သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လန်ဒန်အိုလံပစ် အမျိုးသမီးဘောပွဲစတင်


လန်ဒန် အိုလံပစ်ပြိုင်ပွဲတွေ ဖွင့်လှစ်ဖို့ ၂ ရက် လိုသေးတယ်ဆိုပေမဲ့ ဘောလုံးပွဲတွေကိုတော့ စတင်လိုက်ပါပြီ။

အမျိုးသမီး ဘောလုံးပွဲတွေကို ဗုဒ္ဓဟူးနေ့မှာ စတင်လိုက်တာဖြစ်ပါတယ်။ ပထမပွဲစဉ်အဖြစ် အိမ်ရှင် ဗြိတိန်နဲ့ နယူးဇီလန်အသင်းတို့ကစားကြပြီး ဂျပန်အသင်းတို့၊ ကနေဒါအသင်းတို့ ယှဉ်ပြိုင်ဖို့ရှိသလို ထိပ်တန်း အမေရိကန်အသင်းနဲ့ ပြင်သစ်အမျိုးသမီးအသင်းတွေ ယှဉ်ပြိုင်ကြမှာဖြစ်သလို ကင်မရွန်နဲ့ ဘရာဇီး၊ ဆွီဒင်နဲ့ တောင်အာဖရိက၊ ကိုလံဘီယာနဲ့ တောင်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်ကြဖို့ ရှိနေပါတယ်။

အိုလံပစ်ပြိုင်ပွဲရဲ့ဖွင့်ပွဲကို သောကြာနေ့မှာ ပြုလုပ်မှာဖြစ်ပြီး ပြိုင်ပွဲတွေကို သြဂုတ်လ ၁၂ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲ ၂၆ မျိုးအတွက် နိုင်ငံပေါင်းစုံက အားကစားသမား တသောင်းကျော် ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်ခင်ဗျာ။
XS
SM
MD
LG