သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လန်ဒန်မြို့တော်မှာ ဓားနဲ့ထိုး တိုက်ခိုက်မှုဖြစ်ပွား


လန်ဒန်မြို့တော် ဓားထိုးတိုက်ခိုက်မှုဖြစ်။
လန်ဒန်မြို့တော် ဓားထိုးတိုက်ခိုက်မှုဖြစ်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့လယ်မှာ ဗုဒ္ဓဟူးနေ့ညပိုင်းက ဆိုမာလီးယားနွယ်ဖွား အမျိုသားတဦးက ဓားနဲ့ထိုးတိုက်ခိုက်တာကြောင့် အမျိုးသမီးတဦး သေဆုံးပြီး လူ ၅ ယောက်ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်ဟာ အကြမ်းဖက်ဝါဒစွဲ လုပ်ရပ်လို့ဆိုနိုင်တဲ့ အစွန်းရောက်မှုကိုပြတဲ့ သက်သေ အထောက်အထား တစုံတရာ မတွေ့ရဘူးလို့ လန်ဒန် ရဲတပ်ဖွဲ့က ပြောပါတယ်။ စိတ်ဖောက်ပြန်ပြီးတော့ လုပ်သွားပံုံရတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်သူ အသက် ၁၉ နှစ်အရွယ် အမျိုးသားကိုတော့ လန်ဒန်တက္ကသိုလ်အနီးက Russell Square ပန်းခြံမှာ ဓါတ်လိုက်အောင်တို့တဲ့ လျှပ်စစ်ကျင်စက်သေနတ်ကို သုံးပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ဘယ်သူဘယ်ဝါဆိုတာ တရားဝင် မပြောသေးတဲ့ ဒီလူငယ်ကို အနီးအနားက ဆေးရုံတခုမှာ ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပါတယ်။

လန်ဒန်မြို့တော်မှာရှိတဲ့ ဝန်ကြီးချုပ်နေထိုင်တဲ့ Downing လမ်း၊ လွှတ်တော် အဆောက်အဦး အပါအဝင် အထင်ကရ နေရာတွေမှာ သေနတ်ကိုင် ကင်းလှည့်တပ်ဖွဲ့တွေနဲ့ လုံခြုံရေး စောင့်ကြပ်နေတဲ့အကြောင်း လန်ဒန်မြို့တော် ရဲတပ်ဖွဲ့အကြီးအကဲ Bernard Hogan-Howe က ပြောပါတယ်။ ဗြိတိန်က ရဲဝန်ထမ်းအများစုဟာ သေနတ် ကိုင်ဆောင်လေ့မရှိသလို၊ လန်ဒန်မြို့က ရဲအရာရှိ ၃၁,၀၀၀ မှာ အများစုက သေနတ် ကိုင်ဆောင်မထားပါဘူး။

ဒါကြောင့် လန်ဒန်မြို့လမ်းမတွေပေါ်မှာ သေနတ်ကိုင်ရဲတပ်ဖွဲ့တွေ ချထားဖို့ ဆုံးဖြတ်ချက်က ထူးခြားနေပါတယ်။ ဓါးနဲ့ထိုး တိုက်ခိုက်ခံရတဲ့ အသက် ၆၀ အရွယ် အမေရိကန်နိုင်ငံသား အမျိုးသမီးကို အရေးပေါ် ဆေးဝန်ထမ်းတွေက တိုက်ခိုက်ခံရတဲ့နေရာမှာ အသက်ကယ်ဖို့ ကြိုးစားခဲ့ကြပေမဲ့ သိပ်မကြာခင်မှာပဲ သေဆုံးသွားခဲ့ပါတယ်။ တိုက်ခိုက်ခံရသူ တခြား သုံးဦးကတော့ ဒီကနေ့ မနက်ပိုင်းမှာ ဆေးရုံက ပြန်ဆင်းနိုင်ခဲ့ပြီး ကျန်နှစ်ဦးရဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG