သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU က ဗြိတိန်ခွဲထွက်ဖို့ လန်ဒန်မြို့တော်ဝန်လိုလား


လန်ဒန်မြို့တော်ဝန် Boris Johnson
လန်ဒန်မြို့တော်ဝန် Boris Johnson

လန်ဒန်မြို့တော်ဝန် Boris Johnson က ဗြိတိန်နိုင်ငံကို အီးယူ ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ နုတ်ထွက်ဖို့ တောင်းဆိုနေတဲ့ လှုပ်ရှားမှုမှာ သူပါဝင်တော့မယ်လို့ တနင်္ဂနွေနေ့မှာ ကြေညာရင်း ဝန်ကြီးချုပ် David Cameron နဲ့ လမ်းခွဲခဲ့ပါတယ်။

ဗြိတိန်နိုင်ငံရဲ့ အကျော်ကြားဆုံး ပုဂ္ဂိုလ်တွေထဲက တယောက်ဖြစ်တဲ့ Johnson ဟာ သမရိုးကျ နိုင်ငံရေးသမား တယောက်တော့ မဟုတ်ပါဘူး။ သူဟာ ရှေးရိုးအယူရှိတဲ့သူတွေထဲမှာ အခု ၂၈ နိုင်ငံပါဝင်တဲ့ အီးယူအဖွဲ့ထဲ ဗြိတိန်နိုင်ငံ ဆက်နေတာဟာ နိုင်ငံ့အတွက် အကောင်းဆုံးဖြစ်မယ် လို့ မြင်တဲ့ မစ္စတာကင်မရွန်း ရဲ့ သဘောထားကို ဆန့်ကျင်တဲ့ ထိပ်တန်း ကွန်ဆာဗေးတစ် တယောက် ဖြစ်လာတာပါ။ အီးယူကနေ ဗြိတိန် ခွဲထွက်မထွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ဇွန်လ ၂၃ ရက်မှာ ကျင်းပဖို့ မစ္စတာ ကင်မရွန်းက စီစဉ်ထားပါတယ်။

ဗြိတိန်နိုင်ငံကို အီးယူအဖွဲ့ထဲ ဆက်နေဖို့ လိုအပ်တဲ့ သူ့တောင်းဆိုချက်တချို့ကို တခြား ဥရောပခေါင်းဆောင်တွေ ဆီက ဝန်ကြီးချုပ် ကင်မရွန်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ရရှိထားတာပါ။

ဗြိတိန်နိုင်ငံမှာ နေထိုင်တဲ့ အီးယူနိုင်ငံသား အားလုံးအတွက် ညီမျှတဲ့ အကျိုးခံစားခွင့်ပေးရမှာနဲ့ ဗြိတိန်က ယူရိုငွေကြေးကို မသုံးစွဲပေမယ့် ယူရိုငွေသုံး အဖွဲ့ဝင် ၁၉ နိုင်ငံ အတွက် ငွေကြေးအကြပ်အတည်းနဲ့ ကြုံလာရင် ကယ်ထုတ်ပေးဖို့လိုမျိုး သူတို့ မကြိုက်တဲ့ လိုအပ်ချက်တွေအတွက်တော့ ဒီသဘောတူညီချက်က ဗြိတိန်နိုင်ငံကို ကောင်းကောင်း အကာအကွယ်ပေးမှာ ဖြစ်ပါတယ်။

XS
SM
MD
LG