သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Los Angeles ကျောင်းများပိတ်ခဲ့စေသည့် ခြိမ်းခြောက်စာ နောက်ပြောင်မှုဖြစ်


California ပြည်နယ် Los Angeles မြို့မှာရှိတဲ့ အစိုးရကျောင်းတွေ အင်္ဂါနေ့က ပိတ်ပစ်ခဲ့ရတဲ့ အကြမ်းဖက်တိုက်ခိုက်မယ့် ခြိမ်းခြောက်မှုဟာ နောက်ပြောင်မှု ဖြစ် တယ်လို့ အမေရိကန် အောက်လွှတ်တော် အမတ်တဦးက ပြောလိုက်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ကနဦး တွေ့ရှိချက်အရ ခြိမ်းခြောက်တဲ့ အီးမေးလ် ၃ စောင်ဟာ မြို့ကြီးတွေမှာရှိတဲ့ စာသင်ကျောင်းတွေကို အနှောင့်အယှက် ပေးလိုလို့ လုပ်ပုံရတယ်လို့ Los Angeles မြို့ ဆင်ခြေဖုန်းဒေသရဲ့ ဒီမိုကရက် အောက်လွှတ်တော်အမတ် Adam Schiff က သူ့ရဲ့ Twitter လူမှုကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။

ပေးပို့တဲ့ ခြိမ်းခြောက်စာထဲမှာ ရိုင်ဖယ်သေနတ်တွေ၊ စက်သေနတ်တွေ ဗုံးတွေ အသုံးပြုပြီး ကျောင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်မှုတွေ ပြုလုပ်မယ်လို့ ရေးသားထားတာပါ။

New York မြို့မှာရှိတဲ့ ကျောင်းတွေမှာလည်း အလားတူ ခြိမ်းခြောက်စာတွေ အင်္ဂါနေ့က ရရှိခဲ့ပေမဲ့ ဒါဟာ နောက်ပြောင်မှု ဖြစ်တယ်လို့ ချက်ခြင်းနီးပါး ဆုံးဖြတ်ချက်ချခဲ့ပြီး ကျောင်းတွေကို ဆက်ဖွင့်စေခဲ့တာ ဖြစ်ပါတယ်။ New York မြို့တော်ဝန် Bill de Blasio က ဒီခြိမ်းခြောက်စာဟာ ခိုင်လုံမှု မရှိဘူးလို့ ပြောလိုက်ပါတယ်။

ဒါပေမဲ့ Los Angeles မြို့ အာဏာပိုင်တွေကတော့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို အားကျသူတွေရဲ့ တိုက်ခိုက်မှုကြောင့် San Bernardino မြို့မှာ လူ ၁၄ ယောက် သေဆုံးခဲ့ရပြီး သီတင်း ၂ ပတ်အကြာမှာ ပေါ်ပေါက်လာတဲ့ အခု ခြိမ်းခြောက်မှုဟာ ခိုင်လုံတဲ့ ခြိမ်းခြောက်မှု ဖြစ်တယ်လို့ ပြောပါတယ်။

XS
SM
MD
LG