သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဝန်ကြီးချုပ်ရဲ့ ပါတီ ဘီဟာပြည်နယ်မှာ ရှုံးနိမ့်


ဘီဟာပြည်နယ်ဝန်ကြီးချုပ် Nitish Kumar, c
ဘီဟာပြည်နယ်ဝန်ကြီးချုပ် Nitish Kumar, c

တနင်္ဂနွေနေ့က အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီရဲ့ ပါတီဟာ အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံးပြည်နယ်တစ်ခုဖြစ်တဲ့ ဘီဟာပြည်နယ်ရဲ့ ပါလီမန် ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားခဲ့ပါတယ်။ ဒါဟာ လက်ရှိ ဝန်ကြီးချုပ်အတွက် ကြီးမားတဲ့ အတားအဆီးတစ်ခုဖြစ်လာတာပါ။

NDTV ရုပ်သံက ထုတ်လွှင့်သွားတဲ့ တရားဝင်မဟုတ်သေးတဲ့ မဲစာရင်းတွေအရ ဟိန္ဒူတွေစိုးမိုးထားတဲ့ မိုဒီရဲ့ဘီဂျေပီပါတီဟာ ပြည်နယ်ရဲ့ လွှတ်တော် အမတ် ၂၄၃ နေရာအနက် ၆၁ နေရာပဲ အနိုင်ရပြီး ကျန် ပြိုင်ဘက်ပါတီတွေ ပေါင်းစည်းထားတဲ့ မဟာမိတ်အဖွဲ့ကတော့ အမတ်နေရာ ၁၇၆ နေရာရပြီး ဦးဆောင်နေပါတယ်။

ဝန်ကြီးချုပ်မိုဒီဟာ ပြိုင်ဘက် မဟာမိတ်ပါတီတွေရဲ့ခေါင်းဆောင် ဘီဟာ ပြည်နယ်ဝန်ကြီး Nitish Kumar ကို ဖုန်းဆက်ပြီး ဂုဏ်ပြုစကား ပြောခဲ့တယ်လို့ သူ့ရဲ့ တွစ်တာအကောင့်မှာ ရေးသားခဲ့ပါတယ။်

လူဦးရေ သန်း ၁၀၀ ကျော်ရှိပြီး ဂျာမနီနိုင်ငံထက် လူဦးရေပိုများတဲ့ ဘီဟာပြည်နယ်ရွေးကောက်ပွဲမှာ လူမျိုးရေးဟာ အဓိကကျတဲ့ အဆုံးအဖြတ်ဖြစ်သလို ဘာသာရေးနဲ့ ဇာတ်အနိမ့်အမြင့်ကလည်း အရေးပါတဲ့ အချက်တွေဖြစ်ခဲ့ပါတယ်။

ဒါဟာ BJP ပါတီအတွက်တော့ ဒီနှစ်အစောပိုင်းက နယူးဒေလီပြည်နယ် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ဒုတိယမြောက် ရှုံးပွဲ ရင်ဆိုင်ရတာဖြစ်ပါတယ်။

XS
SM
MD
LG