သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ် အမျိုးသမီးမာရသွန် အီသီယိုးပီးယား ဗိုလ်စွဲ


ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ၂၀၁၂ ခုနှစ် အိုလံပစ် အားကစားပြိုင်ပွဲ ပွဲစဉ်တွေကို ဆက်လက် ကျင်းပနေပါတယ်။ အီသီယိုးပီးယား နိုင်ငံက အမျိုးသမီး အပြေးသမား Tiki Gelana ဟာ တနင်္ဂနွေနေ့က လန်ဒန်မြို့မှာ မိုးရွာနေချိန်မှာ ကျင်းပတဲ့ မာရသွန် အပြေးပြိုင်ပွဲမှာ အနိုင်ရပြီး ရွှေတံဆိပ် ဆွတ်ခူးသွားပါတယ်။

ကင်ညာနိုင်ငံက ပရစ်ကာ ဂျပ်တူး (Priscah Jeptoo) က ဒုတိယ ငွေတံဆိပ် နဲ့ ရုရှားနိုင်ငံသူ Tatyana Petrova Arkhipova က ကြေးတံဆိပ် အသီးသီး ရရှိသွားပါတယ်။

အမေရိကန် တင်းနစ် အားကစားမယ် Serena Williams က စနေနေ့မှာ ကျင်းပခဲ့တဲ့ အမျိုးသမီး တဦးချင်းပြိုင်ပွဲမှာ အနိုင်ရပြီး ရွှေတံဆိပ် ဆွတ်ခူးသွားပါတယ်။ Serena နဲ့ Venus ဝီလျှံ ညီအစ်မနှစ်ယောက်ဟာ ချက်နိုင်ငံသူ Andrea Hlavackova နဲ့ Lucie Hradecka တို့ အတွဲနဲ့ ဗိုလ်လုပွဲ ယှဉ်ပြိုင် ကြရဖို့ ရှိပါတယ်။

အမေရိကန် ရေကူးချန်ပီယံ မိုက်ကယ် ဖဲ့လ်ပ်စ် ဟာ စနေနေ့ပြိုင်ပွဲမှာ ရွှေတံဆိပ် နောက်တခု ထပ်မံ ရရှိသွားပြီးတဲ့နောက် ရေကူး အားကစားကနေ အနားယူသွားပြီ ဖြစ်ပါတယ်။ အိုလံပစ်ပြိုင်ပွဲ သုံးကြိမ်အတွင်း ရွှေတံဆိပ် ၁၈ ဆု အပါအဝင် ဆုတံဆိပ်ပေါင်း ၂၂ ခု ရရှိခဲ့ပြီး ဆုအများဆုံး ရရှိတဲ့ အားကစားသမားအဖြစ် စံချိန်တင်ထားပါတယ်။

နာမည်ကြီး အမေရိကန် ဘတ်စကက်ဘော အသင်းကတော့ စနေနေ့တုန်းက လစ်သူဝေးနီးယား နဲ့ ယှဉ်ပြိုင် ကစားခဲ့ရာမှာ ၉၉ - ၉၄ မှတ်နဲ့ အနိုင် ရရှိသွားပါတယ်။

XS
SM
MD
LG