမြင်နေကြပါတယ်။

XS
SM
MD
LG