သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘရာဇီးသမ္မတအပေါ် အယုံအကြည်မရှိအဆို အောက်လွှတ်တော်အတည်ပြု


အောက်လွှတ်တော်အမတ်များ
အောက်လွှတ်တော်အမတ်များ

ဘရာဇီးလ်နိုင်ငံမှာ သမ္မတ Dilma Rousseff က သူ့ကို တရားစွဲဆိုရေးလုပ်ငန်းစဉ် စတင်လိုက်တာအပေါ် ဒီကနေ့ တံ့ုပြန်ချက်ပေးဖို့ရှိပါတယ်။

သမ္မတ Rousseff ကို တရားစွဲမစွဲ ဆုံးဖြတ်ပေးမယ့် အထက်လွှတ်တော်ကို တင်နိုင်ဖို့ အောက်လွှတ်တော်အမတ်တွေ တနင်္ဂနွေနေ့ညပိုင်းက မဲခွဲခဲ့ကြတာပါ။ အောက်လွှတ်တော်မှာ အမတ် ၅၁၃ ဦးက တဦးချင်းစီ မတ်တပ်ရပ်ပြီး မိုက်ကရိုဖုန်းကနေ သူတို့ရဲ့ မဲကို ကြေညာတော့ ကျန်တဲ့သူတွေက ထောက်ခံသံ၊ တခါ ရှုံ့ချသံတွေနဲ့ မျိုးစုံ သြဘာပေးခဲ့ကြပါတယ်။

ဒီလုပ်ငန်းစဉ်စနိုင်အောင် လိုအပ်တဲ့ မဲအများစုအရေအတွက်အဖြစ် ထောက်ခံမဲ ၃၄၂ မဲ ရရှိဖို့ ၅ နာရီ ကြာ မဲပေးခဲ့ကြရပါတယ်။ အဲဒီ ၃၄၂ မဲ ရရှိသွားတဲ့အခါမှာတော့ ထောက်ခံသူတွေက ဝမ်းပန်းတသာ သြဘာပေးခဲ့ကြတာပါ။ နောက်ဆုံးမဲရလဒ်ကတော့ ထောက်ခံမဲ ၃၆၇ မဲနဲ့ ကန့်ကွက်မဲ ၁၃၇ မဲ ဖြစ်ပါတယ်။ ဒီလို မဲ ၃ပုံ ၂ ပုံ မဲအများစုရရှိခဲ့လို့ လွှတ်တော်အပြင်ဖက်မှာ စုဝေးနေကြတဲ့ အတိုက်အခံ လူအုပ်ကြီးကလည်း တေးဂီတတွေ အကအခုန်တွေနဲ့ ပျော်ရွှင်အော်ဟစ် အောင်ပွဲခံခဲ့ကြပါတယ်။

အဲဒီလူတွေနဲ့ သံစည်းကြိုးခြားထားတဲ့ တဘက်မှာ သမ္မတ Rousseff ကို ထောက်ခံသူ လူမနည်းလှတဲ့ အုပ်စုကြီးကတော့ တချို့တွေဆို မျက်ရည်ကျတဲ့အထိ စိတ်ထိခိုက်ခံစားရတာ တွေ့ရပါတယ်။

XS
SM
MD
LG