သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တောင်ပိုင်းမှာ မိုးသည်း ရေကြီးမှုကြောင့် သေဆုံးမှုတွေရှိ


Louisiana ပြည်နယ်မှာ ရေကြီးနေ
Louisiana ပြည်နယ်မှာ ရေကြီးနေ

အမေရိကန်ပြည်ထောင်စု တောင်ပိုင်း ပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းနေ တာကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူး John Bel Edwards က စနေနေ့မှာ အရေးပေါ် အခြေအနေကို ကြေညာလိုက်ပါတယ်။

Louisiana ပြည်နယ်တောင်ပိုင်း ဆိုးဆိုးရွားရွား ရေကြီးနေထဲ့ ဒေသတွေထဲမှာ New Orleans မြို့လည်း ပါဝင်တာပါ။ လူသေ အလောင်း၂ခုကို ရေထဲက ဆယ်ယူ ခဲ့ရပြီး၊ စနေ နေ့လည်ပိုင်းအထိ လူပေါင်း တထောင်ကျော်ကို ကယ်ဆယ်ခဲ့ရတယ်လို့ National Guard အဖွဲ့က ပြောပါတယ်။

ပြည်နယ်ထဲက နေရာအတော်များများ တနင်္ဂနွေနေ့ထိ ဆက်ပြီးရေကြီးနိုင်ခြေ ရှိနေ ပါတယ်။ တောင်ပိုင်း Mississippi နဲ့ Alabama ပြည်နယ် တွေမှာလဲ မုန်တိုင်းအသွင် နဲ့ မိုးသည်းထန်စွာ ရွာနေပြီး ၊ အဲဒီဒေသတခုလုံး မိုးဆက်ကြီးနိုင်ပါတယ်။

ရေတက်မြန်တာကြောင့် ကားတွေအပါအဝင် (၁၈) ဘီးတပ် ထရပ်ကားတစီးတို့ ကို ရေအားနဲ့ အဝေးပြေးလမ်းမပေါ်ကနေ လမ်းဘေးကို ထွက်သွားတဲ့ အထိ ဖြစ် သွား ခဲ့တဲ့အတွက် ဒေသခံ အများအပြားကို သူတို့အိမ်တွေကနေ အမြန် ရွေ့ပြောင်း ဖို့အတွက် အရေးပေါ် စီစဉ်လိုက်ရပါတယ်။ Louisiana မြို့တော် Baton Rouge နားမှာ ကယ်ဆယ်ဖို့ စောင့်နေကြတဲ့ လူ (၁၅၀) ကို အမြန် ကယ်ဆယ်နိုင်ရေး စီစဉ်နေတယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။

အမေရိကန်တောင်ပိုင်းမှာ မိုးသည်း ရေကြီးမှုကြောင့် သေဆုံးမှုတွေရှိ
please wait

No media source currently available

0:00 0:00:35 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG