သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခြိမ်းခြောက်မှုကြောင့် Los Angeles ကျောင်းများ ပိတ်


 Los Angeles မြို့က အထက်တန်းကျောင်းတကျောင်း။
Los Angeles မြို့က အထက်တန်းကျောင်းတကျောင်း။

အမေရိကန် ပြည်ထောင်စု အနောက်ဘက်ခြမ်း ကယ်လီဖိုးနီးယား ပြည်နယ် Los Angeles မြို့ က အစိုးရကျောင်းမှာ ဗုံးဖောက်ခွဲ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်မှု တခု ရရှိလို့ အစိုးရကျောင်းတွေ အားလုံးကို ပိတ်ထားပါတယ်။ လတ်တလော ဘာဖြစ်ခဲ့သလဲ အရင်တုန်းက ဘာဖြစ်ခဲ့သလဲ ဆိုတာကို အခြေခံပြီး ကြိုတင်ကာကွယ်ထားဖို့ အရေးကြီးပါတယ် လို့ Los Angeles မြို့ရဲ့ အစိုးရကျောင်းများ အုပ်ချုပ်ရေးမှူး Ramon Cortines က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို FBI ကို အသိပေးထားပြီး ဖြစ်သလို ဒီခြိမ်းခြောက်မှုကိုလည်း သုံးသပ်စစ်ဆေး နေတယ် လို့လည်း သူက ပြောပါတယ်။ ဒီကနေ့ အင်္ဂါနေ့ မနက် ကျောင်းကို ရောက် ရှိနေကြတဲ့ ကျောင်းသူ ကျောင်းသား အားလုံးကိုလည်း အိမ်ကို ပြန်လွှတ်တယ်လို့ အာဏာပိုင်တို့က ပြောပါတယ်။ ဒီကနေ့ Los Angeles တမြို့လုံးရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုပါတယ်လို့ ကျောင်း ဘုတ် အဖွဲ့ရဲ့ အကြီးအကဲ Steve Zimmer က ပြောပါတယ် ။

ကျောင်းတွေ လုံခြုံရေး အတွက် မိသားစုတွေရော အိမ်နီးချင်းတွေရော ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း နှိုးဆော်ထားပါတယ်။ Los Angelesမြို့ က အစိုးရ ကျောင်းပေါင်း ၉၀၀ ကျော်မှာ တက်ရောက်နေတဲ့ သူငယ်တန်းကနေ ၁၂ တန်း အထိ ပညာသင်ယူနေတဲ့ ကျောင်းသား ကျောင်းသူ ပေါင်း ၆ သိန်း ၄ သောင်း ကျော် ရှိနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG